အရေးကြီးတာက အသင်းအဖွဲ့တွေ ဘယ်လောက်များများ စာရေးဆရာတွေရဲ့အကျိုးကိုတကယ်ဆောင်ကြဉ်းဖို့လိုတာပါ

အရေးကြီးတာက အသင်းအဖွဲ့တွေ ဘယ်လောက်များများ စာရေးဆရာတွေရဲ့အကျိုးကိုတကယ်ဆောင်ကြဉ်းဖို့လိုတာပါ
May 25, 2017 Asian Fame

2:41 pm
အရေးကြီးတာက အသင်းအဖွဲ့တွေ ဘယ်လောက်များများ စာရေးဆရာတွေရဲ့အကျိုးကိုတကယ်ဆောင်ကြဉ်းဖို့လိုတာပါ

Kaung Thant (1)

မြန်မာစာရေးဆရာကလပ် (ယာယီ) ဥက္ကဋ္ဌ ဆရာကောင်းသန့် နှင့် တွေ့ဆုံခြင်း

မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်များကိုလက်ဆင့်ကမ်းနိုင်ရန် မြန်မာစာရေး ဆရာကလပ် (ယာယီ)ကို အထင်ကရ စာရေးဆရာ ၅ဝ ဦးဖြင့် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ အဆိုပါ မြန်မာစာရေးဆရာကလပ်တွင် ဆရာမကြီး ခင်ဆွေဦး၊ ဆရာ မောင်မိုးသူ၊ ဆရာမင်းယုဝေ၊ ဆရာမောင်ခင်မင် (ဓနုဖြူ)၊ ဆရာ ချစ်စံဝင်း၊ ဆရာဂုဏ်ထူးဦးသိန်းနိုင်၊ ဆရာဒေါက်တာသိန်းလွင်တို့က နာယကများအဖြစ်ဆောင်ရွက်၍ ဥက္ကဋ္ဌအဖြစ် ဆရာကောင်းသန့်က တာဝန်ယူဆောင်ရွက်နေပြီဖြစ်သည်။ ထို့ကြောင့် မြန်မာစာရေး ဆရာကလပ်ဖွဲ့စည်းရခြင်းနှင့် ဦးတည်ချက်များကို ဥက္ကဋ္ဌဆရာ ကောင်းသန့်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြပေးလိုက်ပါသည်။

ဆရာတို့ရဲ့ မြန်မာစာရေးဆရာ ကလပ်ဖွဲ့စည်းရခြင်း အကြောင်းကို ရှင်းပြပေးပါဦးဆရာ။

ဖွဲ့စည်းဖြစ်တာကတော့ ဆရာ ရယ်၊ ဆရာဟိန်းလတ်ရယ်၊ ဒေါက် ထွေး (ဆေး/မန်း) ရယ် နီပေါကို ချစ်ကြည်ရေး ခရီးသွားရတယ်။ ဟိုရောက်တော့ စာပေအဖွဲ့အစည်း တွေက ဆရာတို့ကို ကြိုဆိုကြတယ်။ သူတို့က စည်းလုံးညီညွတ်တဲ့အသင်း ပေါ့။ ကဗျာ ဆရာမတစ်ယောက်က ဥက္ကဋ္ဌ။ အဲဒီမှာ ဆရာတို့ကို ကျွေး မွေးရုံတင်မကဘူး။ သူတို့ အချင်း ချင်းလည်း နောက်ပြောင်နေ ကြတယ်။ ပြီးတော့ ကဗျာတွေရွတ် ကြတယ်။ ဆရာတို့ကိုလည်း ကဗျာ တွေရွတ်ပြ ဆရာတို့လည်းရွတ်ကြ နဲ့၊ပျော်ပျော်ပါးပါးရှိတယ်။ နောက် ပြီးတော့ ဆရာတို့ကို အင်တာဗျူး တွေလုပ်တယ်။ ရေဒီယိုတွေမှာ လည်း အသံသွင်းတယ် စသည်ဖြင့် တော်တော်များများကို စိတ်ပါဝင် စားစွာနဲ့ စုစုစည်းစည်းလုပ်ကြ တယ်။ ကိုယ့်နိုင်ငံမှာလည်း အဲဒီလို စုစည်းညီညွတ်တဲ့ အသင်းလေး တစ်သင်း ရှိစေချင်တယ်။ စာရေး ဆရာ အသင်းတွေကသူတို့ဆီမှာလည်းအများကြီး ရှိပါတယ်။ ဒီမှာ လည်း စာရေးဆရာ အသင်းတွေ သုံးလေးငါးသင်း ရှိပါတယ်။ ကိုယ့် အသင်းနဲ့ ကိုယ့်လူတွေနဲ့ ရည်မှန်း ချက်တွေနဲ့သွားကြဖို့ပဲလေ။ အရေး ကြီးတာက အသင်းအဖွဲ့တွေ ဘယ်လောက်များများ စာရေး ဆရာတွေရဲ့အကျိုးကို တကယ် ဆောင်ကြဉ်းဖို့လိုတာပါ။ နောက် တာဝန်တစ်ခုက ဒီစာရေးဆရာ ကြီးတွေက နောက်မျိုးဆက်သစ် တွေကို မွေးထုတ်ပြီးတော့ လက်ဆင့် ကမ်းပေးဖို့ပါပဲ။

စာရေးဆရာများ ကလပ်လို့ အမည်ပေးဖြစ်တာကိုလည်း သိချင်ပါတယ်ဆရာ။

အဲဒါက တစ်ခါတုန်းကစာရေး ဆရာကြီး ဒဂုန်တာရာတို့ ဂျာနယ် ကျော်မမလေးတို့၊ ဆရာဇော်ဂျီ တို့ကနေပြီးတော့ မြန်မာစာရေး ဆရာများကလပ်ဆိုပြီး ဖွဲ့ခဲ့ဖူး တယ်။ ဟိုတုန်းကတည်းက စာပေ အဖွဲ့အစည်းအနေနဲ့ ဖွဲ့ခဲ့တာပါပဲ။ ဒါပေမယ့် လူတွေက ကလပ်ဆိုရင် မူးရမ်းပြီးတော့ သောက်နေတာ လောက်ပဲမြင်နေကြတယ်။ တကယ် တော့  Book Club  တို့၊ ဂေါ့ဖ်ကလပ် စသည်ဖြင့် အဲဒီလိုရှိပါတယ်။ ဆရာတို့က ကလပ်ဆိုတာကိုအဆန်းထွင်တာမဟုတ်ပါဘူး။ စာရေး ဆရာကြီးတွေရဲ့အမွေဆက်ခံလိုက်တဲ့ သဘောပါပဲ။

အခုလက်ရှိမှာက မြန်မာနိုင်ငံစာ ရေးဆရာအသင်းလည်း ရှိတော့ ဆရာတို့နဲ့ ဘယ်လိုတွေများကွာ ခြားမှု ရှိမလဲ ဆိုတာကိုလည်းသိ ချင်ပါတယ်ဆရာ။

သူများ နိုင်ငံတွေမှာလည်း အသင်းတွေက ရာချီရှိကြပါတယ်။ ဆရာတို့မှာကလည်း ဆရာသိသလောက်ပြောရရင် စာရေးဆရာသမဂ္ဂ၊ မြန်မာနိုင်ငံစာရေးဆရာ အသင်း၊ ကဗျာဆရာသမဂ္ဂ၊ ကဗျာ ဆရာကွန်ရက် အဲဒီလောက် လေးငါးသင်းနဲ့ပဲ တွေ့သေးတယ်။ သူ့အသင်းအဖွဲ့နဲ့သူ ကိုယ့်ရည်မှန်း ချက်နဲ့ကိုယ် သွားကြတာပဲလေ။ ပရဟိတမှာလည်း ဒီလိုပဲလေ။ ကိုယ်သန်ရာသန်ရာ နာရေး ကူညီ မှုတို့၊ သွေးလှူဒါန်းတာတို့၊ ပညာ ဒါနတို့ သူ့စိတ်ကူးလေးနဲ့ သူ့ရည် ရွယ်ချက်နဲ့သူ လုပ်ကြတာပဲလေ။ ဆရာတို့စာပေမှာလည်းများလေ ကောင်းလေပါပဲ။ ကိုယ့်အဖွဲ့ အစည်းနဲ့ စာပေအကျိုးသယ်ပိုး နိုင်လေကောင်းလေပေါ့။ အဲဒီလို ရည်ရွယ်ချက်နဲ့ပါ။ ဟိုဘက် အသင်း ဒီဘက်အသင်းရန်ဖြစ်ဖို့၊ တိုက်ခိုက်ဖို့တို့ တစ်ဖက်နဲ့တစ်ဖက် ပြိုင်ဖို့တို့ ဒါတွေမရှိပါဘူး။

ဆရာတို့အသင်းကနေ စာပေလော ကအတွက် လုပ်ဆောင်သွားမှာတွေ ကိုလည်း သိချင်ပါတယ်ရှင်။

ဆရာတို့က ဘာသာပြန်သင် တန်းတွေဖွင့်မယ်။ စာပေလက် ဆင့်ကမ်းသင်တန်းတွေ ဖွင့်မယ်။ လူငယ်တွေအတွက် စာစဉ်တွေ လည်း ထွက်မယ်။ ပထမဆုံးထွက် မယ့် စာစဉ်က ‘လူကြီး လူငယ်နဲ့ ပြည်သူ့နီတိ’ ဆိုတဲ့စာအုပ်အတွက် စာမူခေါ်ထားပြီးပြီ။ ဒုတိယခြေ လှမ်းအနေနဲ့က ‘ငြိမ်းချမ်းရေး’ ဆို တဲ့ခေါင်းစဉ်နဲ့ပါ။ တတိယကတော့ ‘ပြည်သူနဲ့အတူ’ ဆိုပြီးစိတ်ကူးထား ပါတယ်။ နောက်တစ်ခါယဉ်ကျေး လိမ္မာ သင်တန်းတွေ ပို့ချပေးမယ် စသည်ဖြင့် ကြိုးစားနိုင်သလောက် ကြိုးစားမယ်ပေါ့နော်။ နောက်ပြီး တော့ ရန်ပုံငွေရဖို့အတွက် မိတ်ဆွေ တွေနဲ့ တိုင်ပင်ထားတာက မြန်မာ စာရေးဆရာကလပ် ဂီတရန်ပုံငွေ ဂီတပွဲပေါ့။ ပွင့်လင်းရာသီမှာ အဲဒီလိုမျိုးလုပ်ဖို့လည်း မျှော်လင့်တယ်။ အဲဒီကနေရန်ပုံငွေရလာ ရင် ဘာလုပ်မလဲဆိုတော့ စာပေသြဇာရှိပြီးတော့ စာပေကျေးဇူးရှိတဲ့ စာရေးဆရာကြီးတွေကို ၅ ဦး ထက်မနည်း ၁ဝ ဦးထက် မပိုပေါ့ နော်။ ငွေတတ်နိုင်ရင် တတ်နိုင် သလောက် ပူဇော်ကန်တော့ဖို့ရှိပါတယ်။ နောက်ပြီးစာရေးဆရာတွေ ရဲ့သာရေးနာရေး လူမှုရေးကိစ္စ တွေမှာ ကူညီစောင့်ရှောက်ဖို့ အဲဒီလို ရည်ရွယ်ချက်တွေလည်း ရှိပါတယ်။ ရသစာပေမဂ္ဂဇင်းတစ်အုပ်ထုတ်ဖို့လည်းရှိပါတယ်။ ဆရာတို့က ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာတဲ့အချိန်ကျရင် ပုဂ္ဂလိက မဂ္ဂဇင်းတွေ တဖြုတ်ဖြုတ်ြေ<ွကနေပေမယ့် မဂ္ဂဇင်းကို ရှုံးရှုံးမြတ်မြတ် မျိုးဆက်သစ်တွေအတွက် လုပ်ဖို့လည်းရှိပါတယ်။

ဆရာတို့ စာပေကလပ်နဲ့ပတ်သက် ပြီး ထပ်ဆောင်းပြောချင်တာ ဘာများ ရှိဦးမလဲဆရာ။

ဆရာတို့က စာရေးဆရာဖြစ် ပြီးသားကိုပဲ လက်ခံတာဖြစ်တဲ့ အတွက် ကျွန်တော်တို့ဆီကို မေတ္တာ ရပ်ခံစရာ မလိုပါဘူး။ စာရေး ဆရာဖြစ်ပြီးသား၊ ခုနကပြောသလို စာပေနဲ့ သက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေကို စာရင်းပြုစုထား တာ၂၆၂ ယောက်ရှိပါတယ်။ အဲဒီလူတွေကို အသုတ်လိုက်ဖိတ်ခေါ် သွားဖို့ ရှိပါတယ်။ အနှေးနဲ့အမြန်ပဲ။ အခုလောလောဆယ်က ကိုယ့်ခြေ ထောက်ပေါ် ရပ်တည်နေရတဲ့ အချိန်ဖြစ်တဲ့အတွက် လူ ၅ဝ နဲ့ပဲ လုပ်ကိုင်သွားမှာပါ။ တကယ့်ရုံး ခန်းတွေ၊ ရန်ပုံငွေတွေရှိလာတဲ့ အခါမှာ တစ်သုတ်ပြီးတစ်သုတ် ခေါ်သွားမယ်။ ပြီးရင်တော့ ညီလာ ခံလုပ်ပြီး ကော်မရှင်ရဲ့ ထုံးစံ အတိုင်း မဲပေးရွေးချယ်ကြပါမယ်။ အဲဒီကျရင်တော့ အတည်ဖြစ်သွား ပြီပေါ့။ အခုတော့ ဆရာတို့ကလပ် က ယာယီလို့ပဲ ပေးထားပါတယ်။ ဆရာတို့အသက်အရွယ်တွေကခုနှစ် ဆယ်တန်းကို ရောက်နေပါပြီ။ နောက်ပြီး ငယ်တဲ့သူဆိုလို့ လေး ဆယ့်ငါး၊ ငါးဆယ်လောက်ရှိတဲ့သူ တွေပါနေကြတယ်။ဆရာတို့အတွက် က ထင်ပေါ်ကျော်ကြားဖို့ မလို တော့ပါဘူး။ ဆရာတို့ရဲ့နောက်ဆုံး ခရီးကနီးနေပြီ။ နောက်မျိုးဆက် သစ်အတွက် တစ်ခုခု ကျန်ခဲ့စေချင်တဲ့ ဆန္ဒရှိတယ်။ လက်ဆင့်ကမ်းပေး ချင်တဲ့စိတ်ရှိတယ်။ အဲဒီအတွက် ဆရာတို့လုပ်နေတာပါ။

ကျေးဇူးတင်ပါတယ်ရှင်။

အိမ်စည်စိုးစံ တွေ့ဆုံသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*