4:58 pm
(ရန်ကုန်၊ မေ ၁၅)
အဆိုတော် ထွန်းထွန်းသည် ယခု နှစ်ပိုင်းအတွင်း ဂီတဘက်ကို ခြေဦးလှည့် ဖြစ်မည် မဟုတ်ဘဲ ရုပ်ရှင် ရိုက်ကူးမှု များဖြင့်သာ အချိန် ကုန်နေမည် ဖြစ်ကြောင်း သိရသည်။
ဂီတဘက်တွင် အတွဲစီးရီးများ ၌သာ ပါဝင် သီဆိုဖြစ်မည်ဟု ထွန်းထွန်းက ပြော သည်။
”ဒီနှစ်ထဲမှာ ကျွန်တာ် လက်ခံထားတဲ့ ရိုက်ကူးရေးတွေ ဆက်နေတယ်။ ဒါကြောင့် ဂီတဘက်ကို အချိန်မပေးနိုင်ဘူး ဖြစ်နေ တယ်။ ကျွန်တော့်ရဲ့ဂီတ ပရိသတ်ကိုလည်း အားနာပါတယ်။ ဒါပေမယ့် ကျွန်တော် ဝင်ဆိုထားတဲ့ အတွဲ စီးရီးတွေ ရှိပါတယ်။ အဲ့ဒါလေးတွေတော့ ထွက်လာဖို့ ရှိပါ တယ်” ဟု ထွန်းထွန်းက ပြောသည်။
ထွန်းထွန်းသည် လတ်တလော ရုံတင် ပြသတော့မည့် ‘လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင် အလိုရှိသည်’ ဇာတ် ကားတွင်လည်း ပါဝင် သရုပ်ဆောင် ထားပြီး အဆိုပါဇာတ်ကား ရိုက်ကူးချိန်တွင် အမှတ်တရ များစွာဖြစ်ခဲ့ကြောင်း ပြော သည်။
”ဒီကားဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရိုက်ထားတာပါ။ ရိုက်တုန်းကလည်း အမှတ်တရတွေ အများကြီး ရှိသလို အခက် အခဲတွေလည်း များပါတယ်။ ဒါပေမယ့် အားလုံးက တက်ညီလက်ညီ ကြိုးစားခဲ့ကြ တဲ့အတွက် ကားကောင်းလေး တစ်ကား ဖြစ်မှာပါ။ ရုံတင်တဲ့ အခါမှာလည်း ပရိသတ် တွေ သဘောကျကြမယ်လို့ မျှော်လင့်ပါ တယ်” ဟု 4င်းကဆိုသည်။
ရဲရဲ