ဒုတိယ တစ်ကိုယ်တော် အခွေတွင် ပရိသတ် ငြိစေမည့် သီချင်းများ ပြင်ဆင်ထားသည့် ဟန်သီ

ဒုတိယ တစ်ကိုယ်တော် အခွေတွင် ပရိသတ် ငြိစေမည့် သီချင်းများ ပြင်ဆင်ထားသည့် ဟန်သီ
May 17, 2017 Asian Fame

4:58 pm
ဒုတိယ တစ်ကိုယ်တော် အခွေတွင် ပရိသတ် ငြိစေမည့် သီချင်းများ ပြင်ဆင်ထားသည့် ဟန်သီ

HanThi(ရန်ကုန်၊ မေ ၁၅)

အလှမယ် ဟန်သီက ဒုတိယတစ်ကိုယ်တော် အခွေကို ယခုနှစ်ကုန်တွင် ထွက်ရှိနိုင်အောင် ကြိုးစားနေပြီး လက်ရှိတွင် သီချင်း(၅)ပုဒ် ပြီးစီးနေပြီ ဖြစ်ကြောင်း ပြောသည်။

”သီချင်းတွေ အများကြီးဆက်လုပ်နေပါ တယ်။ အခွေက Target  ကတော့ ဇူလိုင်လ လောက် ထွက်မယ်လို့ စဉ်းစားထားတာ ပါ။ ဒါပေမယ့် အခုတော့ မမီလောက် တော့ဘူး။ အနုပညာ လုပ်ငန်းတွေ တအားဆက်နေတာနဲ့ အခွေ အတွက် အချိန် သိပ်မရဘူး ဖြစ်နေတယ်။ ဒီနှစ်ကုန်တော့ ထွက်ဖြစ်မယ်။ ဟန်သီ ရဲ့ ပထမ အခွေက ကလေးဆန်တယ်။ ချစ်စရာကောင်းတဲ့ ဘက် သွားထားတယ်။ ဒီတစ်ခေါက်ကတော့ ပရိသတ်ရင်ထဲထိမယ့် သီချင်း ပုံစံလေးတွေကို ဆိုထားတယ်။ ခံစား ချက်နဲ့ ကိုက်ညီတဲ့ သီချင်းလေးတွေလည်း ပါတာပေါ့နော်။ ပြီးတော့ ပရိသတ်ရင်ထဲကို အဓိကထိမယ့် သီချင်းလေးတွေပါ”ဟု အခွေနှင့် ပတ်သက်၍ ဟန်သီကပြော သည်။

သီချင်းပိုင်းကို အဓိကထား လုပ်နေ သဖြင့် ရုပ်ရှင်ပိုင်းကို လတ်တလော မလုပ် ဖြစ်သေးကြောင်း၊ အခွင့်အရေး ရလျှင် ရသလို ရုပ်ရှင်ပိုင်း ကိုလည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ဟန်သီသည် လက်ရှိတွင် Basic Mangament တက်ရောက်သင်ကြား နေပြီး Bachelor  ရရန် စင်ကာပူ၌  သွား ရောက် သင်ယူမည်ဖြစ်ကာ အနုပညာ အလုပ် များနှင့်လည်း မပြတ်စေရန် လုပ်ဆောင်မည်ဖြစ် ကြောင်း ပြောသည်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*