5:05 pm
(ရန်ကုန်၊ မေ ၈)
Big Bag အဖွဲ့၏စီးရီးသစ် မေလ ၂ဝ ရက်နေ့ တွင် ထွက်ရှိမည်ဖြစ်ကြောင်း Big Bag အဖွဲ့မှ အဆိုတော်ကျားပေါက်က ပြောသည်။
Anger Management ဟု အမည်ပေးထားသော Big Bag ၏ စီးရီးသစ်တွင် သီချင်း ၁ဝ ပုဒ် ပါဝင် မည်ဖြစ်ပြီး ယခု Album ၏ ထူးခြားချက်မှာ တစ်ခွေလုံးကို Theme တစ်ခုတည်းဖြင့် သွားထား သည့် Concept Album ပုံစံဖြစ်သည်ဟု ကျားပေါက် ကဆိုသည်။
”အဲ့ဒီလို လုပ်ချင်တာ ကြာပြီ။ အရင်ကတော့ ကိုယ့်ကိုယ်ကိုယ် မလုပ်နိုင်သေးဘူး ထင်လို့ မလုပ် ဖြစ်တာ။ ခုတော့ တစ်ဝိုင်းလုံး ကလည်း ဒီအပေါ်မှာ စိတ်ပါကြတယ် ဆိုတော့ ဒီလို ဗူဘကာ လုပ်ဖြစ်တာ ပါ။ ရှေ့တစ်ခွေနဲ့ ဆိုရင် တစ်နှစ်ကျော်လောက် ပဲ ခြားမယ်။ အဲ့ဒါကလည်း ရှေ့ခွေမှာက သီချင်း ၈ ပုဒ်ပဲပါတယ်။ သီချင်းပုဒ်ရေ လည်း နည်းတယ်။ ဒီအခွေကတော့ Album အကြီး တစ်ချပ်စာပေါ့”ဟု ကျားပေါက်က ပြောသည်။
Big Bag ၏ Anger Managament စီးရီးသစ် တွင် Anger နှင့် Depression နှစ်ခုကို Theme ယူထားပြီး သီချင်းများကို ကျားပေါက် ကိုယ်တိုင်နှင့် Big Bag မှ ဒရမ်မာ မွန်ဘွဲ့တို့က ရေးသားထား ကြောင်းသိရသည်။ စီးရီးသစ် အမှတ်တရအဖြစ် ပရိသတ် များကလည်း Anger Management Theme ပုံ ဒီဇိုင်းများရေးဆွဲထား ကြပြီး ရေးဆွဲထား သည့် ဒီဇိုင်းများကိုလည်း Big Bag ၏ စီးရီး ကာဗာတွင် ထည့်သွင်း အသုံးပြုသွားမည် ဖြစ် ကြောင်း သိရသည်။
ရဲရဲ