ရန်ကုန်မြို့ရှိ ကျောင်း ၂၂ ကျောင်းကို ကျောင်းကားများ စတင်ပြေးဆွဲမည့်အစီအစဉ်တွင် လိုက်ထရပ်များ ခွင့်ပြုထားဦးမည်

ရန်ကုန်မြို့ရှိ ကျောင်း ၂၂ ကျောင်းကို ကျောင်းကားများ စတင်ပြေးဆွဲမည့်အစီအစဉ်တွင် လိုက်ထရပ်များ ခွင့်ပြုထားဦးမည်
May 24, 2017 Asian Fame

2:05 pm
ရန်ကုန်မြို့ရှိ ကျောင်း ၂၂ ကျောင်းကို ကျောင်းကားများ စတင်ပြေးဆွဲမည့်အစီအစဉ်တွင် လိုက်ထရပ်များ ခွင့်ပြုထားဦးမည်

School Bus

လင်းဟိန်း၊ ဝေရှိုင်းကျော်
ရန်ကုန်၊ မေ ၂၃

ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်စေရန်ဟုဆိုက ရန်ကုန်မြို့အဓိကလမ်းမကြီးပေါ်တွင် တည်ရှိသော စာသင်ကျောင်း ၂၂ ကျောင်းအား ကျောင်း ကြိုပို့ ယာဉ်အသစ်များဖြင့် ပြေးဆွဲ တော့မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားထားသည်။ အဆိုပါ ကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများအား ကြိုပို့လုပ်နိုင်ရန်အတွက် ရန်ကုန် တိုင်းအစိုးရအဖွဲ့က ကျောင်းကား အသစ် အစီး ၂ဝဝ ကို မှာယူထား ပြီးဖြစ်ကာ ယခု ပညာသင်နှစ်မှ စတင် ပြေးဆွဲတော့မည် ဖြစ်သည်။

တိုင်းအစိုးရအဖွဲ့က မှာယူထားသည့် ကားအစီး ၂ဝဝ မှာ စာသင်ကျောင်း ၂၂ ကျောင်းအ တွက် ကြိုပို့လုပ်ရန် မလုံလောက် သည့်အတွက် လိုက်ထရပ်ကားများ ဖြင့် ပြေးဆွဲခွင့်ပြုဦးမည်ဖြစ်သည်။ အဆိုပါ စာသင်ကျောင်းများတွင် ကျောင်းသားဦးရေငါးသောင်း ရှစ်ထောင်ကျော်ရှိသည့်အနက် ကျောင်းကြိုပို့ယာဉ်ဖြင့် ကျောင်း တက်သူဦးရေ နှစ်သောင်းနီးပါးရှိ ပြီး ကိုယ်ပိုင်ကားဖြင့် ကျောင်းတက်သူဦးရေ နှစ်ထောင်နီးပါးရှိသည်။ နောင်လာမည့် စာသင်နှစ် ၂ဝ၁၈-၂ဝ၁၉ တွင်မူ လိုက်ထရပ် ကားများဖြင့် ပြေးဆွဲတော့မည် မဟုတ်ဘဲ ကားအသစ်များဖြင့်သာ ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်သွား မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

အဆိုပါ ကျောင်းကားစနစ်သစ် ဖြင့် ပြေးဆွဲခြင်းမှာ ယာဉ်ကြောကျပ် တည်းမှုကို ဖြေလျှော့နိုင်ရန်စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး ကိုယ်ပိုင် ကားများဖြင့် ကြိုပို့လုပ်ခြင်းများကို ခွင့်မပြုခဲ့သော်လည်း ကျောင်းသား မိဘများ၏ တောင်းဆိုမှုကြောင့် ပြန်လည်ခွင့်ပြုခဲ့သည်။ ဒေါက်တာမောင်အောင်က ”ကိုယ်ပိုင်ကားတွေနဲ့ ပို့တာကိုအချိန်သတ်မှတ်တယ်။ သတ်မှတ်ထားတဲ့ မိနစ် ရပ်၊ တင်၊ ချ ပုံစံနဲ့ပဲ ခွင့်ပြုမယ်။ လာကြိုရင်လည်း ဒီလို ပဲ။ ယာဉ်ထိန်းကလည်း စောင့် ကြည့်မယ်။ CCTV ကင်မရာတွေလည်း တပ်ဆင်သွားမယ်”ဟု ပြောသည်။

အဆိုပါကျောင်းကား ကြိုပို့ စနစ်ကို အကောင်အထည် ဖော်ပါ က ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မည်ဟု ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ ခွဲမှူးရုံး ဒုတိယတပ်ဖွဲ့ခွဲ မှူး (ယာယီ) ရဲမှူး ဦးမျိုးအောင် မြင့်ကပြောသည်။ ”ကျောင်းကားတွေ စီစဉ်ပေးရင်တော့ ကောင်းပါတယ်။ ယာဉ် ကြောကျပ်တည်းမှုတွေကို ဖြေလျှော့ ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကဆိုရင် မိ သားစုတစ်စုမှာ သားနှစ်ယောက်ရှိ ရင် သားတစ်ယောက်ကို တစ်စီးစီ နဲ့ လာကြပါတယ်။ အဲဒီလိုတွေလာ တော့ ယာဉ်ကြောကျပ်တည်းမှုတွေကို ပိုပြီးတော့ ဖြစ်စေပါတယ်”ဟု ပြောသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် စီစဉ် သည့် ယင်းကျောင်းကားစနစ်သည်ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မည်ဟု ပြောဆိုထားသော်လည်း လွှတ်တော်ကိုယ်စားလှယ် နှင့် ကျောင်းသားမိဘများကြားတွင် ဝေဖန်မှုများ ရှိနေသည်။ ကမာရွတ်တွင် နေထိုင်သည့် ကျောင်းသားမိခင် ဖြစ်သူ ဒေါ် လှမေက ”ကျွန်မကလေးကို အမြဲ တမ်းကျောင်း လိုက်ပို့ပေးတယ်။ လမ်းမှာတစ်ခုခုဖြစ်သွားမှာ ကျွန်မ စိုးရိမ်တယ်။ အခုလိုကျောင်းကားနဲ့ ထည့်ပေးရမယ် ဆိုတော့ ကျွန်မ စိုးရိမ်တယ်။ စိတ်မချဘူး။ သမီး မိန်းကလေးလည်း ဖြစ်တယ်လေ”ဟု ပြောသည်။

ဦးဖြိုးမင်းသိန်း စီစဉ်ခဲ့သည့် YBS စနစ်ကို ယခင် မထသစနစ်က ပြေးဆွဲခဲ့သည့်လမ်းကြောင်းများအတိုင်းမဟုတ်တော့ဘဲ လမ်းကြောင်း ပြောင်းလဲပြေးဆွဲခဲ့သည့် အတွက် ခရီးသွားပြည်သူများ အခက်အခဲများ ကြုံခဲ့ရသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် စီစဉ်ခဲ့သည့် YBS စနစ်တွင် လက်ရှိအ ချိန်ထိလည်း ခရီးသွားပြည်သူများ အား မချေမငံဆက်ဆံခြင်း၊ ယာဉ်စီး ခ ပိုမိုတောင်းခံခြင်း စသည်တို့ရှိနေ သေးပြီး ခရီးသွားပြည်သူများကြား တွင် အဆင်မပြေမှုများ ရှိနေသေးသည်။

”ကားစီးရတာ လုံးဝအဆင်မပြေဘူး။ အရင်ကထက် ပိုက်ဆံတွေ ပိုကုန်လာတယ်။ အရင်ကမှ ဘီအမ်တွေ ရှိတော့ အဆင်ပြေသေးတယ်”ဟု မြောက်ဒဂုံတွင် နေ ထိုင်သည့် ခရီးသည် ဆုပိုပိုအောင် က ပြောသည်။ လက်ရှိ ဦးဖြိုးမင်းသိန်း စီစဉ်နေသည့် ကျောင်းကား စနစ်သည်လည်း ယခု YBS စနစ်ကဲ့သို့ ဖြစ်လာမည်ဟူ၍ ပြည်သူများက ဝေ ဖန်နေကြသည်။ အဆိုပါ စနစ်တွင် ကျောင်းသားအားလုံး ကျောင်းကား မစီးမနေရ မဟုတ်ဘဲ လိုက်ပို့သည့် မိဘများအား စည်းကမ်းဖြင့် ထိန်း ကျောင်းရင်း ကျောင်းကား ဝန်ဆောင်မှုကို စီးချင်လာစေရန် ပြင်ဆင်သင့်ကြောင်း သင်္ဃန်းကျွန်းမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က အကြံပြုပြော ဆိုသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*