ကိုယ်ပိုင်ဂြိုလ်တုတစ်ခုကို ၃နှစ်အတွင်း လွှင့်တင်သွားမည့် မြန်မာ

ကိုယ်ပိုင်ဂြိုလ်တုတစ်ခုကို ၃နှစ်အတွင်း လွှင့်တင်သွားမည့် မြန်မာ
May 19, 2017 Asian Fame

1:04 pm
ကိုယ်ပိုင်ဂြိုလ်တုတစ်ခုကို ၃နှစ်အတွင်း လွှင့်တင်သွားမည့် မြန်မာ

got

နေပြည်တော် ၊ မေ ၁၉

ကိုယ်ပိုင်ဂြိုလ်တု တစ်ခုကို ၃နှစ်အတွင်း လွှင့်တင်နိုင်ရန် စီစဉ်နေတယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

“ဂြိုလ်တုတစ်ခုလွှင့်တင်ရင် နှစ်နဲ့ချီပြီး ကြာမြင့်နိုင်တယ် ၊ ဘာလို့လဲဆိုတော့ ငွေကြေးကုန်ကျစရိတ်ကိုလည်း တွက်ချက်ရဦးမှာဖြစ်ပါတယ် ၊ လွှင့်တင်ဖို့တော့ ရေရှည်ရည်မှန်းချက်ထားလုပ်ဆောင်နေတယ်”လို့ သူကဆိုပါတယ်။ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးမှာ ဒုတိယ၀န်ကြီး ဦးကျော်မျိုးက အထက်ပါအတိုင်း သတင်းမီဒီယာအချို့ကို ပြောကြားခဲ့တာပါ။လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအနေနဲ့ အမေရိကန် ကုမ္ပဏီ အင်တဲဆက်ရဲ့ အကူအညီနဲ့ ဂြိုလ်တု ဌားရမ်းအသုံးပြုနေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*