YBS ယာဉ်လိုင်းတာဝန်ခံနှင့် ကုမ္ပဏီကြား လာဘ်ပေးလာဘ်ယူလုပ်ပါက ထုတ်ပယ်သည်အထိ အရေးယူမည်

YBS ယာဉ်လိုင်းတာဝန်ခံနှင့် ကုမ္ပဏီကြား လာဘ်ပေးလာဘ်ယူလုပ်ပါက ထုတ်ပယ်သည်အထိ အရေးယူမည်
May 24, 2017 Asian Fame

3:54 pm
YBS ယာဉ်လိုင်းတာဝန်ခံနှင့် ကုမ္ပဏီကြား လာဘ်ပေးလာဘ်ယူလုပ်ပါက ထုတ်ပယ်သည်အထိ အရေးယူမည်

ဝေရှိုင်းကျော်
ရန်ကုန်၊ မေ ၂၂

YBS ယာဉ်လိုင်းများ ကားသွင်းခြင်း၊ ကားရောင်းခြင်းနှင့် ယာဉ်လိုင်း ပြေးဆွဲခြင်း ကိစ္စများတွင် ယာဉ်လိုင်း တာဝန်ခံနှင့် ကုမ္ပဏီတို့ကြား လာဘ်ငွေရယူ ခြင်းများ စိစစ်တွေ့ရှိပါက ထုတ်ပယ်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

လာဘ်ငွေယူပါက ယာဉ်လိုင်း တာဝန်ခံကို ထုတ်ပယ်ခြင်း၊ ယာဉ်ပိုင်ရှင်ကို အရေးယူခြင်းနှင့် လက်ရှိ YBS စနစ်မှ ထုတ်ပယ်ခြင်းများကို ပြုလုပ်သွားမည်ဟု ဝန်ကြီးချုပ် က ပြောကြားထားကြောင်း YBS (၂၁)ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။ ယခင် မထသစနစ်တွင်လည်း လာဘ်ငွေ ရယူခြင်းများရှိခဲ့ကြောင်း၊ ယခုလက်ရှိ YBS စနစ်တွင်လည်း ထိုကဲ့သို့သော လာဘ်ငွေ ရယူခြင်းများ ရှိနေကြောင်း ကိုတရုတ်လေးက ပြောသည်။

”အခု အဲ့လိုမျိုး ငွေယူတာ တွေ ရှိနေပါတယ်။ တိုင်းအစိုးရ အဖွဲ့ ရုံးမှာ တိုင်စာတွေလည်း ရောက်နေပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်က သတိပေးလိုက်တာပါ” ၎င်းက ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူးထံ ဆက်သွယ် မေးမြန်းသော် လည်း ဆက်သွယ်၍ မရခဲ့ပေ။ ရန်ကုန်တိုင်း အစိုးရသည် YBS စနစ် စတင်သည့် ပထမသုံးလလွန်ပြီးနောက် ဘတ်စ်ကားဟောင်းများနေရာတွင် အသစ်များဖြင့် အစားထိုး ပြေးဆွဲ ပေးသွားမည်ဟု ပြောကြားထားသည်။ လက်ရှိအချိန်တွင် အများပိုင် ဘတ်စ်ကားကုမ္ပဏီအချို့ သည် ကိုယ်ပိုင် အစီအစဉ်များဖြင့် ပြည်ပမှ ဘတ်စ်ကားအသစ်များ ဝယ်ယူထားပြီး ဖြစ်သည်။ YBS ယာဉ်လိုင်းစနစ်ကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီ ၁၆ ရက် နေ့က စတင်ပြောင်းလဲ ပြေးဆွဲ ခဲ့ပြီး လက်ရှိ YBS စနစ်တွင် ယာဉ်လိုင်းပေါင်း ၈ဝ ကျော်နှင့် ဘတ်စ်ကားပေါင်း ၃၅ဝဝ ကျော် ပြေးဆွဲလျက် ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*