ပြည်သူများ ကိုယ်တိုင် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အား ထိန်းသိမ်း စောင့်ကြည့်နိုင်မည့် ဥပဒေကြမ်း သူရ ဦးရွှေမန်းကော်မရှင် တင်မည်

ပြည်သူများ ကိုယ်တိုင် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အား ထိန်းသိမ်း စောင့်ကြည့်နိုင်မည့် ဥပဒေကြမ်း သူရ ဦးရွှေမန်းကော်မရှင် တင်မည်
May 16, 2017 Asian Fame

4:56 pm
ပြည်သူများ ကိုယ်တိုင် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အား ထိန်းသိမ်း စောင့်ကြည့်နိုင်မည့် ဥပဒေကြမ်း သူရ ဦးရွှေမန်းကော်မရှင် တင်မည်

(ရန်ကုန်၊ မေ ၈)

သူရဦးရွှေမန်း ခေါင်းဆောင်သည့် ကော်မရှင် သည် ပြည်သူများ ကိုယ်တိုင် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ အား ထိန်းသိမ်း စောင့်ကြည့်နိုင်မည့် ဥပဒေကြမ်း တစ်ရပ်ကို ရေးဆွဲကာ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းနိုင်ရန် တင်ထားကြောင်း သိရသည်။

အဆိုပါ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်ထွန်းက ”အကြမ်းဖျင်း ပြောရမယ်ဆိုရင် ပြည်သူတွေ အနေနဲ့  မြို့ နယ် အုပ်ချုပ်ရေးမှူးတွေ လုပ်ချင်တိုင်း လုပ်တာတွေ ကို ထိန်းချုပ်နိုင်အောင်လို့ ဒီဥပဒေကို ရေးဆွဲတာပါ” ဟု ပြောသည်။

ထိုဥပဒေကို ရေးဆွဲရခြင်းမှာ နိုင်ငံတော်နှင့် နိုင်ငံသား များ၏ မျက်နှာအား ကြည့်ပြီးဆွဲခြင်းဖြစ် ကာ မည်သူတစ်ဦး တစ်ယောက်ကမှ  ကော်မရှင်ကို မခိုင်းစေခဲ့ဟု ဆက်ပြောသည်။

ပြင်ပတွင်မူ ယင်းဥပဒေကြမ်း သည် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှ ဆွဲထုတ်မည့် ဥပဒေကြမ်းဟု သတင်း များ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

ယင်းအပေါ် ရေးဆွဲမှုထဲ ပါသည့် ကော်မရှင်အ ဖွဲ့ဝင်က မဟုတ်ဟု ငြင်းဆန်ခဲ့သည်။

”လုံးဝမဟုတ်ပါဘူး။ အဲဒါ တွေက မှားနေတယ်။ မရောက် ပါဘူး” ဟု ဦးမြင့်ထွန်းကဆိုသည်။

၎င်းက  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် မူလအတိုင်း ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက် တွင်  ဆက်ရှိနေဦးမည် ဖြစ်သည်ဟု ဆိုသည်။

တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် များလက်အောက် တွင် ရှိနေမည် မဟုတ်ကြောင်းကိုလည်း ၄င်းက ထပ် မံဆိုသည်။

သို့သော် ဥပဒေကြမ်း ထဲတွင်  မြို့နယ်အုပ်ချုပ် ရေးအဖွဲ့သည် သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးမှူး သို့မဟုတ် ဦးစီးအဖွဲ့ ဥက္ကဋ္ဌကို လည်းကောင်း၊ ယင်းမှ တစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးချုပ် သို့မဟုတ် နေ ပြည်တော်ကောင်စီ ဥက္ကဋ္ဌကို တာဝန်ခံရမည် ဟု ပါရှိသည်။

ထိုဥပဒေကြမ်းကို ကော်မရှင်က ယခုလအတွင်း ပြန်လည် ကျင်းပမည့် လွှတ်တော်တွင်  ဆွေးနွေးနိုင် ရန် တင်သွင်းမည်ဖြစ်သည်။

မြို့နယ်အုပ်ချုပ်ရေး ဥပဒေကြမ်းတွင်အဖွဲ့ ဝင်များမှာ မြို့နယ် အုပ်ချုပ်ရေးမှူး (အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန) သည် ဥက္ကဋ္ဌ ဖြစ်ပြီး အဖွဲ့ဝင်များ အဖြစ် မြို့နယ် ရဲတပ်ဖွဲ့မှူး (မြန်မာနိုင်ငံရဲတပ်ဖွဲ့)၊ မြို့နယ်ဥပဒေ အရာရှိ (မြို့နယ်ဥပဒေရုံး)၊ မြို့နယ် ဦးစီးမှူး (စီမံကိန်းရေးဆွဲရေး ဦးစီးဌာန)၊ မြို့နယ် ဦးစီးမှူး (လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန) တို့ဖြင့် ဖွဲ့စည်းရမည်ဟု အဆိုပါ ဥပဒေ ကြမ်းတွင် ပါရှိသည်။

မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်နှင့် လုပ် ပိုင်ခွင့်များမှာလည်း မြို့နယ်အတွင်း ရပ်ရွာအေး ချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုဆောင် ရွက်ခြင်း၊  လောင်းကစား ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ခ) အရ လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးရန် ဝရမ်းထုတ်ပေးခြင်း၊ မိမိအဖွဲ့ဝင်တစ်ဦး ဦးရှေ့၌ ဖြစ်ပွားသော ပြစ်မှု ကျူးလွန်သူအား ဖမ်း ဆီးစေရန် ခွင့်ပြုခြင်း သို့မဟုတ် ဖမ်းဆီးစေရန် ခွင့် ပြုမိန့် ထုတ်ပေးခြင်းတို့အပါအဝင် အချက် ၁၂ ချက် ကိုလည်း တာဝန်နှင့် လုပ်ပိုင်ခွင့်အဖြစ် ရေးဆွဲထား သည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*