သတင်းလွတ်လပ်ခွင့်ကို ထိပါးနေတဲ့ ၆၆ ဃ နဲ့ အခြား ပုဒ်မတွေကို ပြင်ဆင် ဖျက်သိမ်းဖို့ သတင်းမီဒီယာသမားများ စုပေါင်းတောင်းဆို

သတင်းလွတ်လပ်ခွင့်ကို ထိပါးနေတဲ့ ၆၆ ဃ နဲ့ အခြား ပုဒ်မတွေကို ပြင်ဆင် ဖျက်သိမ်းဖို့ သတင်းမီဒီယာသမားများ စုပေါင်းတောင်းဆို
June 6, 2017 Asian Fame

3:48 pm
သတင်းလွတ်လပ်ခွင့်ကို ထိပါးနေတဲ့ ၆၆ ဃ နဲ့ အခြား ပုဒ်မတွေကို ပြင်ဆင် ဖျက်သိမ်းဖို့ သတင်းမီဒီယာသမားများ စုပေါင်းတောင်းဆို

18813173_827612467385738_2562487710426540724_n(ရန်ကုန် ဇွန် ၆ )

သတင်း လွတ်လပ်ခွင့်ကို ထိခိုက်စေတဲ့ ၆၆ ဃ အပါအ၀င် အခြားသော ဥပဒေပုဒ်မများကို ဖျက်သိမ်းပေးဖို့ နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားတဲ့ အမှုတွေ ကိုပြန်ရုတ်သိမ်းပေးဖို့ သတင်း မီဒီယာသမားတွေက အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေ ကို တောင်းဆို သွားမှာဖြစ်ပါတယ်။

ဒီလိုတောင်းဆိုကြဖို့ သတင်း မီဒီယာသမားတွေဟာ ရန်ကုန်မြို့ က Orchid ဟိုတယ်မှာ အ စည်းအဝေး တစ်ရပ်ကို ဇွန်လ ၆ ရက်နေ့ က ကျင်းပခဲ့ပြီး မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီတစ်ရပ် ကိုဖွဲ့  စည်းခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ဇွန်လ ၈ ရက်နေ့ မှာလည်း မန္တလေးမြို့နဲ့ ရန်ကုန်မြို့ တို့ မှာ ပုဒ်မ ၆၆ ဃ ကို ဆန့် ကျင်ကန့် ကွက်ကြောင်း လှုပ်ရှား မှုတွေကိုပြုလုပ်သွားမယ်လို့ယင်းဦးဆောင် ကော်မတီကပြောပါတယ်။

လက်ရှိ ဆက်သွယ်ရေးပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာ ချုပ် ဦးကျော်မင်းဆွေ နဲ့ ကျည်ထောင်စုသစ္စာ သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင် တို့ ကို ထောက်ခံကြောင်း လှုပ်ရှားမှုတစ်ရပ်ကိုလည်း ဇွန်လ ၈ ရက်နေ့ မှာ ပြုလုပ်သွားမှာပါ။
”သတင်း လွတ်လပ်ခွင့်ရှိရမည်” စာသားပါ လက်ပတ်ဖြူများကို ဇွန်လ ၈ ရက်နေ့မှစတင်၍ ၁၀ ရက်တိတ အဲ့ဒီလက်ပတ်တွေကို ၀တ်ဆင်ကြမယ်လို့ လည်းသိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*