အိန္ဒိယဘက်တွင် နယ်စပ် ကုန်သွယ်ရေး စခန်းသစ်ဖွင့်လှစ်ရန် မြန်မာကမ်းလှမ်း

အိန္ဒိယဘက်တွင် နယ်စပ် ကုန်သွယ်ရေး စခန်းသစ်ဖွင့်လှစ်ရန် မြန်မာကမ်းလှမ်း
June 1, 2017 Asian Fame

11:34 am
အိန္ဒိယဘက်တွင် နယ်စပ် ကုန်သွယ်ရေး စခန်းသစ်ဖွင့်လှစ်ရန် မြန်မာကမ်းလှမ်း

(နေပြည်တော်၊ မေ ၃ဝ)

မြန်မာနိုင်ငံနှင့် အိန္ဒိယနှစ်နိုင်ငံ အကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရန် အတွက်  အိန္ဒိယတွင် ကုန် သွယ်ရေးစခန်း တစ်ခု ဖွင့်လှစ်ရန်  တောင်းဆိုထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

”မြန်မာနိုင်ငံ ထန်တလန်မြို့ မှာ နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခု ဖွင့်လှစ် ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အိန္ဒိယ နယ်နိုင်ငံ မီဇိုရမ်ပြည်နယ်၊ ပန်ခွာမှာနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ဖို့ အိန္ဒိယအစိုးရကို တောင်းဆို ထားပါတယ်”ဟု ၄င်းကပြောသည်။

မေလ ၃ဝရက်နေ့က ကျင်းပသော ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ မှ ဦးမောင်မောင်လတ် ၏ ”မြန်မာ-အိန္ဒိယ  နယ်စပ် ကုန်သွယ်ရေး အခြေအနေ ကို ပြန်လည် သုံးသပ်ပြီး မူဝါဒ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရေး အိန္ဒိယ အစိုးရ နှင့် ဆွေးနွေးညှိနှိုင်းရန် အစီအစဉ်ရှိ၊ မရှိ”မေးခွန်းကို ဒုတိယ ဝန်ကြီး က အထက်ပါအတိုင်း ဖြေကြားခဲ့ ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ နှင့် အိန္ဒိနိုင်ငံတို့ အကြားကုန်သွယ် မှုတိုးမြှင့်နိုင်ရန် အတွက် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲကော်မတီ အ စည်းအဝေးများ၊ နယ်စပ် ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေးများ၊ နယ်စပ်ဈေးပူးတွဲ ကော်မတီ အစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိသည်ဟု ပြောသည်။

ထို့အပြင် ယခုနှစ်ဇွန်လ အတွင်း အိန္ဒိယနိုင်ငံ နယူးဒေ လီမြို့တွင် ကျင်းပမည့် မြန်မာ – အိန္ဒိယ ကုန်သွယ်ရေး ပူးတွဲ ကော်မတီ အစည်းအဝေးတွင် နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်နိုင်ရန်  ဆွေး နွေးသွားမည်ဟု ¤င်းကဆိုသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့အကြား ကုန်သွယ်မှု တိုးမြှင့်ရန် အတွက် နယ်စပ်ဒေသများတွင် နယ်စပ် ဈေးများ ဖွင့်လှစ်ရန် အိန္ဒိယ ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့လာစဉ် သဘောတူ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း သိရသည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*