မဟာမြတ်မုနိ ဘုရားကြီးတွင် ပြုလုပ်သည့် ဝါဆိုခြင်း အလှခတ်ပွဲ၌် ခြင်းအသင်း တစ်ထောင်ကျော် ပါဝင်ကစားမည်

မဟာမြတ်မုနိ ဘုရားကြီးတွင် ပြုလုပ်သည့် ဝါဆိုခြင်း အလှခတ်ပွဲ၌် ခြင်းအသင်း တစ်ထောင်ကျော် ပါဝင်ကစားမည်
May 17, 2017 Asian Fame

2:39 pm
မဟာမြတ်မုနိ ဘုရားကြီးတွင် ပြုလုပ်သည့် ဝါဆိုခြင်း အလှခတ်ပွဲ၌် ခြင်းအသင်း တစ်ထောင်ကျော် ပါဝင်ကစားမည်

Chin(မန္တလေး၊ မေ ၁၆ )

(၈၉) ကြိမ်မြောက် မဟာမြတ် မုနိ ဘုရားကြီး ဝါဆိုခြင်း အလှခတ် ပွဲတော်တွင် ပြည်တွင်းပြည်ပ ခြင်း အသင်း တစ်ထောင်ကျော်  ကစား ကြ မည်ဖြစ်ကြောင်း  ကျင်းပရေး ကော်မတီ အလုပ်အမှုဆောင် အဖွဲ့ ထံမှ သိရသည်။

”မနက် ၉ နာရီကနေ ည ၁၂ နာရီအထိ ရက်ပေါင်း ၆ဝ၊ ပွဲစဉ် ပေါင်းက ၁၈ဝဝ တိတိပါ။ ကဆုန် လပြည့်ကျော် ၁ ရက်ကနေ ဝါဆို လပြည့်ကျော် ၁ ရက်အထိကျင်းပ သွားမှာပါ” ဟု (၈၉) ကြိမ်မြောက် မဟာမြတ်မုနိ ဘုရားကြီး ဝါဆိုခြင်း အလှခတ်ပွဲတော် ကျင်းပရေးကော် မတီတွဲဖက် အတွင်းရေးမှူး ဦးဇော် မောင်မောင်မြင့်က ပြောသည်။

မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီး အနောက်ဘက် ၄၅ တာ ဝါဆိုခြင်း အားကစားရုံ၌ နှစ် စဉ် ကျင်းပနေကျ ဖြစ်သော ဝါဆို ခြင်း အလှခတ်ပွဲတော်ကို  ၂ဝ၁၇ ခုနှစ်၊ မေ ၁၁ ရက်မှ  ဇူလိုင် ၉ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး မေ ၁၁ ရက် နံနက်ပိုင်းတွင် ဖွင့်ပွဲအ ခမ်းအနား ပြုလုပ်ကာ ခြင်းအလှ ခတ်ပွဲတော် စတင်ခဲ့သည်။

ဒေသအသီးသီးမှ ပုံမှန်ခြင်း အလှခတ် ပွဲတော်များနှင့် မတူ သည့် အဆိုပါပွဲတော်သည် လွန်ခဲ့ သော နှစ်ပေါင်း ၉ဝ ခန့်မှစတင်ကာ
ခြင်းဝါသနာရှင် များ စုပေါင်းမှုဖြင့် မဟာမြတ်မုနိဘုရားကြီးအား ဝါဆို သင်္ကန်း၊ ပန်း၊ ဆီမီး ကပ်လှူပူ ဇော်ရန် အစပြုသည့် ပွဲတော်အစီ အစဉ် တစ်ခုဖြစ်ပြီး နှစ်စဉ် နှစ် တိုင်း ခြင်းအသင်း ပေါင်း ထောင် ချီဖြင့် ထူးထူးခြားခြား ကျင်းပသော မြန်မာနိုင်ငံ၏ ရက်ရှည် ခြင်းအလှ ခတ် ပွဲတော်တစ်ခု ဖြစ်သည်။

ပွဲတော်တွင် ပြည်တွင်းမှ ခြင်း လုံးပညာရှင်များ ခြင်းလုံး ဝါသနာ ရှင်များအပြင် ပြည်ပနိုင်ငံ တချို့မှ ခြင်းလုံး ဝါသနာရှင် များလည်း ပါ ဝင် ခတ်ကစားပြသလေ့ ရှိကြောင်း သိရပြီး ယခုနှစ်တွင် အမေရိကန်၊ ဂျပန်နှင့် ထိုင်းနိုင်ငံ တို့မှ ဝါသနာ ရှင်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

”အမေရိကန်က မစ္စတာ ဂျိမ်းစ်၊ ထိုင်းက နီကွန်း၊ နောက် ဂျပန်နိုင်ငံလည်း လာကစားဖို့ စာရင်းပေးထားပါတယ်။ ဒီနှစ် တော့ ထိုင်းလက်ရွေးစင် ခြင်းအသင်း လည်းလာမှာပါ။ ဝါဆိုလ ပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက် နေ့တွေမှာ နိုင်ငံခြား ပွဲစဉ် ရှိပါ တယ်” ဟုလည်း ၄င်းကဆိုသည်။

ဝါဆို ခြင်း အလှခတ်ပွဲတော် ကျင်းပသည့်အခါတိုင်း သက်ကြီး ခြင်းဝါသနာရှင်များ ပူဇော်ကန်တော့ပွဲပါ ကျင်းပလေ့ရှိရာ (၈၉) ကြိမ်မြောက် ဝါဆိုခြင်း အလှခတ် ပွဲတော်နှင့်အတူ အသက် ၇၅ နှစ် နှင့်အထက် သက်ကြီး ခြင်း ဝါသနာ ရှင်များ ပူဇော်ကန်တော့ပွဲလည်း ပါဝင်မည် ဖြစ်ကြောင်း၊ ယခုနှစ် (၂၇) ကြိမ်မြောက် ပူဇော် ကန် တော့ပွဲအား ဇူလိုင် ၈ ရက် (ဝါဆို လပြည့်နေ့) နံနက် ၈ နာရီတွင် ပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*