ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ပျူမြို့များ ပြုပြင်ထိန်းသိမ်းမှု ဒုတိယ အစီရင်ခံစာယခု နှစ်ကုန်တင်မည်

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ပျူမြို့များ ပြုပြင်ထိန်းသိမ်းမှု ဒုတိယ အစီရင်ခံစာယခု နှစ်ကုန်တင်မည်
May 24, 2017 Asian Fame

12:21 pm
ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ပျူမြို့များ ပြုပြင်ထိန်းသိမ်းမှု ဒုတိယ အစီရင်ခံစာယခု နှစ်ကုန်တင်မည်

Pyu(ရန်ကုန်၊ မေ ၂၃)

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူရှေးဟောင်း မြို့များနှင့် ပတ် သက်သည့် ပြုပြင် ထိန်းသိမ်းထားမှု ဒုတိယမြောက် အစီရင်ခံစာကို ယခုနှစ်ကုန်တွင် ယူနက်စကိုသို့ တင်ရမည် ဖြစ်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ပျူရှေးဟောင်း မြို့များဖြစ် သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းတို့သည် ၂ဝ၁၄ ဇွန်လ ၂၂ ရက်တွင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ခဲ့ပြီး အဆိုပါ အမွေအနှစ် များကို ပြုပြင် ထိန်းသိမ်းထားမှု အစီ ရင်ခံစာအား ၂ဝ၁၅ ခုနှစ် ဒီဇင် ဘာလ အတွင်းက တစ်ကြိမ် တင် သွင်းခဲ့ပြီးဖြစ်သည်။

ယခုနှစ် ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထားကာ အစီရင်ခံစာ ထပ်မံ တင်သွင်းရမည်ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန် ကြီးဌာန၊ ပျူမြို့ဟောင်းများ ကမ္ဘာ့ အမွေအနှစ် ဒေသခွဲမှ ညွှန်ကြားရေး မှူး ဦးသန်းဇော်ဦး က ပြောသည်။

၂ဝ၁၅ ခုနှစ် အကုန်တွင် တင် သွင်းခဲ့သည့် အစီရင်ခံစာတွင် ပျူ ရှေးဟောင်းမြို့သုံးမြို့ရှိ အရိုးအိုး မြှုပ်နှံမှု ဓလေ့ဆိုင်ရာ အထောက် အထားများ၊ ၄င်းတို့ကို ထိန်းသိမ်း ထားမှုအခြေအနေ၊ အရိုးအိုးများ အား ပြုပြင်ထိန်းသိမ်းခြင်း ဆိုင်ရာ သင်တန်း များပေးခြင်း၊ ထိန်းသိမ်း ရေးဓာတ်ခွဲခန်း တည်ဆောက်ခြင်း တို့ကို ထည့်သွင်းရေးသားခဲ့သည်။

ယခုနှစ်ကုန် တင်ရမည့် အစီ ရင်ခံစာတွင် ခရီးသွား လုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရန် လုပ်ဆောင် ချက်များ စသည်တို့ကို ထည့်သွင်း ရမည်ဟု သိရသည်။

အဆိုပါ အစီရင်ခံစာများ ရေး ဆွဲခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ အတွက် သာသနာရေး နှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ယူနက် စကိုမှ တာဝန်ရှိသူများ၊ ပြည်ပပညာ ရှင်များ၊ ဒေသခံများ ပူးပေါင်းဆောင် ရွက်လျက် ရှိကြောင်း သိရသည်။

အိမ်စည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*