အခုဖြစ်နေတာက နိုင်ငံခြားမုန့်တွေကိုပဲ အစားအစာလို့ထင်ကြပြီးတော့ ဗမာမုန့်ကိုစားရကောင်းမှန်းမသိ ဖြစ်နေပါတယ်

အခုဖြစ်နေတာက နိုင်ငံခြားမုန့်တွေကိုပဲ အစားအစာလို့ထင်ကြပြီးတော့ ဗမာမုန့်ကိုစားရကောင်းမှန်းမသိ ဖြစ်နေပါတယ်
June 1, 2017 Asian Fame

5:23 pm
အခုဖြစ်နေတာက နိုင်ငံခြားမုန့်တွေကိုပဲ အစားအစာလို့ထင်ကြပြီးတော့ ဗမာမုန့်ကိုစားရကောင်းမှန်းမသိ ဖြစ်နေပါတယ်

Health

မကြာမီ အခြေခံပညာကျောင်းများ ဖွင့်တော့မည်ဖြစ်သည်။ ကျောင်းကျန်းမာရေး၊ ကလေးများ အစားအသောက်နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် စည်ပင်ကျန်းမာရေး ဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာဟောပြောပွဲများပြုလုပ်ခြင်း၊ မုန့်ဈေးတန်း များအား စစ်ဆေးခြင်း၊ ဈေးသည်များအား အသိပညာပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။ သို့ဖြစ်ရာ ယခုနှစ်ကျောင်းဖွင့်ရာသီအတွင်း လုပ်ဆောင်သွားမည့် ကျောင်းကျန်းမာရေးလုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကျန်းမာရေးဌာနမှ ခေတ္တဌာနမှူး ဒေါက်တာသန်းသန်းလွင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ကျောင်းဖွင့်ချိန်လည်း ရောက်လာ ပြီဆိုတော့ စည်ပင် ကျန်းမာရေး ဌာနအနေနဲ့ ဒီနှစ်မှာ ကျောင်း ကျန်းမာရေးအတွက် ဘာတွေလုပ် ဆောင်သွားဖို့ရှိပါသလဲခင်ဗျ။

ကျောင်းမဖွင့်ခင် သွေးလွန်တုပ်ကွေးကာကွယ်ရေး အဓိကထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာက မိုးဦးကာလမှာတောင် သွေးလွန်တုပ်ကွေး အဖြစ်များနေတာကို တွေ့ရပါ တယ်။ မေလလောက်မှာတောင် တစ်ထောင်ကျော်လောက် ဖြစ်ပွား ပြီး ငါးဦးလောက် သေဆုံးနေတာကိုတွေ့ ရပါတယ်။ မနှစ်က နှစ်ဝက် လောက်မှာဖြစ်တဲ့ဟာ အခုစောပြီး ဖြစ်နေပါတယ်။ အဖြစ်များမယ်လို့ ယူဆပြီး ကျောင်းတွေကို မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနဲ့ စည်ပင်ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီးတော့ လုပ်ပါတယ်။ မနှစ်ကတော့ ကျောင်းဦးစီးကနေ ဆေးမှုတ်တာ ၅၁၈ ကျောင်း၊ စည်ပင်ကနေ မှုတ်တာကတော့ ၄၇၄ ကျောင်းကို ဆေးတွေမှုတ် ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အဲဒါ ထက် များချင်လည်းများမှာ ဖြစ်တယ်။ အထူးသဖြင့်တော့ ကျောင်း မဖွင့်မီ ကလေးတွေနေတဲ့ မူလ တန်းဆောင်တွေ၊ ဘုန်းတော်ကြီး စာသင်ကျောင်းတွေကို အဓိက ထားပါတယ်။ မူကြိုကျောင်းမှာဆိုရင်တော့ ခန်းဆီးလိုက်ကာတွေ၊ ခြင်ထောင်တွေကို ဆေးစိမ်ပေးပါ တယ်။ ဒါတွေကတော့ ကလေးတွေ ရဲ့ သွေးလွန်တုပ်ကွေးအတွက် ကြို တင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဖြစ်များတဲ့ မြို့ နယ်တွေမှာ လောက်လန်း သေစေတဲ့ ဆေးတွေနဲ့ လုပ်ဆောင်ပေးပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ကာ ကွယ်ရေးအပြင် ကျောင်းကျန်းမာရေးအတွက် တခြားဘာတွေ လုပ်ဖို့ ရှိပါသလဲခင်ဗျ။

အစားအသောက်ဘေး အန္တ ရာယ်ကင်းရှင်းရေးအတွက် ကျောင်း မုန့်ဈေးတန်းတွေကို စစ်ပါမယ်။ ပညာပေးတွေလုပ်ပါမယ်။ ကျောင်း စဖွင့်တာနဲ့ သူတို့တွေရဲ့ မုန့်ဈေး တန်းကို စပြီးစစ်ဆေးလို့တော့ မရ သေးပါဘူး။ ရောင်းချတဲ့နေရာ တွေအပြောင်းအလဲ ရှိတာကြောင့် ဖြစ်ပါတယ်။ ကျောင်းအပ်နှံတဲ့အခါ ကုန်ကျစရိတ်တွေရှိပါတယ်။ ဈေး သည်ကလည်း သိပ် မရောင်း ကောင်းဘူးဆိုတော့ အစ်မတို့က အခကြေးငွေ မပါဘဲ ပြုပြင်တဲ့အချက်အလက်တွေကို ပြောပြပေးပါတယ်။

ကျောင်းမုန့်ဈေးတန်းတွေမှာ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းဖို့ ဘယ်လိုစစ်ဆေးမှုမျိုး တွေ လုပ်ပါသလဲ။

ကျောင်းဖွင့်လို့ တစ်လလောက် ကြာတာနဲ့ မြို့နယ်အဆင့် စည်ပင်သာယာဌာနက ကျောင်းတိုင်းကို ဝင်ပါတယ်။ နှစ်ကြိမ်လောက် စစ်ပြီးတော့မှ ခရိုင်အနေနဲ့ စစ် ဆေးပါတယ်။ ခရိုင်အဆင့်စစ်ဆေး တဲ့အခါမှာတော့ ရောင်းချသူတွေ က ကူးစက် ရောဂါကင်းရှင်းမှု ရှိ မရှိအတွက် နှာတို့ရည်တွေကို ယူ ပြီးစစ်ဆေးပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ မရှိကို စစ်ဆေးပါ တယ်။ ဒါ့အပြင် ကျောင်းမုန့်ဈေး တန်းတွေမှာ လိုက်နာရမယ့် စည်းကမ်းတွေကို ပြန်ထုတ်ပေးပါတယ်။ ဗီနိုင်းတွေက ဟောင်းသွားတာတွေ၊ စုတ်ပြဲသွားတာတွေရှိပါတယ်။ အ ကာအဖြစ် သုံးလိုက်တယ်ဆိုရင်လည်း အဲဒါတွေကို အသစ်ပြန် ပေးမှာဖြစ်ပါတယ်။ ဈေးသည်တွေကိုလည်း သန်ချဆေးတိုက်တာတွေ တစ်ကိုယ်ရေ သန့်ရှင်းရေး ကြည့်တာတွေလည်း လုပ်ဆောင်ပေးပါတယ်။

မြို့တော်ဝန်က အစားအသောက် ဘေးကင်းတဲ့ ကျောင်းတွေကို နှစ်တိုင်း ဆုပေးတယ်ဆိုတော့ ဆုပေး တဲ့ကျောင်းတွေကိုကျတော့ အစ်မ တို့ ဘယ်လိုပုံစံမျိုး စစ်ဆေးပါ သလဲ။

မုန့်ဈေးတန်းက ဈေးသည် တွေကို ခရိုင်စည်ပင်ကနေ ဆေးစစ်ပါတယ်။ စစ်ဆေးတဲ့အခါမှာ တော့ စံမီတဲ့ကျောင်း၊ ဆုပေး လောက်အောင် စည်းကမ်းလိုက်နာ ပြီးတော့ ကောင်းမွန်တဲ့ကျောင်းဆို ရင်တော့ နောက်ဆုံးမှာစစ်ဆေးပါတယ်။ ဆုပေးလောက်အောင် ကောင်းနေရင် မြို့တော်ဝန်ကို တင်ပြပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်ဈေးတန်းဆိုပြီး တော့ ဆုပေးပါတယ်။

ဒီလိုဆုပေးတဲ့အတွက် ကျောင်းကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်ပါသလဲ။

အဲဒီလိုဆုပေးတာတွေ လုပ် တော့ ကျောင်းတွေက နောက်ပိုင်း မှာ တစ်ကျောင်းနဲ့ တစ်ကျောင်းပြိုင်ပြီး လုပ်လာကြတယ်။ တိုးတက်လာပါတယ်။ နောက်ပြီးကျရင် ရတဲ့ဆု ငွေတွေနဲ့ ကျောင်းမုန့်ဈေးတန်းကိုသန့်ရှင်းသပ်ရပ်အောင် လုပ်လာကြတယ်။ အစားအသောက် ဘေးကင်းရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။

ကျောင်းတွေမှာ ကျန်းမာရေး ဆိုင်ရာပညာပေး လုပ်ငန်းတွေကိုကျတော့ ဘယ်လိုလုပ်ပါသလဲ ခင်ဗျ။

တချို့က ကျောင်းမှာရှိတဲ့ မုန့် ဈေးတန်းတွေကို ပညာပေးစေချင် ပါတယ်။ မုန့်ဈေးတန်းနဲ့ ပတ်သက် ပြီးတော့ ပညာပေးဖို့အတွက် ဖိတ် တာတွေရှိပါတယ်။ အဲဒီအခါကျ ရင် သွားရောက်ပြီးတော့ ကလေး တွေကို မူလတန်းအဆင့် အလယ် တန်းအဆင့်ကလေးတွေကိုပဲ ဟော ပြောပေးပါတယ်။ တစ်ခါတလေ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး ဟောပြောပေးပါတယ်။ ဝမ်းပျက် ဝမ်းလျှောအကြောင်းတွေပါ ဟော ပြောပေးပါတယ်။ အစားအသောက် နဲ့ဆိုရင်တော့ ဆိုးဆေးသုံးတာတွေ မစားမသောက်ဖို့၊ သူများနိုင်ငံက လာတဲ့မုန့်တွေ၊ FDA အသိအမှတ် မပြုထားတဲ့ မုန့်မျိုးတွေကို မစားသောက်ဖို့၊ ခွင့်မပြုဆိုးဆေးတွေကိုပါ ပြောပြတယ်။ ဘယ်ဟာကတော့ စားသင့်တယ်။ ဘယ်ဟာက တော့ မစားသင့်ဘူးဆိုတာကို ပြောပြပေးပါတယ်။

ကျောင်းသားတွေအနေနဲ့ ဘယ်လိုအစားအစာမျိုးကို စားသင့်ပြီး၊ ဘယ်လိုအစားအစာမျိုးကို ရှောင်သင့်သလဲ ဆိုတာလည်း ပြောပြ ပေးပါခင်ဗျ။

ကျွန်မတို့ ပညာပေးလုပ်တဲ့ အခါမှာလည်း ဒါတွေကို ပြောပါ တယ်။ ကျောင်းပြင်ပမှာ ရောင်းချတဲ့ တုတ်ထိုးအမျိုးမျိုး၊ ဥပမာပြောရရင်တော့ အဖုံးအကာတွေ မရှိတဲ့ ဝက်သားတုတ်ထိုးတွေကို မစားသင့်ပါဘူး။ ဘာမှန်းမသိတဲ့ အချဉ်တွေ အရောင်နဲ့ ရောစပ် ထားတဲ့ဟာတွေ၊ ရောင်စုံဝေဖာ တွေ၊ ဂျယ်လီမှာပါတဲ့ မစ်ရှိတ် တွေကျတော့ ကျွန်မတို့အနေနဲ့ အာမခံချက် မပေးနိုင်ဘူး။ သူတို့ကို ပြောတဲ့အထဲမှာလည်း အဝလွန်တဲ့အစားအစာတွေကို မစား သောက်ဖို့၊ တာရှည်ခံအောင် ပြု လုပ်ထားတဲ့ အချိုရည်၊ အစား အစာတွေ မစားဖို့ ပြောပါတယ်။အထူးသဖြင့် အားဖြည့်အချိုရည်က သောက်ဖို့ မကောင်းပါဘူး။ အမြဲသောက်ရင် ပိုပြီးတော့ ဆိုးကျိုး တွေကို ဖြစ်လာနိုင်စေပါတယ်။ ဒါ ကြောင့်
ကလေးတွေအတွက် အ ကျိုးဖြစ်စေမယ့် ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ထမင်းပေါင်း၊ မြန် မာမုန့်တွေကို ကလေးတတ်နိုင်မယ့် သင့်တော်တဲ့ ဈေးနှုန်းလေးတွေနဲ့ ဖြစ်စေချင်ပါတယ်။ နောက်ပြီး ရာသီစာ သီးနှံဖြစ်တဲ့ ပြောင်းဖူး ပြုတ်၊ ကန်စွန်းဥတွေအပြင် သာကူ တို့ကို ရောင်းချဖို့အတွက် ပိုပြီး တော့ အားပေးပါတယ်။ အခုဖြစ် နေတာက နိုင်ငံခြားမုန့်တွေကိုပဲ အစားအစာလို့ ထင်ကြပြီးတော့ ဗမာမုန့်ကို စားရကောင်းမှန်းမသိ ဖြစ်နေပါတယ်။ ဘိုစာတွေ၊ တရုတ် စာတွေ၊ ကိုရီးယားအစားအစာ တွေပဲ ဖြစ်နေပါတယ်။ အခက်အခဲကတော့ ဈေးသည်တွေ ကျန်းမာရေး ဗဟုသုတ မရှိကြတာပေါ့။ ။

ကလေးတွေ မြန်မာမုန့်ကို စိတ်ဝင်စားပြီး စားချင်လာအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ။

ဈေးသည်တွေ အနေနဲ့ အ မြတ်အစွန်းနည်းနေမယ်၊ မရောင်း ချနိုင်ဘူးဆိုရင်လည်း ကျောင်း ဆရာ၊ ဆရာမတွေထဲကနေ ပြီး တော့ ရှုံးချင် ရှုံးမယ်၊ မြတ်ချင် မြတ်မယ်။ ကျောင်းအကျိုးတော် ဆောင်တွေ မိဘဆရာအသင်းတွေကနေ ပူးပေါင်းပြီးတော့ မြန်မာမုန့် စားတဲ့အကျင့်တွေကို ပြန် ဖြစ်အောင် လုပ်ပေးသင့်တယ်။ဥပမာ တစ်ပတ်တစ်ခါ ဖြစ်စေ၊ နှစ်ခါဖြစ်စေ ဒါမျိုးပြန်လုပ်ပေးလို့ ရှိရင် ကလေးတွေက မြန်မာမုန့်စားတဲ့ အလေ့အကျင့် ဖြစ်သွား မှာပါ။

ကျောင်းမုန့်ဈေးတန်း ဈေးသည်တွေအနေနဲ့ သူတို့ရောင်းဖို့မုန့်တွေ ဝယ်တဲ့အခါမှာ ဘေးအန္တရာယ်ကင်းအောင် ဘယ်လိုဆင်ခြင်ပြီး ဝယ်ယူသင့်တယ်ဆိုတာလည်း အကြံပြုပေးပါဦးခင်ဗျ။

မုန့်ဟင်းခါး၊ ခေါက်ဆွဲတို့ကို ဝယ်တဲ့အခါမှာ ဘယ်ဒိုင်က ဘယ် လို ယူလဲ၊ ဖော်မလင်တို့ သုံးထားတဲ့ ဒိုင်ကယူတာလား။ ကိုယ်ဝယ် တဲ့ဒိုင်ကိုမှတ်ထားဖို့။ ဒီဆိုင်မကောင်းရင် ဒီက မဝယ်ဖို့ လိုပါ တယ်။ နောက်ပြီးတော့ မုန့်ဈေး တန်းဈေးသည်တွေကို တောင်းဆို ပါတယ်။ လာပို့တဲ့မုန့်တွေ မမက် ပါနဲ့။ ကိုယ့်ဖာသာ သွားပြီးတော့ ဝယ်ယူစေချင်ပါတယ်။ လူတွေက အလွယ်သုံးတယ်။ လာပို့တဲ့ဟာကျတော့ ရောင်းတယ်။ မကုန်ရင် ပြန်ပေးတယ်။ အဲဒီလိုမျိုးကျတော့ မကောင်းဘူး။ နောက်ပြီးတော့ မုန့်တွေမှာ ဖုန်းနံပါတ်တစ်ခုစီပဲ ပါကြပါတယ်။ ထုတ်လုပ်တဲ့လိပ်စာ တွေ မပါဘူး။ သက်တမ်းကုန်ဆုံး ရက်တွေလည်း မပါဘူး။ ဒါတွေ စိတ်မချရပါဘူး။ ဖုန်းနံပါတ်တွေ ကလည်း ပြောင်းလို့ ရပါတယ်။ အကယ်၍ ပြဿနာတစ်ခုခုဖြစ် လာရင် ဒီမုန့်တွေနဲ့ ပတ်သက် ပြီးတော့ ဘယ်ကို လိုက်လံ စစ် ဆေးရမှန်း မသိဘူး။ အဲဒီလိုမုန့် မျိုးကို မရောင်းချဘဲနဲ့ လိပ်စာ၊ ဖုန်းနံပါတ်၊ သက်တမ်းကုန်ဆုံးရက် အသိအမှတ်ပြုတဲ့ မုန့်တွေကို ရောင်းချစေချင်ပါတယ်။ ပြီးတော့ ရေသန့်ဆိုရင်လည်း ပြောရပါတယ်။ FDA က ထောက်ခံချက် ပေးတဲ့ရေကို ရောင်းသင့်ပါတယ်။ထိန်းကျောင်းဖို့ အတွက်ကလည်း ကျောင်းကော်မတီကနေ ထိန်း သိမ်းဆောင်ရွက်ခိုင်းပါတယ်။

လင်းဟိန်းနှင့်ဝေရှိုင်းကျော်
တွေ့ဆုံမေးမြန်းသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*