တောင်းရမ်းစားသောက်နေသည့် ဘိုးဘွားများကို လစဉ်ထောက်ပံ့ကြေးပေးရန် အစိုးရစီစဉ်နေ

တောင်းရမ်းစားသောက်နေသည့် ဘိုးဘွားများကို လစဉ်ထောက်ပံ့ကြေးပေးရန် အစိုးရစီစဉ်နေ
May 31, 2017 Asian Fame

3:04 pm
တောင်းရမ်းစားသောက်နေသည့် ဘိုးဘွားများကို လစဉ်ထောက်ပံ့ကြေးပေးရန် အစိုးရစီစဉ်နေ

beg

စိုင်းလမင်း
နေပြည်တော် ၊ မေ ၂၉

တောင်းရမ်းစားသောက်နေသော ဘိုးဘွားများကိုလည်း လူမှုရေးပင်စင်ထောက်ပံ့သွားရန် အစိုးရကစီစဉ်နေသည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။လက်ရှိတွင် အစိုးရက မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းရှိသည့် အသက် ၉ဝ နှင့်အထက် ဘိုးဘွားများကို တစ်လလျှင် ငွေကျပ် ၂ဝဝဝဝ ထောက်ပံ့ ပေးနေလျက် ရှိနေသည်။

”မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းရှိသူတွေကို လတ်တလော ပေးမှာပေါ့နော်။ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းမရှိတဲ့ တချို့ အဘိုးအဘွားတွေက မရှိတော့ဘူး ဆိုတာလည်း ရှိတယ်။ ရပ်ရွာမှာ နေထိုင်တယ်ဆိုပြီးတော့ သူတို့ သက်တူတွေကထောက်ခံရင်ရတယ်။ ရပ်ရွာက ထောက်ခံရင်ရတယ်။ အဲဒီလိုမျိုးသူတို့ကို ရပ်ရွာထဲရောက် အောင် အရင်ကျွန်တော်တို့ဆောင် ရွက်မယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ တောင်းရမ်းစားသောက်သူ ဘိုးဘွားများအား လူမှုရေးပင် စင်ပေးနိုင်ရန်အတွက် အစိုးရ စတက်ကတည်းက စီစဉ်နေခြင်း ဖြစ်ပြီး သက်ကြီးရွယ်အို ဥပဒေရေး ဆွဲနေခြင်းကြောင့် ကြန့်ကြာနေရ ခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှင်းပြသည်။ တောင်းရမ်းစားသောက်သူ အဘိုးအဘွားများအား ထောက်ပံ့ကြေး ပေးသွားမည့်ပမာဏကို သက်ကြီး ရွယ်အိုနည်းဥပဒေ ရေးဆွဲနေခြင်း ကြောင့် အတိအကျမပြောနိုင်သေး ကြောင်းဝန်ကြီးက ဆိုသည်။

”အခု နည်းဥပဒေရေးနေတယ်။ အဲဒီလိုမျိုးနည်းဥပဒေ ပေါ်ပေါက်လာမှသာ ကျွန်တော်တို့ လုပ်လို့ရမှာပေါ့။ အခုကတော့ အချက်အလက်တွေ စုစည်းနေတာ” ဟု ၎င်းက ထပ်ပြောသည်။ ထို့အပြင် ထိုနည်းဥပဒေ ထွက်ပေါ်လာပြီးပါက ဘိုးဘွား များအား တောင်းရမ်းစားသောက် ရန်စေခိုင်းသူများကို ထိရောက်စွာ အရေးယူမည်ဟုလည်း ၎င်းက ပြောကြားထားဖူးသည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၄ သန်း ခေါင်စာရင်းအရ သက်ကြီးရွယ်အို ၂ ဒသမ ၈သန်းရှိပြီး ထိုထဲမှ တချို့ဘိုးဘွားများမှာ လက်ရှိ အချိန်တွင် သားသမီးများကျော ထောက်နောက်ခံ မရှိခြင်း၊ သားသမီးများက မကြည့်ရှုခြင်းများ ကြောင့် တောင်းရမ်းစားသောက် နေရခြင်းများလည်းရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*