ယခုနှစ် မိုးကြိုကာလအတွင်း မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၄ ဦးအထိရှိလာ

ယခုနှစ် မိုးကြိုကာလအတွင်း မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၄ ဦးအထိရှိလာ
May 24, 2017 Asian Fame

3:29 pm
ယခုနှစ် မိုးကြိုကာလအတွင်း မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၄ ဦးအထိရှိလာ

သီဟ
ရန်ကုန်၊ မေ ၂၂

၂ဝ၁၇ ခုနှစ် မိုးကြိုကာလအစအတွင်း မိုးကြိုးပစ်ခတ်မှုကြောင့် တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် သေ ဆုံးသူဦးရေ ၂၄ ဦးနှင့် ဒဏ်ရာရရှိသူ ၈ ဦးရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းကျော်ဌေးက ပြောသည်။ ”ဒီနှစ် ဧပြီ ၁ ရက်နေ့ကစပြီး ၂၂ ရက် မေလအထိ ကောက်ယူ ထားတာပါ။ အရင်နှစ်နဲ့ယှဉ်ရင် မိုး ကြိုးပစ်နှုန်းက ပိုစိပ်လာတာ တွေ့ရ တယ်”ဟု ဦးသန်းကျော်ဌေးက ပြောသည်။

တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် မိုးကြိုးပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့ တွင် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံး သူ ပိုမို များပြားကြောင်း ဦးသန်း ကျော်ဌေးက ပြောသည်။ ”မကွေးနဲ့တနင်္သာရီမှာ ခြောက် ဦးစီသေတယ်။ ပဲခူးမှာ သုံးဦးပေါ့။ ရန်ကုန်နဲ့ရခိုင်မှာ နှစ်ဦးစီသေတယ်။ ကျန်တဲ့တိုင်းနှင့် ပြည်နယ်တွေမှာ တစ်ဦးစီသေဆုံးတာတို့ ဒဏ်ရာရရှိ တာတို့ဖြစ်ပါတယ်”ဟု ဦးသန်းကျော် ဌေးက ပြောသည်။ ၂ဝ၁၆ ခုနှစ်အတွင်း မိုးကြိုးပစ် ခတ်ခံရမှု ၅၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၅၉ ဦးသေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးဌာနမှ သိရသည်။ ”ရာသီဥတုတွေ ဖောက်ပြန်လာ တယ်။ လေမုန်တိုင်းတွေ လေပြင်းတိုက်ခတ်မှုတွေကြောင့် ဒီနှစ်မှာ မိုးကြိုးပစ်တဲ့အကြိမ် ပိုများလာတာ တွေ့ရတယ်။ မိုးလယ်နဲ့ မိုးနှောင်း မရောက်သေးတာတောင် မိုးကြိုးပစ် လို့ သေတဲ့သူဦးရေက အရင်နှစ်ရဲ့ တစ်ဝက်နီးပါးရှိနေပြီ”ဟု ဦးသန်း ကျော်ဌေးက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*