ပခုက္ကူမှ ပရဟိတသမားဆိုသူအား တရားစွဲဆိုတော့မည်

ပခုက္ကူမှ ပရဟိတသမားဆိုသူအား တရားစွဲဆိုတော့မည်
May 4, 2017 Asian Fame

11:30 am
ပခုက္ကူမှ ပရဟိတသမားဆိုသူအား တရားစွဲဆိုတော့မည်

mjn

ရဲလွင်
ရန်ကုန်၊ မေ ၁

မိန်းကလေးတစ်ဦးအား ဆေး ခပ်၍ မတရားပြုကျင့်သည်ဟု တိုင်ကြားခံရသည့် ပခုက္ကူမြို့နေ ပရဟိတသမားဆိုသူကို မကြာခင် ရုံးတင်တရားစွဲဆိုသွားမည်ဖြစ် ကြောင်း ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။ တိုင်ကြားခံရသူ ကိုမျိုးဇော် ထွေးဆိုသူကို စတင်ဖမ်းဆီးခဲ့သည့် ဧပြီလ ၂၁ ရက်မှ ယနေ့ထိဆိုလျှင် အဆိုပါအမှုမှာ စစ်ဆေးမှု ၁ဝရက် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ မေလ ၁ ရက်နေ့တွင် ပခုက္ကူခရိုင်ရဲ တပ် ဖွဲ့မှူး ရဲမှူးဌေးဝင်းကို နေ့လယ်၂ နာရီ ၄၇ မိနစ်တွင်ပေါ်ပြူလာနယူးစ် က ဆက်သွယ်မေးမြန်းရာ ခရိုင် ရဲတပ်ဖွဲ့မှူးက ”အမှုဖွင့်ထားတာ ပုဒ်မ ၃၇၆ မုဒိန်းမှုကတော့ မှန် တယ်။ အခု အခင်းဖြစ်နေရာက အမျိုးသမီးနဲ့အမျိုးသားဝတ်တဲ့ အင်္ကျီတွေ သက်သေတွေကို ဓာတ် ခွဲဖို့ သက်ဆိုင်ရာဌာနတွေကို ပေး ပို့ထားပါပြီ။ ဆရာဝန်ဆေးစာကိစ္စ ရော။ အားလုံး စုံသွားပြီဆိုရင်တော့ တရားစွဲဆိုမှု စတင်ပါမယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။လူမှုကွန်ရက် စာမျက်နှာများ တွင် ယင်းအမှုနှင့်ပတ်သက်၍ပျံ့နှံ့ နေသည့်သတင်းများ၌ အဆိုပါ ပရဟိတသမားဆိုသူက အမျိုးသမီးတစ်ဦးကို ကာမစိတ်ြ<ွကဆေးအသုံး ပြု၍ မတရားပြုကျင့်သည်ဟု ပျံ့နှံ့ လျက်ရှိသည်။

သို့သော်လည်း ဧပြီ ၂၈ ရက် နံနက် ၁၁ နာရီ အချိန်က ရန်ကုန် မြို့ ကျောက်တံတားမြို့နယ် (၃၄) လမ်း အထက်ဘလောက်ရှိ MJN ရုံးခန်းတွင်ပြုလုပ်သော နစ်နာသူ အမျိုးသမီး၏ သတင်းစာရှင်းလင်း ပွဲတွင်မူ ကာယကံရှင်က ကာမ စိတ်ကြွဆေး အသုံးပြုသည်ဟု မပြောဘဲ မတရားပြုကျင့်မှုအကြိမ် ၃ဝ ခန့်ရှိကြောင်းသာ မီဒီယာများသို့ ပြောခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ပခုက္ကူ ခရိုင်ရဲမှူးဌေးဝင်းကို အမှုတွင် ကာမစိတ်ကြွဆေးသုံးခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် ”ဒါကို ကျွန်တော် မပြောချင်ဘူး။ ဒါတွေက ဖေ့စ် ဘွတ်ခ်ပေါ်မှာ ပျံ့တဲ့သတင်းတွေ။ သူ့ဘက်ကြည့်တော့တစ်မျိုး ကိုယ့် ဘက်ကြည့်တော့တစ်မျိုး အဲဒီလို ပဲ။ ဒါကြောင့် ဒီကိစ္စကို ဟုတ်တယ်၊ မဟုတ်ဘူး မပြောချင်ဘူး။ အမှုနဲ့ မသက်ဆိုင်တဲ့ကိစ္စတွေလို့ပဲပြောချင်တယ်”ဟု ပြန်လည်ဖြေကြားပါသည်။ ယင်းနှင့် ပတ်သက်၍ အဆိုပါအမှု၏ အမှုစစ်ဖြစ်သူ ပခုက္ကူမြို့ မစခန်းမှူး ဒုရဲမှူးကျော်စိုးကို ပေါ် ပြူလာနယူးစ်က ဆက်သွယ်မေး မြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ချေ။ ပခုက္ကူမြို့မရဲစခန်းမှ တာဝန် ကျ ရဲတပ်ကြပ်ကမူ လက်ရှိတွင် တိုင်ကြားခံရသူ ကိုမျိုးဇော်ထွေး ဆိုသူကို ပခုက္ကူထောင်တွင် ရမန် ယူထားပြီး မကြာခင် တရားစွဲဆို မည့်အကြောင်းသာ ပြောဆိုသွား သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*