ဟိုလမ်းမှာ ဟိုပန်းပွင့်တွေနဲ့

ဟိုလမ်းမှာ ဟိုပန်းပွင့်တွေနဲ့
June 1, 2017 Asian Fame

5:36 pm
ဟိုလမ်းမှာ ဟိုပန်းပွင့်တွေနဲ့

k1ယခင်အပတ်မှ အဆက်

နံနက်ခင်း မြင်ကွင်း

ပစ္စည်းများ သိမ်းဆည်းပြီးချိန် မှာ မနက် ၇ နာရီပဲရှိသေးသည်။ ချန်ဂီလေဆိပ်ထဲမှာကော ဒင်ပါဆာ လေဆိပ် ထဲမှာပါ ခြေ တိုနေအောင် လျှောက်ခဲ့ရ၍ မောပန်းနေသဖြင့် အိပ်မောကျသွားရာ အိပ်ရေးဝပြီး စောစော နိုးနေခြင်းဖြစ် ပါသည်။ အောက်ထပ် သို့ ဆင်းပြီး စားသောက် ခန်းသို့ဝင်သည်။ တာဝန်ခံက အခန်း နံပါတ် ကိုမေးပြီး ခရီးဦးကြိုပြုသည်။ အစာကတော့ ကမ္ဘာ့ ထုံးစံလိုဖြစ်နေ သောဘူဖေး နံနက်စာ။ ဖျော်ရည်တစ် ခု အရင်သောက် ရသော ထုံးစံ ရှိ၍ ဖျော်ရည်စင်ကို သွားတော့ လိမ္မော်၊ ပန်းသီး၊ နာနတ်သီး တို့အပြင် ထူး ထူးခြားခြား ဖျော်ရည် တစ်မျိုးကို တွေ့သည်။ မေးကြည့်တော့ ငါတို့ အင်ဒိုနီးရှားတွေရဲ့ ရိုးရာ သစ်သီး ဖျော်ရည် တဲ့။ ဒါကို မမြည်းစမ်းဘဲ ပြန်သွားလို့မဖြစ်။ အရောင်က ဆား ငံသီးဖျော်ရည်ရောင်။ အရသာက တော့ မာလကာတို့ ငှက်ပျောတို့ သင်္ဘောသီးတို့ ရောထားသလို အရ သာ။ အတော်ဆန်းသည့် အသီးပေ ပဲ။

စားသောက်ပြီးသွားတော့ ဘေး တံခါးမှဆင်းပြီး ခြံဝင်းအတွင်း လေ့ လာရသည်။ လေဆိပ် အတွင်း ငုံပြီး ဆောက်ထားရသည့်တိုင် ပန်းခြံက အကျယ်ကြီး။ ဧည့်သည်တွေ မနက် ခင်းလမ်းလျှောက် လေ့ကျင့်ခန်းယူ နိုင်လောက်အောင် ကျယ်သည်။ ဗိသုကာ လက်ရာကလည်း အမျိုး သားဟန်ကို အထူးပြုထား၍ ပန်းခုံ များ ပန်းစင်များမှာပင် ကနုတ်ပန်း တွေ တွေ့ရသည်။ လေဆိပ်ကို လှမ်း မြင်နေရ၏။ သို့သော် တံတိုင်းအလုံ ပိတ်ထားသဖြင့် လေဆိပ်သို့သွားလို လျှင် ပုံမှန်လမ်းကပင် သွားရမည်။

အီကွေတာရပ်ဝန်းတွင် မွန်းလွဲ ပိုင်းများ၌ မိုးသက် မုန်တိုင်းကျတတ် သည်။ တစ်နေ့လုံး နေသာပြီး မွန်း လွဲ ၂ နာရီဆို မိုးရွာလာ တတ်သည် ကို မလေးရှားတို့ စင်ကာပူတို့မှာ ကြုံဖူးပြီ။ ဘာလီမှာတော့ ယခုရက် ပိုင်း မိုးလေဝသကြောင့်လား မသိ မနက်စောစော မှာပင် မိုးဖွဲဖွဲက လေ ပြင်းနှင့် ပါလာနေသည်။

လေယာဉ်လက်မှတ်လဲခြင်း အ စရှိသော လုပ်ငန်းများ လုပ်ရဦးမည် ဖြစ်၍ ပစ္စည်းစစ် အခန်းစစ် အခန်း အပ်ကာ ပြန်ထွက်လာခဲ့၏။ လေ ဆိပ်ကို ဘယ်လိုသွားရမလဲမေးတော့ စားသောက်ခန်းကို ညွှန်ပြပြီး အဲဒီ တံခါးကနေ ဆက်သာလျှောက်သွား ဟု ညွှန်သည်။ ဟုတ်ပါရဲ့။ မိနစ် ၂ဝ လောက်လျှောက်လိုက်တော့ ကျွန်တော် လေဆိပ်တွင်းရောက်နေ ပြီ။ လူဝင်မှုတို့ အကောက်ခွန် တို့ကို ကျော်ဖြတ်ပြီးချိန် မှာ လေယာဉ်လိုင်း ကောင်တာကို လိုက်မေးရပြန်သည်။ လေဆိပ်ကျယ်ကြီး ထဲတွင် တလည် လည်မေးပြီးကာမှ သီရိဝိဇယ သို့ ရောက်သည်။ တန်းစီနေသူတွေက အများသား။ အရှေ့တီမောကို သွား မယ့်သူတွေ များသားပဲဟု တွေးမိ ၏။ ပါပူးအားနယူဂီနီနှင့် ဒါဝင် (သြစတြေးလျ)သို့ ဆက်ထွက်ကြ မည့်သူတွေ များနေခြင်းဖြစ်ပါသည်။ တီမောတွင် ဆင်းမည့်သူက ၁ဝ ယောက်ထက်မပို။

ဘာလီလေဆိပ်

ဘာလီကျွန်း၏မြို့တော် ဒင်ပါ ဆာတွင်ရှိ၍ အမှတ်အသား အရ ဒင်ပါဆာလေဆိပ်ဟု မှတ်သားကြ သော်လည်း လေဆိပ်က Ngurah Rai ရပ်ကွက်(ပင်လယ်ကမ်းစပ်)တွင် ရှိ၍ တရားဝင် အမည်မှာ Ngurah Rai  (သူတို့အသံထွက်အရ နူရာ ရိုင်း)ဖြစ်သည်။ လက်မှတ်ထုတ် ပေးသည့် တရုတ်မကလေးက ဘယ် ကပါလဲ၊ ဘာလုပ်ဖို့လဲ ဆိုတာတွေ မေးနေသေးသည်။ အင်ဒိုနီးရှား၏ ဖိနှိပ် သိမ်းပိုက်မှုကို တော်လှန်ပြီး ၂ဝဝ၂ ကျခါမှ လွတ်လပ်ရေးတကယ် ရခဲ့သော အရှေ့တီမောသို့ အင်ဒို နီးရှားများ ဝင်ခြင်းကို တင်းကျပ် ထားမည်သာဖြစ်သည်။ ကျွန်တော် ကလည်း အင်ဒိုနီးရှားဟုပြောလျှင် ယုံလောက်သော သွင်ပြင်ရှိသည်။ ကိုင်ဆောင်သော ပတ်စ်ပို့ကလည်း ဝန်ထမ်းဘဝ တုန်းကလို အစိမ်း မဟုတ်၊ အနီ။ သာမန် ခရီးသွား။ ထို့ကြောင့် နိုင်ငံတကာ အခမ်းအနား အတွက် ဖိတ်ကြားခံရ၍ လာကြောင်း အထောက်အထားတွေ ပြနေရသေး သည်။

စစ်ဆေးပြီးသွားတော့  Terminal 5 ကိုသွားရန် ခြေဦးလှည့်ရ သည်။ အခွန်လွတ် ဆိုင်တန်းကြီးကို ဖြတ်ရ၏။ ကျွန်တော့် အာရုံကို ဖမ်း စားလိုက်နိုင်သည်က အရုပ်များနှင့် ဘာလီလက်ရာ မျက်နှာဖုံး များဖြစ် သည်။ ဆိုင်တန်း တစ်နေရာတွင် ထူး ခြားသော အရုပ် ၂ ရုပ်ကို တွေ့ သည်။ Bali Warriors ဟု အမည် ပေးလျှင် ရမည်ထင်သည်။ ဒဏ္ဍာ ရီလာဇာတ်ရုပ်များ ဆန်ဆန် ထုလုပ် ခြယ်သ ထားသည်။ မာန်ပါလှ၏။ ရောင်းရန်တော့ ဟုတ်ဟန်မတူ။ အလှ ဆင်ထားခြင်း သာဖြစ်သည်။ အရုပ် များက သက်ရှိလူ ထက် ပိုကြီးနေသည်။

နောက်တစ်ခုက မျက်နှာဖုံးများ ဖြစ်သည်။ သူတို့ဆီမှာ ပေါက်သော သစ်ပွသားကို မျက်နှာဖုံး ထွင်းထုပြီး ဆေးခြယ် ထားခြင်းဖြစ် သည်။ ဈေး မေးကြည့်လိုက်တော့ ဒေါ်လာ ၅ဝ ကျော်နေသည်။ သို့နှင့် နီးရာအထည် ဆိုင်ထဲဝင်ပြီး စပ်စုကြည့်သည်။ ဘာ လီလက်ရာ ပန်းချီနှင့် တီရှပ်များက နှစ်သိန်းခွဲကျော်၊ ပါတိတ်ရှပ်အ ကောင်းစားများက ငါးသိန်းနီးပါး။ ဒါတောင် ကိုယ့်လူကြီးတွေ ဝတ်သော ပိုးရှပ် မှာ ရွှေဆေးရေး ဆိုတာတွေ မဟုတ်သေး။ ဈေးကြီးလှချည်လား မထင်ပါနှင့်။ သူတို့ငွေ ၁ဝ က မြန် မာငွေ တစ်ကျပ်ဖြစ်၍ ငါးသိန်းဆို လျှင် ငါးသောင်းဟုမှတ်ပါ။ သူတို့ ဈေးတွေက နှလုံး သွေးပျက်လောက် သည်။ မုန့်အပေါစားတစ်ခု ငါး သောင်း၊ ကော်ဖီတစ်ခွက် သုံး သောင်းခွဲ၊ နှစ်ခုပေါင်း ရှစ်သောင်းခွဲ။ မြန်မာလိုတော့ ၈၅ဝဝ ကျပ်ဖြစ် သည်။ ဈေးကြီးတာပါပဲ။ အုန်းနို့ ခေါက်ဆွဲ တစ်ပွဲနှင့် ကော်ဖီ တစ်ခွက် ကို တစ်သောင်းခွဲကျသော မြန်မာ့ စံချိန်ကတော့ မကျိုးပါ။

ပန်းချီကားများ

လေယာဉ်ထွက်ချိန်က ၁ဝး၄၅ ဖြစ်၍ အစောဆုံး ခေါ်လျှင်တောင် ၁ဝး၃ဝ မှခေါ်မည်။ ခေါ်လျှင်သွား ရမည့်ခရီးကလည်း ခြေလှမ်း ၁ဝ လှမ်းစာမျှသာ။ အချိန်တစ်နာရီ လောက်ရနေသည်။ လက်မှတ်လဲ လှယ်ပေးသော ကောင်တာမှာ ခရီး သွားကြော်ငြာတွေ တစ်စင်လုံး အ ပြည့်ခင်းထားသည့် အထဲမှ ဘာလီ ကျွန်းနှင့်ဆိုင်သော နည်းနည်းပါးပါး တွေ ယူလာခဲ့တာရှိသည်။ ထိုစာ ရွက်များ စာအုပ်ငယ် များကား အခု ဖတ်နေစရာ မလိုသေး။ ဖတ်နေ လိုက်လျှင် ကြည့်သင့်တာ မြင်သင့် တာတွေ လွတ်ကုန်မည်။

ပတ်ဝန်းကျင်ကို အကဲခတ် လိုက်တော့ ကိုယ်စောင့်နေရသည့်  Terminal 5 သည်လည်း အခြား ဂိတ်များလိုပင် ပန်းချီကားများဖြင့် တန်ဆာဆင် ထားသည်ကို မြင်လိုက် ရ၏။ ဘယ်ညာ အဆောင် နှစ်ဆောင် ရှိရာ တစ်ဆောင် တစ်ဆောင်မှာ ဆီဆေးကား ၂ဝ လောက်ရှိနေသည်။ Terminal 4  တွင် ဘာလီကျွန်းသူ များ၏အလှကို အသားပေးသော ကားများ၊ flora and fauna ခေါ် ပန်းမန်တိရစ္ဆာန်ပုံတူကားများသာ ရှိသော်လည်း (ကံကောင်းလှစွာ ပင်) ကျွန်တော်ထိုင်စောင့်နေရ သော အဆောင် ၅ တွင် ရှေးရိုးပန်း ချီများသာ ဖြစ်နေသည်။ ဘာလီရိုး ရာများ၊ ဇာတက မဟာဝင်သရုပ် ဖော်များ ဖြစ်နေသည်။ ဘာလီလက် ရာက ထူးခြားသည်။ ဒေသအလိုက် ဟန်ကို ပြောရလျှင် ပုဂံနှင့်ဇင်းမယ် တွင် တွေ့ရသော ပြင်ညီပန်းချီသ ဘော နှင့် ပိုလီနီးရှား /မိုက်ခရိုနီးရှား ဒေသတွင် တွေ့ရသော ရိုးရာပန်းချီ ၏ ဖောင်းကြွ သဘောဆိုသည့် အ စွန်း နှစ်ခုကြားတွင် ရှိသည်။ အိန္ဒိယ နှင့် မြန်မာတွင် အပူရောင် များတွေ့ ရတတ်ပြီး ဇင်းမယ်နှင့် ဆူခိုထိုင်း (သောက္ကတဲ)တွင် အစိမ်းလွင်လွင် နှင့် အပြာလွင်လွင် ကို တွေ့ရတတ် သည်။ ဟိန္ဒူပန်းချီ၌ အပြာလွင်လွင် နှင့် နီဝါရောင်ကြား မှာ ပန်းရောင် ထည့်တတ်သည်။ ဘာလီပန်းချီများ က အမှိုင်းဖြစ်သည်။ အညို (raw sienna ESifh burnt sienna) ကို အား ပြုသုံးပြီး အဖြူကို အမွေးအမှင်များ အတွက်ကျမှ သုံးစွဲသည်။ မြန်မာ့ ဟန်က အဖြူသားပေါ်တွင် ယွန်း ညို၊ ယွန်းစိမ်း၊ ယွန်းနီတို့ဖြင့် ပုံပြ illustration ဆန်ဆန်ဆွဲ သည်။ နောက် ခံရေမြေ တောတောင်ကို က နုတ်လောက်ဖြင့်ပြသည်။ ဘာလီ ဟန်ကား အနောက်တိုင်းocci-dental ဟန် ဆန်သည်။ နောက်ခံ ကို (လွယ်လွယ် ဥပမာပြရလျှင် အ လယ်ခေတ် ဥရောပ ပန်းချီကားများ လို) အပြည့်ရေးသည်။ အညိုနု အညိုရင့်တို့ကို အားပြု သုံးစွဲသော ကြောင့် ပန်းချီကားတွေက မှိုင်းနေ လေသည်။ မျောက်၊ မျောက်ဘီလူး၊ ကိန္နရီ ကိန္နရာ စသည်တို့ကိုတွေ့ရ ၏။ ဘာလီ၏ ရှေးရိုး ပန်းချီမူအတိုင်း ဆွဲထားခြင်း ဟုတော့ တစ်ထစ်ချ မပြောနိုင်။ သူတို့ငွေဖြင့် ၁ဝ သိန်း၊ မြန်မာငွေဖြင့် တစ်သိန်းလောက် ပေးရမည့် ပန်းချီစာအုပ်တော်တော် များများ တွေ့ခဲ့သည်။ ထိုအထဲမှ တစ်အုပ်မှာ ဘာလီကျွန်း၏ ရှေးရိုး ပန်းချီများ အကြောင်း သီးသန့်ဖြစ်  သည်။ ကိုယ့်ပြည်က အမျိုးသားစာ ကြည့်တိုက်တို့ အနုပညာ တက္ကသိုလ် တို့တွင် ရှိတန်ကောင်းရဲ့ဟုသာ မျှော် လင့်ရသည်။ စာအုပ်တွေက ဈေး ကြီးလွန်းနေရသည့်ကြားထဲ ကိုယ့် အိတ်က ခပ်ပြားချပ်ချပ်။ ဝတ္ထုတို ပေါင်းချုပ်သာ ဆိုလျှင်တော့ ကျွန် တော် မျက်စိမှိတ် ဝယ်ယူလိုက်မိပါ မည်။ ခုတော့ဖြင့် အညိုတောမှာ မောနေရုံ။

ကြည်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*