တစ်ပတ်ကြာ မီးလောင်ခဲ့သည့် မုံရွာမြို့ရှိအမှိုက်ပုံကို မီးငြိမ်းနိုင်ခဲ့

တစ်ပတ်ကြာ မီးလောင်ခဲ့သည့် မုံရွာမြို့ရှိအမှိုက်ပုံကို မီးငြိမ်းနိုင်ခဲ့
May 31, 2017 Asian Fame

3:45 pm
တစ်ပတ်ကြာ မီးလောင်ခဲ့သည့် မုံရွာမြို့ရှိအမှိုက်ပုံကို မီးငြိမ်းနိုင်ခဲ့

money

လင်းဟိန်း
ရန်ကုန်၊ မေ ၂၆

မုံရွာမြို့ရှိ စည်ပင်သာယာ အမှိုက်ပုံမှာမီးလောင်ခဲ့သည့်အတွက် နောက်ထပ်ယင်းကဲ့သို့ မဖြစ်စေရန် အမှိုက်များကို အခြားတစ်နေရာ တွင် ပြောင်းလဲစွန့်ပစ်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းစည်ပင် သာယာရေးဝန်ကြီးက ပြောသည်။ ယင်းအမှိုက်ပုံသည် အမှိုက်များ အချင်းချင်းဓာတ်ပြုပြီး တစ်ပတ်ခန့် မီးလောင်နေခဲ့သဖြင့် အမှိုက်ပုံအနီးရပ်ကွက်နေ ပြည်သူများမှာ လေထုညစ်ညမ်းမှုဒဏ်ကို ခံစားခဲ့ကြရပြီး အရေပြားအဖု ထွက်ခြင်း၊ ရောင်ရမ်းခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါအမှိုက်ပုံမှာ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ပိုင်နယ်မြေ အတွင်းတွင်တည်ရှိပြီး နောက်ပိုင်း တွင် ယင်းအမှိုက်ပုံ၌မစွန့်ပစ်တော့ ဘဲ လူနေရပ်ကွက်နှင့်ဝေးသော နေရာတွင် စွန့်ပစ်သွားမည်ဟု စစ်ကိုင်းတိုင်း စည်ပင်ဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။ နောက်ပိုင်းတွင်း ယင်းကဲ့သို့ မီးလောက်ကျွမ်းခြင်းများ မဖြစ်စေ ရန်အတွက် ပြန်လည်သုံးသပ်ပြီး နည်းပညာတစ်ခုဖြင့် စွန့်ပစ်သွားမည်ဟု ၎င်းကပြောသည်။ ဦးမြင့်ကြည်က ”ဒီလိုမီး လောင်တာတွေမဖြစ်အောင် နည်းပညာတွေနဲ့ လုပ်သွားဖို့ရှိပါတယ်” ဟုပြောသည်။ ယင်းအမှိုက်ပုံကို မီးသတ် ကားများဖြင့် ငြှိမ်းသတ်ခဲ့သော်လည်း မီးမငြိမ်းဘဲ အငွေ့များထွက်နေခဲ့ သဖြင့် ရွှံ့ဗွက်များဖြင့် ဖုံးဖိကာ ငြှိမ်းသတ်ခဲ့ရပြီး ယခုအခါမီးငြှိမ်း သတ်နိုင်ပြီဟုဦးကြည်က ပြောသည်။

အမှိုက်ပုံ မီးလောင်နေစဉ် အတွင်း အမှိုက်ပုံအားမိုးကြိုးပစ်ခဲ့ သဖြင့် မီးပိုမိုလောင်ကျွမ်းခဲ့ကြောင်း မုံရွာမြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါ်အမာ ကြည်ကပြောသည်။ ယင်းအမှိုက်ပုံ မီးလောင်နေ စဉ်အတွင်း ရပ်ကွက်နေပြည်သူများ ကလည်း မီးလောင်နေသည့် အမှိုက်ပုံတွင် နောက်ထပ်အမှိုက် မပစ်ကြရန် အမှိုက်လာပစ်ကြသည့် အမှိုက်ကားများကို တားဆီခဲ့ကြ သေးသည်။ မုံရွာမြို့မှ တစ်နေ့လျှင် အမှိုက်တန်ချိန်ပေါင်း ၈ဝ ခန့် နေ့စဉ် ထွက်ရှိလျက်ရှိပြီး မီးလောင်ခဲ့သည့် အမှိုက်ပုံမှာ အမှိုက်ပမာဏလည်း များနေပြီဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*