ဂွမြို့နယ်ရှိ ကမ်းသာယာကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖော်ဆောင်မည်

ဂွမြို့နယ်ရှိ ကမ်းသာယာကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖော်ဆောင်မည်
May 18, 2017 Asian Fame

1:52 pm
ဂွမြို့နယ်ရှိ ကမ်းသာယာကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖော်ဆောင်မည်

PN -042
ရန်ကုန်၊ မေ ၁၂

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကမ်းသာယာကမ်းခြေဒေသတွင် ဟိုတယ်လုပ်ငန်းများနှင့်အခြားအပန်းဖြေစရာနေရာများ ဖော်ဆောင် သွားရန်ရှိကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ဟိုတယ်/ခရီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်သည် မေလ ၈ ရက်နေ့တွင် အဆိုပါ ကမ်းခြေဒေသသို့ သွား ရောက်ခဲ့ရာ ရခိုင်ပြည်နယ် ဘဏ္ဍာ ရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာနဝန်ကြီး ဦးကျော်အေးသန်းက ကမ်းသာယာကမ်းခြေ ဟို တယ်နှင့် ခရီးသွားလုပ်ငန်း တိုး တက်ရေးအတွက် လုပ်ဆောင်သွားမည့် ကိစ္စများကို ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ်းသာယာ ကမ်းခြေဒေသ၊ ဇီးကုန်းကျေးရွာအနီးရှိ မြေ ၃၆ ဒသမ ၄ ဧကပေါ်တွင် အထက်ပါ လုပ်ငန်းများကို လုပ်ဆောင်သွား မည်ဖြစ်ပြီး အဆိုပါ မြေမှာ ပြည် နယ် အစိုးရက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ရင်းနှီးမြှုပ်နှံ လိုသည့် လုပ်ငန်းရှင်များကို ဖိတ် ခေါ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန်နှင့် လူ နေမှုဘဝများ တိုးတက်စေရေးအတွက်ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပြီး ကာလတို၊ ကာလရှည် စီမံကိန်းရေးဆွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ကမ်းသာယာကမ်းခြေတွင်ဟို တယ်နှင့်ခရီးသွား လုပ်ငန်းများ ဖော်ဆောင်ပါက ငပလီသို့ လာ သော ခရီးသွားများအတွက် ခရီးတစ်ထောက်နားရာ ဖြစ်မည့်အပြင် ဒေသသစ်တစ်ခုလည်း ပေါ်ထွက်လာမည်ဖြစ်၍ ကြိုဆိုရမည့် အစီအစဉ်ဖြစ်ကြောင်း ငပလီကမ်းခြေမှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

”အခုလုပ်မယ့် ဇီးကုန်းရွာဆိုတာ ဂွကနေ ၁၆ မိုင်လောက်ပဲ ဝေးတယ်။ ဂွဆိုတာလည်း ငါးသိုင်း ချောင်းဘက်ကလာရင် ဘာမှ မ ကြာဘူး။ လမ်းကလည်း ကောင်း နေပြီ။ တကယ်ဆိုဒီနေရာမှာ ခရီးသွားဒေသသစ် ဖော်ထုတ်သင့်နေ ပြီ။ အဲဒီတော့ကမ်းသာယာမှာလုပ် မယ်ဆိုတာ ကြိုဆိုပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခင်ကငပလီကမ်းခြေ သို့ နိုင်ငံခြားသားခရီးသွားများသာ လာရောက်ခဲ့ကြသော်လည်း လက် ရှိတွင် ပြည်တွင်းခရီးသွားများ ပါ လာရောက် လျက်ရှိကြကြောင်း၊ ကမ်းခြေတွင် ခရီးသွားများပြားလွန်းနေ၍ ကမ်းသာယာကမ်းခြေ တွင် ခရီးသွားလုပ်ငန်းလုပ်ဆောင်ပါက ပင်လယ်ကြိုက်သောခရီး သွားများအတွက် ရွေးချယ်စရာနေရာသစ်တစ်ခု တိုးလာနိုင်ကြောင်း ၎င်းက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*