မြဝတီမြို့ကို ၂ဝ၁၈ ခုနှစ်တွင် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ရောင်းချနိုင်ရန် စီစဉ်နေ

မြဝတီမြို့ကို ၂ဝ၁၈ ခုနှစ်တွင် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ရောင်းချနိုင်ရန် စီစဉ်နေ
May 16, 2017 Asian Fame

4:54 pm
မြဝတီမြို့ကို ၂ဝ၁၈ ခုနှစ်တွင် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ရောင်းချနိုင်ရန် စီစဉ်နေ

(ရန်ကုန်၊ မေ ၉ )

ထိုင်းမြန်မာ နယ်စပ်မြို့ဖြစ် သော မြဝတီမြို့ကို ၂ဝ၁၈ ခုနှစ် တွင် လျှပ်စစ်ဓာတ်အား အလုံအ လောက် ဖြန့်ဖြူးပေးနိုင်ရန် စီစဉ် နေကြောင်း ပြည်နယ် အစိုးရအဖွဲ့ ထံမှသိရသည်။

လက်ရှိတွင် မြဝတီမြို့အတွက် လိုအပ်နေသော လျှပ်စစ် ဓာတ်အား ကို ထိုင်းနိုင်ငံမှ ဝယ်ယူ သုံးစွဲနေရ သကဲ့သို့ ကိုယ်ပိုင် မီးစက်များ ဆိုလာ များ အသုံးပြု၍လည်း ဖြေရှင်းနေ ကြသည်။

အရပ်သား အစိုးရ တက်လာ ပြီးနောက် ပြုပြင်ပြောင်းလဲရေး လုပ် ငန်းများ လုပ်ဆောင်ရာတွင် မြဝတီ မြို့အတွက် အဓိက လိုအပ်ချက်ဖြစ် နေသော လျှပ်စစ် ဓာတ်အားကို အ မြန်ဆုံးရရှိရန် မျှော်လင့်နေကြသည်။

မြဝတီမြို့ဒေသခံ ကိုစိုးမင်းက ”ပြောင်းလဲချိန် တန်ပြီဆိုတဲ့ အတိုင်း ကျွန်တော်တို့ရဲ့ လူမှုရေး၊ စီးပွား ရေး၊ ငြိမ်းချမ်းရေး တွေကို အရင်က ထက်ပိုကောင်းမယ်လို့ မျှော်လင့်ပါ တယ်။ လျှပ်စစ် လိုအပ်ချက်ကိုလည်း အစိုးရအပိုင်းကနေ အမြန်ဆုံးရ အောင် လုပ်ပေးနိုင်မယ်လို့ ထင်နေ ပါတယ်” ဟုဆိုသည်။

မြဝတီမြို့အတွက် လျှပ်စစ်ကို ထိုင်းနိုင်ငံရှိ PEA ကုမ္မဏီမှ ဝယ်ယူ အသုံးပြုနေရခြင်း ဖြစ်ပြီး တစ်ယူ နစ်ကို လုပ်ငန်းသုံး အတွက် ၆ဘတ် နှင့် အိမ်သုံး အတွက် ၄ ဒသမ ၂ ဘတ်ဟူ၍ ခွဲခြား သတ်မှတ်ထား ကြောင်း သိရသည်။

”မြဝတီက နယ်စပ်မြို့ဖြစ်ပြီး လျှပ်စစ် လိုအပ်ချက်ကလည်း များ ပါတယ်။ တချို့ကုန်ထုတ် လုပ်ငန်း တွေအပြင် တခြား စီးပွားရေးတွေ အတွက်လည်း သုံးနေရပါတယ်။ ဒါကြောင့် မဖြစ်မနေ တစ်ဖက်နိုင်ငံ ကနေဝယ်သုံး နေရခြင်းပါ။ ဒီလိုမှ မသုံးရင် အမှောင်ထဲ နေရမယ့် အ ခြေအနေလေ”ဟု မြဝတီမြို့ ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့် စင်အောင်က ဆိုသည်။

လက်ရှိတွင် အစိုးရ မှမြဝတီမြို့ အတွက် ၆၆ ကေဗီ လျှပ်စစ် ဓာတ်အားခွဲရုံ တည်ဆောက်နေပြီး ၂ဝ၁၈ ခုနှစ်အတွင်း အပြီးသတ်နိုင်မည် ဖြစ်ကာ မြဝတီမှ ကော့ကရိတ်သို့ လျှပ်စစ် ဖြန့်ဖြူးမှုများ ပြုလုပ်ပေး နိုင်မည်ဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*