ယခင်အစိုးရ တာဝန်ရှိသူများ အလွဲသုံးမှုများ ရှိ၊ မရှိ လွှတ်တော်များတွင် မေးခွန်းမေးရန် ပြင်ဆင်နေ

ယခင်အစိုးရ တာဝန်ရှိသူများ အလွဲသုံးမှုများ ရှိ၊ မရှိ လွှတ်တော်များတွင် မေးခွန်းမေးရန် ပြင်ဆင်နေ
May 16, 2017 Asian Fame

3:52 pm
ယခင်အစိုးရ တာဝန်ရှိသူများ အလွဲသုံးမှုများ ရှိ၊ မရှိ လွှတ်တော်များတွင် မေးခွန်းမေးရန် ပြင်ဆင်နေ

P News
ရန်ကုန်၊ မေ ၈

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို ယခင်အစိုးရ တာဝန်ရှိသူများက လွှဲပြောင်းပေးခဲ့မှု ရှိ၊ မရှိ NLD လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင်အဆိုများ၊ မေးခွန်း များ မေးရန် စီစဉ်နေကြသည်။ မကြာခင် ပြန်လည်ကျင်းပတော့မည့် တိုင်းနှင့်ပြည်နယ်လွှတ် တော်အချို့တို့တွင် မေးမြန်းကြမည် ဖြစ်သည်။ ဒေသအသီးသီးက NLD လွှတ်တော်ကိုယ်စားလှယ်တို့ထံ ဆက်သွယ်မေးမြန်းရာ ပဲခူး၊ တနင်္သာရီ၊ ကချင်နှင့် ရန်ကုန်တို့မှ လွှတ်တော်ကိုယ်စားလှယ်တို့က မေး ခွန်းမေးကြမည်ဟု ပြောကြသည်။

ငွေကြေးအလွဲသုံးမှုဖြင့် ရာ ထူးမှ ပြောင်းရွှေ့ခံလိုက်ရသည့် ပဲခူးတိုင်း အစိုးရအဖွဲ့အတွင်းရေးမှူးကိစ္စကို ပဲခူးတိုင်းလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ရီ ရီထိုက်က လွှတ်တော်တွင် မေးခွန်း မေးမည်ဟု ပြောသည်။ ”သူ ငွေရေးကြေးရေး အလွဲ သုံးခဲ့တာ ရှိ၊ မရှိ မေးခွန်းမေးဖို့ စီ စဉ်ထားတယ်။ တကယ်လို့ ရှိခဲ့တယ် ဆိုရင် အဲဒီငွေတွေရော အခုဘယ် ရောက်ကုန်လဲ၊ ဒါတွေပါ ထည့်မေးသွားမယ်”ဟု ၎င်းကပြောသည်။

တနင်္သာရီတိုင်းမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးရဲ မြင့်ထွေး (ခ) ဖိုးလပြည့်ကလည်း တနင်္သာရီတိုင်းတွင် မကွေးတိုင်း ကဲ့သို့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကို ယခင်အစိုးရက လွှဲပြောင်းပေးခဲ့ ခြင်းမရှိဟု သတင်းထွက်နေပြီး ၎င်းအနေဖြင့်လည်း စစ်ဆေးနိုင် ရန်အတွက် မေးခွန်းများ မေးမြန်းသွားမည်ဟု ပြောသည်။
လက်ရှိတွင် မကွေးတိုင်းကဲ့သို့ ဧရာဝတီတိုင်းတွင်လည်း ဒေသဖွံ့ ဖြိုးရေးငွေများ ပြန်လည်အပ်နှံခြင်းမရှိသေးဟု သတင်းထွက် ပေါ်နေသည်။ ယင်းအပေါ် သက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများက ဟုတ်၊ မဟုတ် စစ်ဆေးတော့မည်ဟု သိရသည်။

NLD ပါတီဗဟိုအတွင်းရေး မှူးဖြစ်သူ ဦးဝင်းထိန်က မကွေးတိုင်းကဲ့သို့ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ထိုသို့သော ကိစ္စရပ်မျိုးများရှိနိုင်သည်ဟု မီဒီယာကိုအတိ အလင်း ပြောကြားထားသည်။

၎င်းပြောကြားပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ လွှတ်တော်ကိုယ် စားလှယ်များက မေးခွန်းများမေးရန် ပြင်ဆင်လာသည်ကို တွေ့ရ သည်။ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဒါ ရှိလဆိုင်းက ”သတင်းတွေ ထွက် ပေါ်ခဲ့တဲ့ ကျောက်မျက်ရန်ပုံငွေ ကိစ္စတွေ စစ်ဆေးပေးဖို့ လုပ်သွား မှာပါ” ဟု ဆိုသည်။
အလားတူ ရန်ကုန်တိုင်းလွှတ် တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးကျော်ဇေယျကလည်း ဒေသဖွံ့ ဖြိုးရေးမဟုတ်သည့် စီမံကိန်းများ နှင့် ပတ်သက်၍ ရန်ကုန်တွင် အ လွဲသုံးခဲ့မှု ရှိ၊ မရှိ မေးမြန်းရန်ရှိသည်ဟု ဆိုသည်။ မကွေးတွင် ရေနံလက်ယက် တွင်း ရန်ပုံငွေကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများ ပြန်လည်အပ်နှံ ခြင်း ရှိ၊ မရှိ စစ်ဆေးပေးရန် ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြည်သူ့လွှတ်တော် တွင် မေးခွန်း မေးမြန်းခဲ့သဖြင့် နိုင်ငံတော် သမ္မတရုံးက စစ်ဆေး ရာတွင် ပြန်လည်အပ်နှံမှု မရှိသေး ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် သမ္မတရုံးက ပြီးခဲ့ သည့် လပိုင်းက မကွေးတိုင်းအစိုး ရဟောင်းအနေဖြင့် မကွေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် အ ဖွဲ့အစည်းနှစ်ခုထံသို့ လှူဒါန်းခဲ့ သည့် ငွေများကို လက်ရှိအစိုးရထံ ပြန်လည်လွှဲပြောင်းပေးအပ်ရန် အကြောင်းကြားစာပေးပို့ခဲ့သည်။ လက်ရှိတွင် မကွေးဝန်ကြီး ချုပ်ဟောင်းက ငွေကြေးများကို ပြန်လည် အပ်နှံနေပြီဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*