HIV / AIDS အပါအဝင် ရောဂါကြီး သုံးမျိုး ကူးစက်မှု လျော့ကျသွားဟုဆို

HIV / AIDS အပါအဝင် ရောဂါကြီး သုံးမျိုး ကူးစက်မှု လျော့ကျသွားဟုဆို
May 4, 2017 Asian Fame

1:52 pm
HIV / AIDS အပါအဝင် ရောဂါကြီး သုံးမျိုး ကူးစက်မှု လျော့ကျသွားဟုဆို

(နေပြည်တော်၊ ဧပြီ ၂၈)

အစိုးရသစ် တက်ပြီး တစ်နှစ်တာ အတွင်း တီဘီ၊ HIV / AIDS ဌက်ဖျား စသည့် ရောဂါကြီး သုံးမျိုး ကူးစက်ပျံ့ ပွားမှု သိသိသာသာ ကျဆင်း သွားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက် တာ သက်ခိုင်ဝင်းက ပြောသည်။

ရေးဆွဲထားခဲ့သော ကျန်းမာရေး စီမံကိန်းများ အတိုင်း ဆောင်ရွက်မှု၊ အ သစ် ပြန်လည်ရေးဆွဲ ထားသော ယခင် ကနှင့်မတူ လက်တွေ့ ကျသည့် ထိရောက် သော အမျိုးသားကျန်းမာရေး စီမံကိန်း အတိုင်း ဆောင်ရွက်ခဲ့မှုတို့ အရ ထိုသို့ လျော့ကျ သွားခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။

တီဘီရောဂါဖြစ်ပွားမှု ကျဆင်းသွား ရခြင်းမှာ ဆေးကုသမှု ခက်ခဲသည့် ဆေး ယဉ်ပါးတီဘီ ရောဂါကုသမှု များကို မြို့ နယ်ဆေးရုံ များတွင် တိုးချဲ့ဆောင်ရွက် ပေး ခြင်း၊ စိတ်ချ လုံခြုံမှုရှိသည့် တီဘီ ပိုး စစ်ဆေးရေး ဓာတ်ခွဲခန်းများ  တိုးချဲ့ ဆောက်လုပ်ခြင်း စသည် တို့ကြောင့် ဖြစ်သည်ဟု ၄င်းက ရှင်းပြသည်။

HIV / AIDS  နှင့်ပတ်သက်၍ HIV  ပိုးရှိသူ တစ်သိန်း နှစ်သောင်းကျော်ကို တိုးချဲ့ကုသပေးနိုင်ခဲ့ကြောင်း၊ HIV ပိုး ရှိမိခင်မှ ကလေးငယ် သို့ မကူးစက်စေ ရန် ကလေးငယ်ပေါင်း ခုနစ်သောင်းကိုး ထောင်ကျော်ကို ကာကွယ်ဆေးထိုးပေး နိုင်ခဲ့ကြောင်း၊ ယင်းအပြင် ART  ဆေး ပေးခန်းများကို သုံးရာကျော် အထိ တိုး ချဲ့ဖွင့်လှစ်ခဲ့သည့် အတွက် HIV / AIDS ကူးစက်သည့်နှုန်း လျော့ကျ သွားခဲ့သည် ဟု ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က ပြောသည်။

အလားတူ ငှက်ဖျားရောဂါ အတွက် လည်း စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့ သည်ဟု ၄င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်ပိုင်းက အစိုးရဆောင် ရွက်ခဲ့သော ငှက်ဖျားရောဂါ တိုက်ဖျက် ရေးလုပ်ငန်းများ အပါအဝင် ကျန်းမာ ရေး ဆောင်ရွက်ချက် အချို့မှာ သိသိ သာသာ တိုးတက်မှု ရှိခဲ့သည်ကို  တွေ့ ရကြောင်း  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အသိအမှတ် ပြုထားသည်။

သို့သော်လည်း ဆောင်ရွက်ချက် များကို အရှိန်ပိုမိုမြှင့်တင်ရန် အစိုးရကို တိုက်တွန်းထားသည်။

HIV / AIDS နှင့်ပတ်သက်၍လည်း မြန်မာသည် ကမ္ဘာတစ်ဝန်း HIV ကူး စက်မှု အသစ်၏ ၉ဝ ရာခိုင်နှုန်းရှိသော  နိုင်ငံ ၃၅ နိုင်ငံတွင် ပါဝင်နေသည့်အ တွက်  ကာကွယ်ကုသရေး လုပ်ငန်းများ အရှိန်မြှင့်တင်ရန် လိုအပ်နေသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

၂ဝ၁၅ ခုနှစ် စာရင်းများအရ မြန် မာနိုင်ငံတွင် HIV ပိုးကူးစက်ခံရသူ နှစ် သိန်းနှစ်သောင်းကျော် ရှိနေသည်။

ယခုအစိုးရသစ် ကုသပေးနေသည့် စာရင်းအရ ဆိုလျှင် HIV ပိုး ကူးစက်ခံရ သူများကို ပိုမိုကုသပေးရန် လိုနေသေး သည်ကို ပြနေသည်။

ယင်းအပြင် တီဘီ ရောဂါနှင့် ပတ် သက်၍လည်း ဆေးယဉ်ပါး တီဘီရော ဂါပိုး အန္တရာယ်က မြန်မာနိုင်ငံကို ခြိမ်း ခြောက်နေသေးသည်။

အစိုးရ အနေဖြင့် ရောဂါကြီး သုံး မျိုးကုသ ကာကွယ်ရေး လုပ်ငန်းများ ကို အရှိန်မြှင့်တင် လုပ်ဆောင် သွားမည် ဖြစ်ပြီး အစိုးရ ဘတ်ဂျက် အပြင် အရပ် ဘက်လူမှု အဖွဲ့အစည်းများ၊ ကုလ သမဂ္ဂ လက်အောက်ခံ ကျန်းမာရေးအ ဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု အမြဲတမ်းအတွင်းဝန်က ပြောသည်။

PNEWS

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*