”ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ၀ဘ်ဆိုက် လွှင့်တင်တော့မယ်”

”ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ၀ဘ်ဆိုက် လွှင့်တင်တော့မယ်”
June 7, 2017 Asian Fame

5:47 pm
”ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ၀ဘ်ဆိုက် လွှင့်တင်တော့မယ်”

website(ရန်ကုန်၊ ဇွန် ၇ )

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ဆောင်ရွက်ချက် များကို ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ဖို့ အတွက် လွှတ်တော် ၀ဘ်ဆိုက် လွှင့်တင်သွားမယ် လို့ ဝဘ်ဆိုက်ကြီးကြပ်ရေး ကော်မတီကပြောပါတယ်။

အဆိုပါ ၀ဘ်ဆိုက်ကို ပြန်လည် စတင်မယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ပဉ္စမ ပုံမှန် အစည်းအဝေး မတိုင်ခင် ဇူလိုင်လဆန်း ခန့် မှာ လွှင့်တင် သွားမှာဖြစ်တယ်လို့ ယင်းကော် မတီရဲ့ ဒုတိယ ခေါင်းဆောင်ဖြစ်သူ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကပြောပါတယ်။ ” လွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဘာတွေလုပ်နေလဲ လွှတ်တော်ပြင်ပမှာရော ဘာတွေ ဆောင်ရွက်နေလဲ ဆိုတာတွေကို တိုင်းဒေသကြီး အတွင်းက ပြည်သူတွေက သိပ်မသိဘူး။ ဒါကြောင့်မို့  အချိန်နဲ့ တစ်ပြေးညီ သိနိုင်အောင်ပါ။ ပြီးတော့ အရင်လွှတ်တော် အစည်းအဝေး တွေတုန်းက လုပ်ဆောင်ချက်တွေ ကိုပါ ပြန်လည် ကြည့်ရှုနိုင်အောင် အခုလိုဆောင်ရွက်တာ ပါ။” လို့ ၎င်းကပြောပါတယ်။ လွှင့်တင်မယ့် ၀ဘ်ဆိုက်မှာ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ရဲ့ ပြီးခဲ့တဲ့ ပုံမှန်အစည်း အ ဝေး(၄)ခုက မေးမြန်းခဲ့ တဲ့ မေးခွန်းများနဲ့ ဖြေကြား ချက်များကိုပါ ပြန် လည်ဖော်ပြပေးထား မှာဖြစ်ပြီး ပြီ်းခဲ့တဲ့ အစိုးရလက်ထက်မှ ၅ နှစ်တာ ဆောင်ရွက်ချက် များကို ဆက်လက်ဖော် ပြ သွားမယ် လို့ ဦးနေဘုန်းလတ် ကပြောပါတယ်။ ဒါပေမဲ့ လွှတ်တော် စတင်မယ့်ရက်၊ ကိုယ်စားလှယ် များမေးမြန်းထားသော မေးခွန်းများ ၊ပြ န်လည် ဖြေကြားမည့်ရက်စသည့် လွှတ်တော်ပြက္ခဒိန်ကိုမူ ထည့်သွင်း ဖော်ပြနိုင်ခြင်းမရှိေ သးကြောင်းနဲ့  ၀ဘ်ဆိုက် လွှင့်တင်ရန် သိန်း ၅၀ အောက် ဘတ်ဂျတ် ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်သူ့ လွှတ်တော် ၊အမျိုးသားလွှတ်တော် ၊ပြည်ထောင်စု လွှတ်တော်နဲ့ အခြား သော တိုင်းဒေသကြီး အချို့ က လွှတ်တော် များမှာ ၀ဘ်ဆိုက် လွှင့်တင်ထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*