အဂတိလိုက်စားမှုများကို အစိုးရ ဖော်ထုတ်အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း

အဂတိလိုက်စားမှုများကို အစိုးရ ဖော်ထုတ်အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း
May 31, 2017 Asian Fame

2:50 pm
အဂတိလိုက်စားမှုများကို အစိုးရ ဖော်ထုတ်အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း

Daw Aye Aye Mu

စိုင်းလမင်း
နေပြည်တော်၊ မေ ၃ဝ

ဝန်ကြီးဌာနအချို့တွင် ယခုအထိ အဂတိလိုက်စားမှုများ ရှိနေခြင်းကြောင့် အစိုးရက ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောသည်။

စဥ့်ကိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်က ”အစိုးရ အချို့ဌာနတွေမှာ အဂတိ လိုက်စားတာတွေက ရှိနေတုန်းပဲ။ ကျွန်မတို့ အ နေနဲ့က လည်း လက်ဆုပ်လက်ကိုင်ပြဖို့ တချို့ကိစ္စတွေမှာ ခက်ပါတယ်။ နှစ်ဖက် ကြည်ဖြူတယ်ဆိုရင် ကျွန်မတို့မှာ သက်သေမရှိပါဘူး။ ဘောင်အတွင်းက လုပ်တာတွေဆိုရင် ဖော်ထုတ်နိုင်ဖို့ မလွယ်ဘူး” ဟု ပြောသည်။

မေလ ၃ဝ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးတွင် ကလေးမဲ ဆန္ဒနယ်မှ ဒေါ်အေးအေးမူ (ခ)ဒေါ်ရှားမီး၏ အဆို ဖြစ်သော အဂတိလိုက်စားမှု (လာဘ်ပေး လာဘ်ယူမှု) ကျဆင်းရန် အ တွက် အစိုးရရုံးများနှင့် ပြည်သူ လူထု ဆက်ဆံရေး ပြေပြစ်စေ ရန်၊ အစိုးရရုံးများက အကြောင်း ပြချက်မခိုင်လုံဘဲ ရုံးချိန် ခဏ ခဏမပြောင်းရန်အတွက် ထိန်း သိမ်းကြပ်မတ်ပေးပါရန် လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးစဉ်တွင် ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်က ထည့်သွင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

”အဂတိ လိုက်စားတာကို ဘယ်လိုမှ မထိန်းချုပ်နိုင်ဘူး။ လစာက ရတာ နှစ်သိန်းခွဲ။ ဒါပေမယ့် သူတို့ အဂတိလိုက်စားတာက တစ်ရက်တည်းတောင် အဲ့ဒီငွေပမာဏ ရတယ်။ တစ်ခါ တလေ အဲ့ဒီငွေထက်တောင်များ တယ်။ အဲဒီလို ဝန်ထမ်းတွေကျ တော့ ထိထိရောက်ရောက် အရေးယူမှ ဖြစ်မယ်”ဟု ၎င်းက ပြောသည်။ အစိုးရအဖွဲ့အနေဖြင့် အဂ တိလိုက်စားသူများကို ထိရောက်စွာ အရေးယူသင့်ကြောင်း ဒေါ်အေးအေးမူ (ခ)ဒေါ်ရှားမီး ကလည်း ယနေ့ ပြည်သူ့လွှတ်တော်အပြီးတွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

”အစိုးရရုံးတိုင်းရဲ့ အရာရှိတွေက နာယက ဂုဏ်မြောက်တဲ့သူတွေ ဖြစ်စေချင်တယ်။ လက်အောက်ဝန်ထမ်းတွေ အဂတိလိုက်စားတာတွေ ဖြစ်လာရင် အထက်အစိုးရ အဖွဲ့အစည်း များကလည်း ထိရောက်တဲ့ အရေးယူဖို့ လိုအပ်တဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ လို တယ်”ဟု ၎င်းက ထပ်မံ ပြောသည်။ ထိုအဆိုကို လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးက ဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်က မှတ်တမ်းတင် ထားရှိခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*