မဟာမြတ်မုနိဘုရား ရင်ပြင်ရှိ ကြေးရုပ် ပြတိုက်ကို ဇွန်လမှစ၍ ဝင်ရောက် ကြည့်ရှုခွင့် ပိတ်မည်

မဟာမြတ်မုနိဘုရား ရင်ပြင်ရှိ ကြေးရုပ် ပြတိုက်ကို ဇွန်လမှစ၍ ဝင်ရောက် ကြည့်ရှုခွင့် ပိတ်မည်
May 16, 2017 Asian Fame

3:34 pm
မဟာမြတ်မုနိဘုရား ရင်ပြင်ရှိ ကြေးရုပ် ပြတိုက်ကို ဇွန်လမှစ၍ ဝင်ရောက် ကြည့်ရှုခွင့် ပိတ်မည်

MDY(မန္တလေး၊ မေ ၈)

မန္တလေး မဟာမြတ်မုနိ ဘုရားကြီး ရင်ပြင်တော်ပေါ်ရှိ ကြေးရုပ်ပြတိုက်ကို ဇွန်လမှစကာ ဝင်ရောက် ကြည့်ရှုခွင့် ယာယီ ပိတ်ထား မည် ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။

ကြေးရုပ်ပြတိုက် အတွင်းရှိ ကြေး ရုပ်များကို အထူးသဖြင့် ပြည်တွင်း ဘုရားဖူး ခရီးသွားများက ယုံကြည်ချက် အစွဲအလန်းဖြင့် ပွတ်သတ် ထိတွေ့ ကိုင် တွယ်ရာမှ နှစ်ပေါင်း များစွာ ကြာလာပြီး နောက် ယခုအခါ ပျက်စီး ပေါက်ပြဲမှုတို့ ဖြစ်ပေါ်လျက် ရှိသဖြင့် ကြေးရုပ်များကို ကြည့်ရှုရုံ အနေအထား ဖြစ်အောင် အ ဆောက်အအုံ ပြန်လည် မွမ်းမံပြင်ဆင် ရန် ဂေါပက အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

”နောက်က ကာထားတဲ့ နံရံကိုဖျက် ပြီး အဆောက်အအုံ နှစ်ခု ပေါင်းလိုက် တော့မယ်ဆိုတော့ ပိတ်ကို ပိတ်ရတော့ မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအ ချိန်ကျရင် ဒီအရုပ်တွေကို သတ်သတ် တစ်နေရာ ထားရမယ်လေ။ မျက်နှာ ကြက်တွေ လုပ်ရမယ်။ အရုပ်တွေ တင်ဖို့ ခုံတွေ လုပ်ရမယ်။ အဲဒီအချိန် ကျတော့ လူပေးဝင်လို့မရ တော့ဘူး မေလကုန် လောက်မှာ စဖျက်မှာပါ” ဟု ဂေါပက ဥက္ကဋ္ဌ ဦးစိုးလင်းက ပေါ်ပြူလာနယူးစ် နှင့်တွေ့ ဆုံစဉ်ပြောသည်။

မဟာမုနိဘုရားကြီး ရင်ပြင်တော် ပေါ် ကြေးရုပ် ပြတိုက် အတွင်း ကြေးရုပ် ၆ ရုပ် ရှိပြီး အဆိုပါ ကြေးရုပ်များအား ကုန်းဘောင်မင်းဆက် ဘကြီးတော် (စစ် ကိုင်း)မင်း လက်ထက်တွင် ရခိုင်ပြည် နယ်မှ သယ်ယူ လာခြင်းဖြစ်ပြီး ပြတိုက် တစ်ခု အဖြစ် လူအများ ကြည့်ရှုခွင့်ပြုခဲ့ ရာမှ ယုံကြည်ချက် အစွဲအလန်းဖြင့် ပွတ်သတ် ထိတွေ့ ကိုင်တွယ်ခဲ့ကြရာ ကြေးရုပ်များ ပေါက်ပြဲ ပျက်စီးမှုများ ဖြစ် ခဲ့ကြရကြောင်း သိရသည်။

”အဓိကက ဘာလဲဆိုတော့ အရင် ရှိတဲ့ နေရာ အကျယ်အဝန်းက တော် တော်လေး ကျဉ်းတယ်။ ကျဉ်းတဲ့အခါ ကျတော့ ဒီကနေ လူသွား လမ်းက  ခြောက်ပေလောက် ချန်ထားတယ်။ မှန် ကာထားတယ် ဆိုပေမယ့် လက်နဲ့လှမ်း ကိုင်လို့ ရနေမယ်။ အဲဒီတော့ ဒီအကျယ် အဝန်းနဲ့ ဘယ်လိုမှ အဆင်မပြေဘူး၊ ဒါကြောင့်မို့လို့ နောက်ကိုထပ် တိုးချဲ့ လိုက်တာပါ၊ ပင်မ အဆောက်အအုံ အတွက်တစ်လ၊ နောက်က အဆောက်အ အုံအတွက်က တစ်လဆိုတော့ စုစု ပေါင်း နှစ်လလောက်တော့ ကြာမယ်” ဟု ၄င်းက ပြောသည်။

ဇွန်လတစ်လလုံး ပိတ်ကာ ပြင်ဆင် သင့်သည်များကို ပြင်ဆင်မည်ဖြစ်ပြီး ပြု ပြင်မှုများ ပြီးစီးပါက ပြတိုက်ကို ပြန်ဖွင့် ပေးမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*