ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရှစ်သောင်းပုထိုးတော်ကြီးကို ယူနက်စကို စာရင်းဝင်ရန် ကြိုးပမ်းမည်

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရှစ်သောင်းပုထိုးတော်ကြီးကို ယူနက်စကို စာရင်းဝင်ရန် ကြိုးပမ်းမည်
May 4, 2017 Asian Fame

11:52 am
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရှစ်သောင်းပုထိုးတော်ကြီးကို ယူနက်စကို စာရင်းဝင်ရန် ကြိုးပမ်းမည်

rak

ဖြိုးထက်အောင်၊ ဝေရှိုင်းကျော်

ရန်ကုန်၊ မေ ၁

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရှစ်သောင်းပုထိုးတော်ကြီးနှင့် သာသနိကယဉ်ကျေးမှု အဆောက်အအုံ တို့ကို ယူနက်စကို စာရင်းဝင်ရန် NLD အစိုးရက ကြိုးပမ်း တော့မည်ဟု ပြောသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းက ”အဲဒီဒေသကို ကမ္ဘာကသိအောင်ရယ်၊ ကိုယ့်ရဲ့အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ရယ်” ဟု ပြောသည်။ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရှစ် သောင်းပုထိုးတော်ကြီးနှင့် မြောက် ဦးမြို့နယ်ရှိ သာသနိကယဉ်ကျေး မှု အဆောက်အအုံများကို ယူနက်စကိုဝင်နိုင်ရန်အတွက် ကွင်းဆင်းလေ့လာနေသည်ဟု ဖေဖော် ဝါရီလအတွင်းက ပြောကြားထား ဖူးသည်။

လက်ရှိအချိန်တွင် ထိုနေရာများအား နယ်မြေသတ်မှတ်ခြင်းကို လုပ်ဆောင်နေပြီး လာမည့်နှစ်တွင် ယူနက်စကိုသို့ စာတင်သွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ရန်အတွက် လုပ်ဆောင်ရခြင်းသည် နှစ်ပေါင်းရာချီ တည်တံ့စေရန်အ တွက် ယူနက်စကိုမှ နည်းပညာ များကို ရရှိမည်ဖြစ်ခြင်း၊ နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာ မြင့်မားစေခြင်း နှင့် ထိန်းသိမ်းရန်အတွက် လိုအပ်သည့် ရန်ပုံငွေ တစ်စိတ်တစ်ပိုင်း အား ယူနက်စကိုမှတဆင့် ကမ္ဘာ့အလှူရှင်နိုင်ငံများမှ လှူဒါန်းမည် ဖြစ်ခြင်းတို့ကြောင့် စာရင်းဝင်နိုင် ရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန် ကြီးဌာနမှ သိရသည်။လက်ရှိ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတင်နိုင်ရန် ယခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာတွင် ပုဂံဒေသကို စတင်ပြီး စာတင်သွားမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် လိုအပ်သည့် စီမံချက်များကို ယူနက်စကိုနှင့် ပူးပေါင်းကာ ပညာရှင်များဖြင့် ရေးဆွဲနေကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှု ဝန်ကြီးဌာနမှ ဦးဇော်ဇော် ထွန်းက ပြောသည်။ ပျူမြို့ဟောင်း၊ သရေခေတ္တရာ နှင့် ပုဂံတို့ပြီးပါက ရခိုင်ဒေသမှာ စတုတ္ထမြောက် ကမ္ဘာ့အမွေအနှစ် စာရင်းထဲတွင် ဝင်နိုင်မည်ဖြစ် ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ခန့်မှန်းထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*