ရွှေဈေးနှုန်းများ ပြန်လည်ကျဆင်းပြီး ပြည်တွင်းဈေးကွက် အရောင်းအေးနေ

ရွှေဈေးနှုန်းများ ပြန်လည်ကျဆင်းပြီး ပြည်တွင်းဈေးကွက် အရောင်းအေးနေ
May 16, 2017 Asian Fame

4:38 pm
ရွှေဈေးနှုန်းများ ပြန်လည်ကျဆင်းပြီး ပြည်တွင်းဈေးကွက် အရောင်းအေးနေ

မှူးအိမ်ဇော်
ရန်ကုန်၊ မေ ၈

ဧပြီပထမပတ်မှ စတင်၍ မြင့်တက်ခဲ့သော ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်လာခဲ့ပြီးနောက် ယခုမေလ ဒုတိယပတ်အတွင်း ဈေးနှုန်းပြန် လည်ကျဆင်းခဲ့ပြီး အရောင်းအဝယ်အေးနေကြောင်း ပြည်တွင်း ရွှေဈေးကွက်မှ သိရသည်။ ပြည်တွင်း ရွှေဈေးကွက်တွင် အခွန်ဆိုင်ရာကိစ္စရပ်များကြောင့် ရွှေစုလိုသူများ ရွှေမဝယ်ကြတော့ဘဲ အရောင်းအဝယ် အေးသွား ခြင်း ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဧပြီလ ၂၄ ရက်က ကျပ် ၉ဝ၈ဝဝဝ ရှိခဲ့ပြီး ဧပြီ ၂၉ ရက် တွင် ကျပ် ၉ဝ၈၅ဝဝ ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည့် လက်ရှိကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် ၁၂၂၈ ဒေါ်လာ ဝန်းကျင်အထိ ကျဆင်းလာသော ကြောင့် ပြည်တွင်းရွှေဈေးသည်လည်း တစ်ကျပ်သားလျှင် ကျပ် ၈ သိန်း ၉ သောင်းဝန်းကျင်သို့ ရောက်ရှိခဲ့လာခဲ့သည်။ ”ဒေါ်လာဈေးကလည်း နည်းနည်းအေးတော့ ရွှေဈေးကကျတာပါ” ဟု အောင်သမာဓိ ရွှေဆိုင်မှ ဦးမော်ကပြောသည်။
လက်ရှိ ပြည်တွင်းဒေါ်လာ ငွေလဲလှယ်နှုန်းသည်လည်း တစ်ဒေါ်လာလျှင် ကျပ် ၁၃၅ဝ ဝန်း ကျင်တွင် ငြိမ်သက်နေသောကြောင့် ရွှေဈေးသည်လည်း အကျဘက်တွင် ထပ်မံရှိနေနိုင် ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*