လာဘ်ယူ၍ ဘဏ်ချေးငွေ ထောက်ခံစာပေးသည့် ဟိုတယ်ခရီး အတွင်းဝန် ကိစ္စ ၀န်ကြီးဌာနဘက်မှ သတင်း ထုတ်ပြန်မည်

လာဘ်ယူ၍ ဘဏ်ချေးငွေ ထောက်ခံစာပေးသည့် ဟိုတယ်ခရီး အတွင်းဝန် ကိစ္စ ၀န်ကြီးဌာနဘက်မှ သတင်း ထုတ်ပြန်မည်
June 5, 2017 Asian Fame

6:04 pm
လာဘ်ယူ၍ ဘဏ်ချေးငွေ ထောက်ခံစာပေးသည့် ဟိုတယ်ခရီး အတွင်းဝန် ကိစ္စ ၀န်ကြီးဌာနဘက်မှ သတင်း ထုတ်ပြန်မည်

(ရန်ကုန် -မေ ၅)

ဘဏ်ချေးငွေအတွက် ထောက်ခံပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန်က လာဘ်ယူခဲ့သည် ဆိုသည့် ကိစ္စနှင့် ပတ်သတ်၍ ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည် ။

“အဲဒီကိစ္စနဲ့ပတ်သတ်ပြီး အစိုးရက ၀န်ကြီးဌာနကို စုံစမ်းစစ်ဆေးမှု ၀င်ပြီးပါပြီ ။အားလုံး clear ပါ ၊မကြာခင်မှာ သတင်း ထုတ်ပြန်ချက် ထုတ်မှာပါ “ဟု ဟိုတယ်/ ခရီး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည် ။

The National Trading ကုမ္ပဏီက ပြင်ဦးလွင်ရှိ နန်းမြိုင် ဟိုတယ်အား ၀န်ကြီးဌာနထံမှ ငှားရမ်းလုပ်ကိုင် လျက်ရှိပြီး အဆိုပါ ဟိုတယ်ဝန်း အတွင်း Tourism Park တစ်ခုတည်ထောင်ကာ လုပ်ငန်းများ ချဲ့ထွင်ရန် အတွက်ဘဏ် ချေးငွေရယူရန် အမြဲတမ်း အတွင်းဝန် ကိုထောက်ခံခိုင်းခဲ့ကြောင်း ၊ ထိုသို့ထောက်ခံစာ ရရေးအတွက် အမြဲတမ်း အတွင်းဝန် ဦးရည်မွန်က ငွေကျပ် သိန်းတစ်ရာ
တောင်းခဲ့သဖြင့် ဘဏ်ချေးငွေရရေး မလွှဲမရှောင်သာပေးခဲ့ ရကြောင်း The National Trading ဒါရိုက်တာ ဦးဌေးအောင်၏
တိုင်ကြားစာ အရသိရသည် ။

ထောက်ခံစာကို ယမန်နှစ် ဇန်န၀ါရီ ၂၀ တွင် ရရှိခဲ့ကြောင်း ၊ယခုအခါ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် နန်းမြိုင်ဟိုတယ် review ပြုလုပ်ရေး ကိစ္စများကို အမြဲတမ်း အတွင်းဝန်က ဦးဆောင်၍ ညှိနိုင်း ဆောင်ရွက်ပေးရာတွင် အနိုင်ကျင့်ပြောဆိုမှုများ ၊ ဆုံးဖြတ်ချက် များ ပြုလုပ်လျက် ရှိခြင်းကြောင့် မခံနိုင်သည့် အဆုံး တိုင်ကြားရခြင်းဖြစ်ကြောင်း ဦးဌေးအောင်၏
တိုင်ကြားစာ တွင်ဖော်ပြထားသည် ။

ဦးဌေးအောင်က နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စု ၀န်ကြီးထံသို့လိပ်မူ၍ ယခုနှစ် မတ်လ ၁၄ ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည် ။

MZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*