Calling ကျပြီး မြန်မာလုပ်သားများ မလေးရှားသို့ ပို့သင့်ကြောင်း မြန်မာသံရုံး မှတ်ချက်ပေး

Calling ကျပြီး မြန်မာလုပ်သားများ မလေးရှားသို့ ပို့သင့်ကြောင်း မြန်မာသံရုံး မှတ်ချက်ပေး
May 24, 2017 Asian Fame

3:13 pm
Calling ကျပြီး မြန်မာလုပ်သားများ မလေးရှားသို့ ပို့သင့်ကြောင်း မြန်မာသံရုံး မှတ်ချက်ပေး

ရဲလွင်
ရန်ကုန်၊ မေ ၂၂

မလေးရှားသို့ အလုပ်သမားပို့ခွင့် ပြန်ဖွင့်ပေးရေးနှင့်ပတ်သက်၍ Calling Visa ကျပြီးသား အလုပ်သမားများကို စေလွှတ်သင့်သည်ဟု မလေးရှားရှိ မြန်မာသံရုံးမှ မှတ်ချက်ပြုထားကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ လုပ်သားစေလွှတ်ရေးကို ယမန်နှစ် ဒီဇင်ဘာ ၆ ရက်မှစကာ ခေတ္တရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ၆ လနီးပါးရှိလာပြီ ဖြစ်သည်။ ယင်းကာလအတွင်း အလုပ်သမားပို့ခွင့်ပြန်ဖွင့်ပေးရန် ပြည်ပအလုပ်အကိုင် အေဂျင်စီများက တောင်းဆိုထားကြသည်။

သို့သော် အလုပ်သမားဝန်ကြီးဌာနသို့ အကြောင်းပြန်သော မလေးရှားရှိ မြန်မာသံရုံးမှ အကြံပြုချက်တွင် Calling Visa ကျပြီးသားအလုပ်သမားများကို စေလွှတ်သင့်ကြောင်းနှင့် အလုပ်သမားအသစ်များ စေလွှတ်ခြင်းအတွက်မူ မလေးရှား ပြည်တွင်းအခြေအနေများအရ ဆက်လက်ဆိုင်းငံ့ထားရန် အကြံပြုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ်သားရေးရာဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောသည်။”ဒါပေမယ့် မလေးရှားနိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေ တွေအရ ဘာကိုမှ ခွင့်ပြုဖို့အဆင်သင့် မဖြစ်သေးပါဘူး”ဟု ၎င်းက ပြောသည်။

မလေးရှားသို့ Calling ကျပြီးသား အလုပ်သမားများစွာရှိပြီးအလုပ်သမားပို့ခွင့် ပိတ်ထားသဖြင့် သွားမည့်အလုပ်သမားများ နှင့် ပို့သည့်အေဂျင်စီများပါ အခက်အခဲဖြစ်နေကြောင်း၊ လက်ရှိတွင် အေဂျင်စီများအားလုံး ထိုင်းသို့သာလုပ်သားပို့နေကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းချုပ် MOEAF က ပြောကြားထားသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ်သမားပို့ရာတွင် ထိုင်းနိုင်ငံ သို့အများဆုံးဖြစ်ပြီး မလေးရှားနိုင်ငံသည် ဒုတိယအများဆုံး ဖြစ်သည်။ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မလေးရှား နိုင်ငံရှိ ပြည်တွင်းအခြေအနေပြောင်းလဲမှုကြောင့် အလုပ်သမား ပို့ခွင့်ကို မြန်မာအစိုးရကပိတ်ထားခဲ့ခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*