မန္တလေးတွင် လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်ခြင်းမှာ သဘာဝဘေးကြောင့်လည်း ပါဝင်ဟုဆို

မန္တလေးတွင် လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်ခြင်းမှာ သဘာဝဘေးကြောင့်လည်း ပါဝင်ဟုဆို
May 16, 2017 Asian Fame

3:31 pm
မန္တလေးတွင် လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်ခြင်းမှာ သဘာဝဘေးကြောင့်လည်း ပါဝင်ဟုဆို

(မန္တလေး၊ မေ ၉)

မန္တလေးတွင် လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်နေခြင်းမှာ သဘာဝ ဘေးဒဏ်ကြောင့်လည်း အပါအ ဝင်ဖြစ်ကြောင်း မန္တလေး လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းမှ အထွေထွေ မန်နေဂျာ အင်ဂျင်နီယာ ဦးစိုးမင်းထွန်းက ပြောသည်။

”ဒေသတွင်း လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေ ကတော့ အပြည့်အဝရရှိပါ တယ်။ တချို့သော အပိုင်းလေးတွေ မှာကျ တော့ ရွှေသဘာဝ ဓာတ်ငွေ့  Emergency Shutdown ဖြစ်တဲ့ကိစ္စတို့ တာဝါတိုင်လဲတဲ့ ကိစ္စ တို့ဖြစ်တဲ့ ကာလ တစ်လျှောက်မှာတော့  ယာယီဓာတ်အား ပြတ်တောက်မှုလေးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအတွက်လည်း အ မြန်ဆုံး ပြင်ဆင် ဆောင် ရွက်ပြီးတော့ အခု ဆိုရင် လျှပ်စစ်ဓာတ်အား ပုံမှန်ဖြန့်ဖြူးပေး နိုင်တဲ့အခြေအနေ ရောက်ရှိနေပါပြီ။ ဒီ ကြားထဲမှာပဲ လေမိုးတိုက်လို့ ယာယီဓာတ် အားပြတ်တောက်တာတွေ ဖြစ်ပေါ်ခဲ့တာ ပါ” ဟု ၄င်းက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ယခု နှစ် လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ် တောက်ရခြင်းနှင့် စပ်လျဉ်း၍ မေ ၇ ရက် က မန္တလေးမြို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မန္တလေးတိုင်း ဒေသကြီးရုံး အစည်းအဝေးခန်းမ၌ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ၄င်းက ပြောကြားလိုက် ခြင်းဖြစ်ပြီး ကော်ပိုရေးရှင်း အနေနှင့် လျှပ် စစ်မီးပျက်ချိန် မကြာစေရန် ကြိုတင်ဆောင် ရွက်ထားရှိမှုများ အသင့် လုပ်ထားကြောင်း သိရသည်။

ယခင် အစိုးရ လက်ထက်က မန္တလေး မြို့ပေါ် လျှပ်စစ်ဓာတ်အား ပြတ်တောက် ချိန် မီးစက်ကြီး များဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် စီစဉ်ခဲ့သော်လည်း ထိုစဉ်က တည်းက အသုံးပြုရမှု မရှိ သလောက်ဖြစ် ခဲ့ရကြောင်း၊ ယခုလည်း ရရှိသည့် လျှပ်စစ် ဓာတ်အား ပမာဏနှင့် သုံးစွဲမည့် ပမာဏ လုံလောက်မှု ရှိကြောင်း သိရသည်။

”ဓာတ်အား အလုံအလောက် ရှိပါ တယ်။ ပေးလည်း ပေးနိုင်ပါတယ်။ သဘာဝ ဘေးကြောင့်ဖြစ်စေ၊ ထရန်စဖော်မာကြောင့် ဖြစ်စေ၊ ဓာတ်အား ပြတ်တောက်တာရှိ နိုင်ပါတယ်။ ဒါအတွက်လည်း မိဘပြည်သူ တွေကို မီဒီယာက တစ်ဆင့်တောင်းပန်ပါ တယ်” ဟု ဦးစိုးမင်းထွန်းက ပြောသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းက ကျေးရွာပေါင်း ၄၇ဝဝ ကျော် အနက် ၁၇ဝဝ ကျော် လျှပ်စစ်မီး လင်းနေပြီဖြစ် ကြောင်း၊ နှစ်စဉ်တိုင်းဒေသကြီးအစီအ စဉ်ဖြင့် ကျေးရွာ ၂၅ဝ ခန့်လျှပ်စစ် မီးလင်း ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ လည်း ကမ္ဘာ့ဘဏ်ချေးငွေ အကူအညီဖြင့် ကျေးရွာ ၃၉၃ ရွာအတွက် ဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း၊  ဒေသတွင်း လျှပ်စစ် ဓာတ်အား အလုံအလောက် ရှိ သည့် တိုင်းဒေသကြီး အပြင် နိုင်ငံတော်က ပါကူညီ ဆောင်ရွက်ပေးပါက မန္တလေးတိုင်း ဒေသကြီးသည် တခြား တိုင်းဒေသကြီးများ ထက် အရင်ဦးဆုံးကျေးရွာတိုင်း မီးလင်း သည့် တိုင်းတစ်ခု ဖြစ်လာနိုင်ကြောင်းအဆို ပါသတင်းစာ ရှင်းလင်းပွဲအရသိရသည်။

လက်ရှိ အခြေအနေအရ မန္တလေး တိုင်းဒေသကြီးတွင် ကျေးရွာပေါင်း နှစ် ထောင်ကျော် လျှပ်စစ်မီးလင်းရန် ကျန်နေ သေးသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*