နှစ်လကျော်ကာလ အတွင်း မိုးရွာသွန်းမှုနှင့် လေပြင်း တိုက်ခတ်မှုကြောင့် လူနှစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့

နှစ်လကျော်ကာလ အတွင်း မိုးရွာသွန်းမှုနှင့် လေပြင်း တိုက်ခတ်မှုကြောင့် လူနှစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့
May 17, 2017 Asian Fame

1:40 pm
နှစ်လကျော်ကာလ အတွင်း မိုးရွာသွန်းမှုနှင့် လေပြင်း တိုက်ခတ်မှုကြောင့် လူနှစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့

(ရန်ကုန်၊ မေ ၁၆)

၂ဝ၁၇ ခုနှစ် အတွင်း မိုးသည်းထန် စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှု ကြောင့် လူ ၁၃ ဦး သေဆုံးပြီး လူနှစ် သောင်းကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ပွားခဲ့ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

”ဒဏ်ရာရရှိသူက တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ဆို ၂၄ ဦး ရှိတယ်။ အခု ကောက်ယူထားတဲ့ စစ်တမ်းက မတ်လ ၆ ရက်နေ့မှ မေလ ၁၆ ရက် အတွင်း ကောက်ယူထားတာပါ။ ဇန်န ဝါရီလကနေ မတ်လ ၆ ရက်နေ့ ကြား ထဲမှာတော့ ဘာမှမဖြစ်ခဲ့ပါဘူး” ဟု ၄င်းက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ  ၉၂ဝ နှင့် ဘာသာရေး အဆောက်အအုံ ၄ လုံး ပျက်စီးခဲ့ကြောင်း ၄င်းက ပြော သည်။

”အမိုးလန်တာ အပါအဝင် တစ် စိတ်တစ်ပိုင်း ပျက်စီး သွားတဲ့ အဆောက် အဦးက ၉၃၆၉ ခုရှိတယ်။ ဘာသာရေး အဆောက်အအုံ တစိတ်တပိုင်း ပျက်စီး တာက ၁၂၇ လုံးရှိတယ်”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ပေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ယခုဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံ တွင် ကရင်ပြည်နယ်မှ လွဲ၍ ကျန်တိုင်း နှင့် ပြည်နယ်များတွင် မိုးသည်းထန်စွာ ရွာ၍ လေပြင်း တိုက်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ၄င်းကပြောသည်။

ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် ကချင် ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာ၍ လေပြင်းတိုက်ခတ်မှု အများဆုံးဖြစ်နေ ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*