မန်ချက်စတာ မိုးလုံလေလုံ ကစားကွင်းကြီးတွင် အသေခံ ဗုံးခွဲမှု တစ်ခုဖြစ်ပွားရာ ၂၂ ဦးသေဆုံး၊ ၅၉ ဦးဒဏ်ရာရ

မန်ချက်စတာ မိုးလုံလေလုံ ကစားကွင်းကြီးတွင် အသေခံ ဗုံးခွဲမှု တစ်ခုဖြစ်ပွားရာ ၂၂ ဦးသေဆုံး၊ ၅၉ ဦးဒဏ်ရာရ
May 24, 2017 Asian Fame

12:14 pm
မန်ချက်စတာ မိုးလုံလေလုံ ကစားကွင်းကြီးတွင် အသေခံ ဗုံးခွဲမှု တစ်ခုဖြစ်ပွားရာ ၂၂ ဦးသေဆုံး၊ ၅၉ ဦးဒဏ်ရာရ

Manchester-attack2(မန်ချက်စတာ၊ မေ ၂၃)

မန်ချက်စတာမိုးလုံလေလုံ ကစားကွင်းကြီးတွင် အသေခံဗုံးခွဲမှု တစ်ခုဖြစ်ပွားရာ ကလေးငယ်များ အပါအ၀င် လူ ၂၂ ဦးမျှ သေဆုံးပြီး ၅၉ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ထိုကစားကွင်းကြီးတွင် ကျင်းပနေသော တေးဂီတ ဖျော်ဖြေပွဲဝယ် အမေရိကန် အဆိုတော် အရီယာနာ ဂရန်ဒီက နောက်ဆုံး အဖြစ် သီဆိုဖျော်ဖြေ အပြီး ဗြိတိန် စံတော်ချိန် ည ၁၀နာရီခွဲခန့်တွင် ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Manchester-attack3အသေခံ ဗုံးဖောက်ခွဲသူမှာ အမျိုးသား တစ်ဦးဖြစ်ပြီး ယင်း ကိုယ်တိုင် သည်လည်း ပေါက် ကွဲမှုကြောင်း သေဆုံးခဲ့ကြောင်း ရဲများ ကပြောပါသည်။

လက်ဖြစ် ဖေါက်ခွဲရေး ကိရိယာဖြင့် ဖောက်ခွဲခြင်းဖြစ်ပြီး အဆိုပါ အမျိုးသား တစ်ဦးထည်းက လုပ်ဆောင်ခြင်း ဖြစ်ကာ၊ သူ၏ ဖောက်ခွဲရေး ကိရိယာမှ ကျွင်းကျန်သော မူလီများ၊ မူလီခေါင်းများနှင့် အခြားအစအန များကိုလည်းတွေ့ရကြောင်း ရဲများကပြောပါသည်။

ဗြိတိန်ဝန်ကြီးချုပ် မစ္စ ထရီဆာ မေကမူ ”တုန်လှုပ်ချောက်ချား ဖွယ်ရာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု”ဖြစ်ကြောင်းပြောပါသည်။

PN002
Ref: Manchester attack: 22 dead and 59 hurt in suicide bombing

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*