3:38 pm
(ရန်ကုန်၊ မေ ၂၂)
ချမ်းချမ်းက သူ၏ တစ်ကိုယ် တော်အခွေကို Iron Cross ဖြင့် စတင်တီးခတ်နေပြီး ဇွန်လကုန်တွင် ထွက်ရှိနိုင်ရန် မျှော်မှန်းထားကြောင်း ပြောသည်။
အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက် ဆိုသော်လည်း လှပနေဆဲဖြစ်သော အဆိုတော် ချမ်းချမ်း နှင့်တွေ့ဆုံခိုက် ခန္ဓာ ကိုယ်အလေးချိန် ထိန်းသိမ်းရန် နေ ထိုင် စားသောက်ပုံကို မေးမြန်းရာ ”အဓိက ကတော့ အိမ်ထောင်ကျပြီး သွားလို့ရှိရင် တော့ အမျိုးသမီးတွေက ဝိတ်တအား တက်တာ မြန်တာပေါ့နော်။ အဲဒီအခါ ကျတော့ အစားအသောက် နဲ့ပဲ ထိန်း ရတာပေါ့။ ပြီးတော့ ပျားရည်တို့၊ သံပုရာရည် တို့ကိုရောဖျော်ပြီး သောက်တာမျိုးတို့၊ ညစာမစားဘဲ နေတာမျိုးတို့ အဲဒီလို မျိုးလေးတွေက ကောင်းတယ်။ အဓိကက လေ့ကျင့် ခန်း လုပ်နိုင်ရင်တော့ အကောင်းဆုံး ပေါ့နော်။ လေ့ကျင့်ခန်းက ကျတော့ ကျစ်ကျစ်လျစ်လျစ် နဲ့ ပိန်တာမျိုး ဖြစ်တဲ့အတွက် တကယ်တမ်း အချိုး အစားချင်း ယှဉ်ကြည့် လိုက်တဲ့အခါ ကျလို့ရှိရင် ကျစ်ကျစ်လျစ်လျစ် လှတဲ့ သူက ပိုသာတာပေါ့။ အဲဒီလိုဖြစ်ဖို့ က အစ်မတို့က အချိန် သိပ်တော့ မပေးနိုင်ပါဘူး။ ဒါပေမယ့် ပရိသတ် တွေကြည့်ပျော် ရှုပျော် ရှိအောင်တော့ အဆီမရှိအောင် လေ့ကျင့်ခန်းတွေ ဘာတွေလုပ်၊ အစား ရှောင်တာတို့ လုပ်ဖြစ်တယ်။ ဒါပေမယ့် ကလေး တစ်ဖက်နဲ့ မိသားစု တစ်ဖက်နဲ့ ခရီး သွား ဘာသွားနဲ့ တစ်ခါတလေ ကျရင် တအားပင်ပန်းတယ်။ နားတဲ့ရက်တွေ တော့ လေ့ကျင့်ခန်း လုပ်ဖြစ်တယ်။ နေ့တိုင်းတော့ အစားရှောင် ဖြစ်ပါ တယ်” ဟု ပြောသည်။
ချမ်းချမ်း၏ သမီးလေး မြမိုးဂင်္ဂါ မှာလည်း အသက် ၃ နှစ်နှင့် ၂ လရှိ နေပြီဖြစ်၍ မူကြိုကျောင်း စထားရန် စဉ်းစားထားကြောင်း ပြောပြခဲ့သည်။
မျိုးမောင်