3:33 pm
PN
ရန်ကုန်၊ မေ ၈
သာကေတရှိ ပိတ်ထားသော အစ္စလာမ်ဘာသာရေးကျောင်း နှစ်ကျောင်းကို ပြန်ဖွင့်ပေးရန် ရန်ကုန်ရှိ နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(Human Rights Watch) က အစိုးရသို့ တောင်းဆို တိုက်တွန်းလိုက်ကြောင်း သိရသည်။
နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးမှ အာရှ ဆိုင်ရာ လက်ထောက်ညွန်ကြားရေးမှူး ဖီလ်ရောဘတ်ဆန်ကမူ ”လက်ရှိအစိုးရဟာ လူနည်းစုကိုးကွယ်ယုံကြည်တဲ့ ဘာသာရေး အပေါ်မှာ အကာအကွယ်ပေးမှု နည်းပါးနေတယ်”ဟု တနင်္လာနေ့က ပြောသည်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးကမူ ”မလိုလားအပ်တဲ့ ရုန်း ရင်းဆန်ခတ်ဖြစ်မှုတွေ ထပ်ဖြစ်မလာစေဖို့ အတွက် တရားရုံးရဲ့ အမိန့်ဒီကရီတွေ မသုံးဘဲနဲ့ အဲဒီကျောင်း နှစ်ကျောင်းကို ယာယီပိတ်ထားတာသာ ဖြစ်ပါတယ်” ဟု ပြောပါသည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းဝယ် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ် အနော်မာ ၁၁ လမ်းနှင့် ၁၂ လမ်း ရှိ အစ္စလာမ်ဘာသာရေး ကျောင်းနှစ် ကျောင်းကိုပိတ်ပေးရန် လူ ၁ဝဝခန့်က ဝိုင်းဝန်း ဖိအားပေးမှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် မလိုလားအပ်သည့် ရုန်းရင်းဆန်ခတ် ဖြစ်မှုများ ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ယာယီပိတ်ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Ref: Myanmar urged to reopen 2 Muslim schools
ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းဝယ် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အနော်မာ ရပ်ကွက်ရှိ ယာယီပိတ်ထားပြီးသော အစ္စလာမ်ဘာသာရေးကျောင်းတစ်ကျောင်းရှေ့တွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူ၍ စောင့်ရှောက်ပေးနေကြစဉ်။ (ဓာတ်ပုံ – ကောင်းစွမ်းသာ)