နိုင်ကျဉ်းများ ကျန်ရှိနေခြင်းသည် ပြည်တွင်း ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်စေ

နိုင်ကျဉ်းများ ကျန်ရှိနေခြင်းသည် ပြည်တွင်း ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်စေ
May 24, 2017 Asian Fame

4:04 pm
နိုင်ကျဉ်းများ ကျန်ရှိနေခြင်းသည် ပြည်တွင်း ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်စေ

UTunKyi(ရန်ကုန်- မေ ၂၄)

ယခုအချိန် အထိ အကျဉ်းထောင်များမှာ နိုင်ငံရေး အကျဉ်းသားရာနဲ့ ချီကျန်ရှိ နေခြင်းဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကို အနှောင့်အယှက် ဖြစ်စေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ မှဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ် ။

ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ နိုင်ကျဉ်းပါဝင်မှု နည်းနေတာနဲ့ပတ်သတ်ပြီး သူကအထက်ပါ အတိုင်းပြောကြားခဲ့တာပါ ။

၂၁ ရာစု ပင်လုံ ညီလာခံကို ကြိုဆိုတဲ့အနေနဲ့ မေလ ၂၄ရက်နေ့မှာ နိုင်ငံသားအကျဉ်းသား ၁၆၈ ဦးကို လွှတ်ပေး လိုက်ပြီး အဲဒီထဲမှာ နိုင်ကျဉ်း ၁၀ ဦးသာ ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာ) က ထုတ်ပြန်ထားပါတယ်။

” တစ်ချို့ ဆို အတော်ကြာနေပါပြီ။ ဦးသိန်းစိန် အစိုးရလက်ထက် ကတည်းက ထောင်ထဲမှာရှိနေတာ ။ အခု အစိုးရသစ် လက်ထက်မှာလည်း သူတို့ မပါဘူး။ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ နဲ့ ၁၇ ရက်နေ့ တို့ မှာလည်းသူတို့ မပါဘူး။ အခုလည်း မပါဘူး။ လွှတ်တဲ့အခါဘယ်
လိုမူဝါဒမျိုးနဲ့ လွှတ်တာလဲ မေးခွန်းထုတ်ရမယ့် ပုံစံဖြစ်နေတယ်” လို့ ဦးထွန်းကြည်ကပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေ ထဲမှာလည်း နိုင်ကျဉ်းတွေ ရှိနေတာကြောင့် အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကို ဖော်ဆောင်တော့မယ်ဆိုရင် လက်နက်ကိုင်နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စကလည်း ထည့်စဉ်းစားရမယ့် အထဲ
မှာ ပါတယ်လို့ ၎င်း ကပြောပါတယ်။

၂၀၁၇ ဧပြီလကုန် အထိ ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၉၉ ဦး၊အချုပ်ကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသား ၉၁ ဦးနဲ့ အာမခံနဲ့ တရား ရင်ဆိုင်နေ ရတဲ့နိုင်ငံရေး အကျဉ်းသား၁၁၅ ဦး ၊ စုစုပေါင်း ၃၀၅ ဦး ရှိနေတယ်လို့  နိုင်ငံရေး အကျဉ်းသားများ ကူညီစောင်ရှောက်ရေး အသင်းမှ သိရပါတယ်။

ပုံမှာ အင်းစိန်ထောင်ရှေ့တွင် မီဒီယာများ၏ မေးမြန်းမှုကိုပြန်လည်ဖြေကြားနေသော ဦးထွန်းကြည် ပုံဖြစ်ပါသည် ။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*