မူဝါဒဆိုင်ရာ တရားမဝင်သတင်းများကြောင့် ကားဈေးကွက် အေးစက်

မူဝါဒဆိုင်ရာ တရားမဝင်သတင်းများကြောင့် ကားဈေးကွက် အေးစက်
May 31, 2017 Asian Fame

4:10 pm
မူဝါဒဆိုင်ရာ တရားမဝင်သတင်းများကြောင့် ကားဈေးကွက် အေးစက်

မှူးအိမ်ဇော်
ရန်ကုန်၊ မေ ၂၉

မေလ နောက်ဆုံးပတ်အတွင်း ရန်ကုန်မြို့ကားဈေးကွက်အခြေ အနေသည် မြို့ပေါ်အဝယ်သာမက နယ်အဝယ်များ ဆက်လက်နည်းပါးနေဆဲဖြစ်ပြီး တဖြည်းဖြည်း ဈေးကွက်အေးလာကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။

ရန်ကုန်မြို့ ကားဈေးကွက် အတွင်း ယခုကဲ့သို့ အရောင်းအဝယ်များ အေးစက်နေရခြင်းမှာ မူဝါဒပိုင်းဆိုင်ရာအတွက် တရားဝင်မဟုတ်သည့် အကြားသတင်းများကြောင့် ဖြစ်နိုင်ကြောင်း ၎င်းတို့က ဆိုသည်။ ဖရီးပါမစ်ကားများမှာ ရန်ကုန်လိုင်စင်မရခြင်း၊ ရန်ကုန်မြို့နေ လူအများက ယခင်နှစ်ဧပြီနောက် ပိုင်းမှစတင်၍ နယ်လိုင်စင်ကားလေးများကို စီးနင်းခဲ့ကြသော်လည်း တရားမဝင်သေးသည့် မူဝါဒဆိုင်ရာ သတင်းများကြောင့် နယ်လိုင်စင်ကားများကို ဝယ်ယူမည့် သူများလည်း မဝံ့မရဲ ဖြစ်လာကြောင်း သိရသည်။

”မူဝါဒတွေနဲ့ပတ်သက်ပြီး အတည်လိုလိုမျိုး ကောလာဟလတွေ ထွက်လာတော့ လူတွေကလည်း ဝယ်ဖို့လုပ်တယ်ဆိုရင် စဉ်းစားကြတာပေါ့လေ။ ဈေးကွက်ထဲမှာတော့ မိုးရာသီ ဖြစ်တာလည်း ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ အေးစက်ပြီး နည်းနည်းလေးပဲ အရောင်းထွက်တာ”ဟု ကားဝယ် ရောင်းလုပ်ကိုင်သူ ဦးကျော်မြင့်က ပြောသည်။နယ်လိုင်စင်အက္ခရာ နောက်ဆုံးထွက်များ ဈေးအမြင့်ဖြင့် ဈေးကွက် အေးသွားသော်လည်း အမှန်တကယ် လိုအပ်သည့်သူရှိမှသာ ရောင်းချရလေ့ရှိပြီး ရောင်း လွယ်၊ ဝယ်လွယ်ဖြစ်သည့် ရန်ကုန် လိုင်စင် ကားလေးများသာ အဝယ် လိုက်ပြီး နယ်လိုင်စင်ကားသစ်များထက် ၁ဝ ဂဏန်းဈေးအနိမ့် (သို့ မဟုတ်) ဈေးတန်းတူ ဖြစ်လျှင် ရန် ကုန်လိုင်စင်ကားသာ ဝယ်ယူတတ် ကြောင်း သိရသည်။ စလစ်ကပ်ကားများမှာ ဧပြီ၁ ရက်မှစတင်သည့် အခွန်နှုန်းထား သစ်မူဝါဒကြောင့် အသွင်းနည်းသွား ပြီး အပ်ကုန်စနစ်ဖြင့်သွင်းထားပြီး မရောင်းရသည့ှ့်သတမသသာ ကားများအား ၂ဝဝဝ ခုနှစ် အောက် သိန်း ၃ဝ၊ အထက် သိန်း ၆ဝ လိုင် စင်ကြေး၊ ဒဏ်ကြေးပေး သွင်းစေ ရန် ရောင်းချခွင့်ပြုမည့် သတင်းများကြောင့်လည်း ကားဈေးကွက်အတွင်း စိတ်ဝင်တစား ရှိနေကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*