၆၆ (ဃ) ပြင်ဆင်ရန် လွှတ်တော်သို့ မေးခွန်းမေးမည်

၆၆ (ဃ) ပြင်ဆင်ရန် လွှတ်တော်သို့ မေးခွန်းမေးမည်
May 16, 2017 Asian Fame

4:58 pm
၆၆ (ဃ) ပြင်ဆင်ရန် လွှတ်တော်သို့ မေးခွန်းမေးမည်

(ရန်ကုန်၊ မေ ၉)

ဆက်သွယ်ရေး ဥပဒေပုဒ် ၆၆(ဃ) အား ပြင်ဆင်ရန် အတွက် လာမည့် ဒုတိယ အကြိမ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး တွင် မေးခွန်း သို့မဟုတ် အဆိုတစ်ရပ် တင်သွင်းသွားမည်ဟု စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒ နယ် အမှတ် ၅ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောသည်။

”ဒီဥပဒေက မဖြစ်မနေ ပြင်ဆင်သင့်ပြီ။ ဒါကြောင့် အခု လစမယ့်လွှတ် တော်မှာ ပြင်ဆင်ဖို့ အတွက် တင်သွင်း သွားမှာဖြစ်ပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

ထိုသို့ လွှတ်တော်တွင် တင်သွင်းရန် အတွက် အဆိုသို့မဟုတ် မေးခွန်း အဖြစ် မည်ကဲ့သို့ လုပ်ဆောင် မည်ဆိုသည်ကိုမူ ပညာရှင်များနှင့် တိုင် ပင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသန အဖွဲ့မှ ကိုဆောင်းခက ”ပြင်ဖို့တင်မယ် ဆိုရင်တော့ ကြိုဆိုရမှာပေါ့။ ဒါပေမယ့် ပြည်သူ့ အသံကို နားထောင်သင့်တယ်။ အာမခံတစ်ခု ရရေးကိုသာ ထည့်လို့မဖြစ်ဘူး တခြားပြင်စရာတွေလည်း အများကြီးပဲ”ဟု ပြောသည်။

ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ သုံးသပ်ဆန်းစစ်ရေး ကော်မရှင် ကလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ကို ပြင်ဆင် မည်ဖြစ်ကြောင်း ကို ပြီးခဲ့သည့် လွှတ်တော် အတွင်းတွင် ကော်မရှင် အဖွဲ့ဝင်များက ကြေညာ ထားဖူးသည်။

ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရန် ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသန အဖွဲ့ကလည်း ပြင်ဆင်နိုင်ရန် အတွက် ပြည်ထောင်စု လွှတ် တော်မှ ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ် ဆန်းစစ်ရေး ကော်မရှင် အပါအဝင် ကော်မရှင် ကော်မတီ ၅ ခုနှင့် ပြီးခဲ့သည့် စတုတ္ထ အကြိမ် လွှတ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ယ)ကြောင့် အမှုဖွင့် ခံထားရသူ များပြားလျက်ရှိပြီး ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသန အဖွဲ့၏ စစ် တမ်းများအရ ယခုနှစ် မတ်လအထိ အမှုပေါင်း ၅၃မှု အထိ အမှုဖွင့် အရေးယူခြင်း ခံထားရကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*