YBS ယာဉ်လိုင်းများ၏ ရိုင်းပြမှုသည် သည်းမခံနိုင်သည့်အခြေအနေရောက်နေပြီး YBS စနစ်မှ ထုတ်ပယ်သည်အထိအရေးယူမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

YBS ယာဉ်လိုင်းများ၏ ရိုင်းပြမှုသည် သည်းမခံနိုင်သည့်အခြေအနေရောက်နေပြီး YBS စနစ်မှ ထုတ်ပယ်သည်အထိအရေးယူမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော
May 17, 2017 Asian Fame

10:49 am
YBS ယာဉ်လိုင်းများ၏ ရိုင်းပြမှုသည် သည်းမခံနိုင်သည့်အခြေအနေရောက်နေပြီး YBS စနစ်မှ ထုတ်ပယ်သည်အထိအရေးယူမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

1

လင်းဟိန်း၊ ဝေရှိုင်းကျော်
ရန်ကုန်၊ မေ ၁၆

YBS ယာဉ်လိုင်းများထဲမှ စည်းကမ်းဖောက်ဖျက်ပြီး ခရီးသည်များကို ရိုင်းပြစွာဆက်ဆံသည့် ယာဉ်လိုင်းများကို YBS စနစ်မှထုတ်ပယ်ပြီး အရေးယူသွားမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောသည်။ မေလ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည့် ယာဉ်ပိုင်ရှင်များနှင့် အစိုးရအဖွဲ့တို့တွေ့ဆုံရာတွင် ရန်ကုန် တိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

”ယာဉ်လိုင်းတွေရဲ့ စည်းကမ်းဖောက် ဖျက်တာတွေဟာ သည်းမခံနိုင်တဲ့အခြေ အနေကို ရောက်နေပြီ။ နောက်ဆုံးသတိပေး ခြင်းအနေနဲ့ ထုတ်ပယ်အရေးယူသွားမယ် လို့ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်” ဟု ယင်းတွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် YBS ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။ လက်ရှိတွင် နိုင်ငံခြားမှ မှာယူထား သော ကားအသစ်များလည်း ရောက်ရှိနေပြီဖြစ်သဖြင့် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်လိုင်းများနေရာတွင် ယင်းကားသစ် များဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောသည်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့က YBS စနစ်တွင် ထည့်သွင်းပြေးဆွဲရန်အတွက် မှာယူထားသည့် ကားစီးရေတစ်ထောင်မှာ ယခုလအတွင်းတွင် အားလုံးရောက်ရှိမည်ဖြစ်ကာ ယင်းကားများဖြင့် ဇွန်လဆန်းတွင် ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောထားသည်။

YBS ယာဉ်လိုင်းများသည် ခရီးသည်များအား မချေမငံဆက်ဆံခြင်း၊ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း၊ အချင်းချင်းပြိုင် မောင်းခြင်း တို့ကြောင့် ခရီးသည်များ၏ဝေဖန်ခြင်း များကို ခံနေကြရသည်။ ”ဒီလို စည်းကမ်းပျက်တဲ့ယာဉ်တွေကို ထုတ်ပစ်ပြီး အရေး ယူမယ်ဆိုတာကောင်းပါတယ်။ အခု YBS ကအရင် မထသထက်တောင် ပိုဆိုးနေ သေးတယ်။ ကားခပိုတောင်းတာတွေ ပြိုင်မောင်းတာတွေ”ဟု အင်းစိန်တွင်နေထိုင်သူ ကိုမောင်မြင့်က ပြောသည်။

YBS ယာဉ်လိုင်းအချို့မှ ယာဉ်အကူများသည် ခရီးသည်များကို ရိုင်းပြစွာဆက်ဆံရုံမက တုတ်လက်နက်များဖြင့် ရိုက်နှက်ခြင်းကြောင့် ခရီသည်များမှာ ဆေးရုံတက်ရသည်အထိ ရှိခဲ့သည်။ YBS စနစ်ကို ပြည်သူများအသုံးပြုရာတွင် အဆင်ပြေမှုမရှိသည့်အတွက် ရန်ကုန်တိုင်းလွှတ်တော်တွင် အဆိုတင်သွင်းကာ လွှတ် တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသေးသည်။

မကြာမီတွင် မိုးတွင်းကာလ၊ ကျောင်းဖွင့်ရာသီကို ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ယာဉ်လိုင်းများအနေဖြင့် ခရီးသွား ပြည်သူများ အဆင်ပြေစေရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန်လည်း ရန်ကုန် တိုင်းအစိုးရအဖွဲ့က ယာဉ်ပိုင်ရှင်များအား မှာကြားခဲ့သည်။ ယင်းအပြင် လက်ရှိ ယာဉ်ကြီးများနှင့် မီနီဘတ်စ်ယာဉ်များ ရောနှောပြေးဆွဲနေသော YBS ယာဉ်လိုင်း များတွင် ယာဉ်ကြီးသီးသန့်၊ မီနီဘတ်စ် သီးသန့်ဖြစ်စေရန်အတွက် ဆောင်ရွက်ထားကြရန်လည်း မှာကြားခဲ့ကြောင်း ကိုတရုတ်လေးက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*