NLD အစိုးရ လက်ထက် လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ဖို့ ငွေပမာဏ ပိုရတော့မှာလား

NLD အစိုးရ လက်ထက် လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ဖို့ ငွေပမာဏ ပိုရတော့မှာလား
June 6, 2017 Asian Fame

4:04 pm
NLD အစိုးရ လက်ထက် လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ဖို့ ငွေပမာဏ ပိုရတော့မှာလား

977148_n

နေပြည်တော် ၊ ဇွန် ၆

ပြည်ထောင်စုလွတ်တော်ကချထားပေးတဲ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ဟာ ဒေသဖွံ့ဖြိုးရေး တွေ လုပ်ရာမှာ လုံလောက်မှု မရှိတဲ့အတွက် ထိရောက်မှု မရှိဘူး လို့ NLD ပြည်ထောင်စု လွတ်တော် ကိုယ်စားလှယ် အချို့က ဒီကနေ့မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရ လက်ထက်က စပြီး နိုင်ငံတော်က လွတ်တော်ကိုယ်စားလှယ်တွေဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အတွက် ဆိုပြီး နှစ်စဉ် တစ်မြို့နယ်ကို ငွေကျပ် သိန်း၁၀၀၀ စီချထားပေးခဲ့တာပါ။ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီကသွားရေးလာရေးခက်ခဲတဲ့ မဲဆန္ဒနယ်တွေမှာဆိုရင် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခအတွက် ပေးရတဲ့ငွေတွေဟာ များနေတယ်၊ဒါ့ကြောင့် ဒေသ ဖွံဖြိုးရေး တစ်ခုလုပ်မယ် ဆိုရင် ခရီးစရိတ်ကိုပါ ထည့်တွက် နေရတယ်လို့ ပြောပါတယ်။

1883

“တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသနဲ့ မတူဘူး ၊ သွားရေးလာရေးစရိတ် ၊ ခရီးစရိတ် ၊ ကုန်ပစ္စည်း စီးဆင်းမှုတွေမှာ ကွာသွားတော့ ငွေ မလောက်ဘူး”လို့ သူမကဆိုပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး ကလေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမူ (ခ) ဒေါ်ရှားမီး က လူဦးရေ ထူထပ်မှုအလိုက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို တိုးမြှင့်ချပေးသင့်တယ်လို့ ပြောပါတယ်။

“ကျွန်မမဲဆန္ဒနယ်မှာ လူဦးရေက သုံးသိန်းကျော်ရှိတယ် ၊ ရွာအားဖြင့်လည်း ၁၅၀ကျော်ရှိတယ် ၊ ရွာတိုင်းလိုလိုက လိုအပ်ချက်တွေဖြစ်နေတယ် ၊ အဲဒီတော့ သိန်း၁၀၀၀နဲ့ လုပ်ဆောင်ရတာ ခက်ခဲတယ်”လို့ ပြောပါတယ်။ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမဲဆန္ဒနယ်ကိုယ်စားလှယ် ဦးသိန်းထွန်းကတော့ ကိုယ်စားလှယ်တွေ သိန်း ၁၀၀၀ချပေးတာနဲ့ပတ်သက်ပြီး လုပ်ငန်းများလုပ်ရာတွင် မအောင်မြင်နိုင်ဘူးလို့ဆိုပါတယ်။

18

“ဘာဖြစ်လို့လည်းဆိုတော့ တချို့ဒေသတွေက သဘာဝဘေးအန္တရယ်တွေရှိတယ် ၊ ဒီသိန်း ၁၀၀၀နဲ့ ဘယ်လိုမှ အောင်မြင်အောင်မလုပ်နိုင်လောက်ဘူး ၊ ပြည်ထောင်စု လွတ်တော်အနေနဲ့ ပြန်လည်သုံးသပ်ပေးစေချင်ပါတယ်၊”လို့သူကဆိုပါတယ်။ဒါဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ဖို့ ချထားပေးတဲ့ ငွေပမာဏ ဟာ ပိုတိုးလာတော့မှာလား။ဒါမှ မဟုတ် ခုအတိုင်းပဲ ဆက်ရှိနေမှာလား ဆိုတာ စောင့်ကြည့် ရတော့မှာ ဖြစ်ပါတယ်။

SLM

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*