အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲ လုပ်မည်

အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲ လုပ်မည်
May 24, 2017 Asian Fame

3:07 pm
အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲ လုပ်မည်

မေဇင်ဝင်း
ရန်ကုန်၊ မေ ၂၃

အကျဉ်းထောင်စနစ် ပြုပြင်ပြောင်း လဲရေးနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း ((AAPP) မှ သိရသည်။

အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီနှင့် (AAPP) မှ တာဝန်ရှိသူများ မေလ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြရာ အလုပ်ရုံဆွေးနွေးပွဲလုပ်မည့် ကိစ္စကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း (AAPP) ရန်ကုန်တာဝန်ခံဦးအောင်မျိုး ကျော်က ပြောသည်။

”ဆွေးနွေးပွဲလုပ်ဖို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌဆီ စာတင်ရမယ်။ နေပြည်တော်လွှတ်တော်ထဲမှာပဲလုပ်ဖြစ်ဖို့များတယ်။ လွှတ်တော်ကိုယ်စားလှယ် တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြည်ထဲ ရေး၊ ရှေ့နေချုပ်နဲ့ ပြည်ပပညာရှင်တွေ ပါပါမယ်။ ဒီလွှတ်တော်မပိတ်ခင်မှာ လုပ်ဖို့ကျွန်တော်တို့ မှန်းထားပါတယ်”ဟု ¤င်းက ပြောသည်။ လက်ရှိတွင် အကျဉ်းထောင်များ၌ လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေဆဲဖြစ်ရာ အကျဉ်းထောင်စနစ် ပြုပြင် ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲ ပြု လုပ်မည်ဆိုပါက အလွန်ကောင်းကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည့် ဦးထွန်းကြည်က ပြောသည်။

”လုပ်သင့်ပါတယ်။ ထောင်ဆိုတာ ကပြုပြင်ပြောင်းလဲရေးလုပ်တဲ့ သင်တန်း ကျောင်းမဟုတ်ဘူး။ သူက တရားစီရင် ရေးမဏ္ဍိုင်နဲ့ ဆက်နွှယ်နေတယ်။ တရား စီရင်ရေးမဏ္ဍိုင် မတည့်မတ်တဲ့အချိန်မှာ တရားလိုကနေ တရားခံဖြစ်သွားတာတွေလည်း အများကြီးပဲ။ ခုချိန်ထိလည်း ထောင်အရာရှိတွေက လူ့အခွင့်အရေးကို သိရှိနားလည်မှု အားနည်းလို့ ချိုးဖောက်မှုတွေ ရှိနေဆဲပဲ။ ဥပမာ – အင်းစိန်ထောင်ဆိုရင် လူဦးရေ ၅ဝဝဝ ပဲဆံ့တာ။ အဲဒီမှာတစ်သောင်းကျော် ထား ထားတယ်။ ရာသီဥတုကပူပူနဲ့ နေရထိုင်ရတာ ဘယ်လောက်ဒုက္ခရောက်လိုက်မလဲ”ဟု ၎င်းကပြောသည်။ ထို့ကြောင့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရန်အတွက် အကျဉ်း ထောင်ဥပဒေကို ပြင်ဆင်နိုင်ရန် လိုအပ် ကြောင်း၊ အကျဉ်းထောင်ဥပဒေကို ပြင်ဆင်မည်ဆိုပါက လွှတ်တော်တွင်နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ကို တရားဝင် ပြဋ္ဌာန်းနိုင်ရန် လိုအပ်ကြောင်းလည်း ၎င်းကပြောသည်။ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌနှင့် (AAPP) တို့တွေ့ဆုံ ရာတွင် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးကို အဓိကဆွေးနွေးခဲ့ကြ ပြီး တရားစီရင်ရေးစနစ်၊ ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေး စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*