ပြည်သူတီးတဲ့ တရားစည် ပီပီသသမည်ပါစေ

ပြည်သူတီးတဲ့ တရားစည် ပီပီသသမည်ပါစေ
May 18, 2017 Asian Fame

12:05 pm
ပြည်သူတီးတဲ့ တရားစည် ပီပီသသမည်ပါစေ

tys

အထူးစိုးရိမ်နေကြပါတယ်

မေလ ၁ဝရက်နေ့ညက မန္တလေးမြို့ ၂၄ နဲ့ ၂၅ ကြား၊ ၈၅ လမ်း၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက် လမ်းပေါ်ရပ်ထားတဲ့ကားများ နံပါတ်ပြားတွေ ဖြုတ်ခိုးခံလိုက်ရပါတယ်။ ခိုးယူသူတွေဟာ မသမာမှုတွေ ကျူးလွန်မှာကို ကားပိုင်ရှင်များက အထူးစိုးရိမ်နေကြပါတယ်။

စိုင်းဇော်ဝင်း

tys2

အစီအစဉ်တကျ လုပ်စေချင်ပါသည်

မကွေးမြို့ ကန်သာဈေးတောင်ဘက် အ.ထ.က (၁) လမ်းတစ်လျှောက် မြောင်းတွေတူးသွားပြီး ၃ လလောက်ရှိပြီ။ ဘာမှလည်း ဆက်မလုပ်ကြတော့ဘူး။ မြောင်းတူးလို့ထွက်လာတဲ့ မြေစာပုံတွေလည်းမရှင်း၊ တစ်နေရာမပြီးသေးဘူး တခြားတစ်နေရာကျော်လုပ်တော့ ဟိုနေရာမပြီး ဒီနေရာမပြီး ဈေးဆိုင်ခန်းတွေရော၊ အိမ်နေလူတွေရော ကိုယ်ထူကိုယ်ထ ဝါးကပ်ကြမ်းခင်း တံတားလေးတွေလုပ်ထားကြပေမယ့် ခုဆိုရင် ရေမြောင်းရေတွေလျှံ ပုပ်စော်နံနေပြီး သွားရေးလာရေးတွေ ခက်ခဲနေလို့ မကွေးတိုင်းဝန်ကြီးချုပ် လှည့်လည်ကြည့်ရှု စစ်ဆေးပေးစေလိုပါတယ်။

သဲစုအောင်

tys3

ကြပ်ကြပ်မတ်မတ် စစ်ဆေးဖို့လိုပြီ

မန္တလေးမြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းက နိုင်ငံ တော်ကို ပြည်သူများပေးဆောင် ထည့်ဝင်ထားတဲ့ အခွန်အခများမှ ချပေးသော ပြည်သူ့ဘဏ္ဍာ ခွဲတမ်းတွေရယ်၊ ဒေသခံတွေရဲ့ ထည့်ဝင် ငွေရယ် လမ်းတွေခင်းတော့ ကောင်းမယ်လို့ရှိသေးတယ် ကုမ္ပဏီတွေရဲ့ ဘာပိုက်လိုင်း ညာပိုက်လိုင်း မြှုပ်ဖို့ဆိုပြီး ဒီလိုတွေ စိတ်တိုင်းကျတူးပြီး ထင်သလိုလုပ်နေတာတွေအတွက် ဘေး အန္တရာယ်ကင်းဖို့နဲ့ လမ်းအရှည်ခိုင်ခံ့ဖို့ အသေအချာစိစစ်ပြီး ပြန်လုပ်ဖို့နဲ့ ကြပ်ကြပ်မတ်မတ်စစ်ဆေးဖို့လိုပြီ…။

tys4

ဘုန်းမင်းမြတ်

စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေကြောင့်

မေလ ၅ ရက်နေ့ ညနေပိုင်းမိုးရွာတော့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် မွန်ဓမ္မာရုံဘေးကမြောင်းထဲမှာ အမှိုက်နဲ့ပိတ်ပြီး လျှံတက်လာတာ မြင်မကောင်းဘူး။ ဈေးသည်တွေ အမှိုက်တွေပစ်ချ ထားတာတော့ မြောင်းပိတ်တာတော်တော်ဆိုးတယ်။ ဂေါပက အဖွဲ့အသစ် ပြောင်းလည်း မထူးပါဘူး။ ရွှေမော်ဓောဘုရားကို ဘယ် သူကယ်မှာလဲ။

Right Edim

(မှတ်ချက်။ ။ ဖော်ပြပါတင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော် မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*