မသန်စွမ်းများအား လူကယ်ပြန်ဝန်ကြီးဌာနက ပင်စင်ထောက်ပံ့ကြေး ပေးမည်

မသန်စွမ်းများအား လူကယ်ပြန်ဝန်ကြီးဌာနက ပင်စင်ထောက်ပံ့ကြေး ပေးမည်
May 4, 2017 Asian Fame

5:06 pm
မသန်စွမ်းများအား လူကယ်ပြန်ဝန်ကြီးဌာနက ပင်စင်ထောက်ပံ့ကြေး ပေးမည်

စိုင်းလမင်း
နေပြည်တော်၊ ဧပြီ ၂၈

မသန်စွမ်းများအား ပင်စင်ထောက်ပံ့ကြေး ပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ သိရသည်။ ”ကျွန်တော်တို့ လူမှုကာကွယ်ရေး ဥပဒေရေးဆွဲပြီးပြီ၊ ထုတ်ပြန် ဖို့ပဲရှိတော့တယ်။ အဲ့ဒီဥပဒေထုတ် ပြန်ပြီးတာနဲ့ မသန်စွမ်းတွေအ တွက်ပါ ပင်စင်ပေးနိုင်မှာဖြစ်ပါ တယ်”ဟု လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြော သည်။ ထိုသို့ထောက်ပံ့ရာတွင် မသန်စွမ်းများကို ကိုယ်အင်္ဂါမသန်စွမ်းဖြစ်မှုအပေါ်မူတည်၍ ထောက်ပံ့ကြေးပေးနိုင်ရန် စစ်တမ်းကောက်ယူရဦးမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

”သူတို့ရဲ့ ကိုယ်အင်္ဂါမသန် စွမ်းဖြစ်မှုပေါ်မူတည်ပြီးတော့လည်း ထောက်ပံ့ငွေကြေးပိုသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။ လက်ရှိအချိန်တွင် အဆိုပါဝန် ကြီးဌာနအနေနှင့် အသက် ၉ဝ အထက်သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့၏အသက်၂နှစ်အရွယ် ကလေးသူငယ်များကို မကြာမီ ထောက်ပံ့ ငွေပေးတော့မည်ဖြစ်သည်။ ထို့ပြင် မသန်စွမ်းများအား ပင်စင်ထောက်ပံ့ကြေးပေးရန်လည်း ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံရှိ လူဦးရေ၏ ၄ ဒသမ ၆ရာခိုင်နှုန်းမှာ မသန်စွမ်း သူများဖြစ်ပြီးလူဦးရေအားဖြင့် ၂၃ သိန်းကျော်ရှိကြောင်း ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ် အတွင်း ကလေးသူငယ်၊ အမျိုး သမီး၊ မသန်စွမ်း၊ သက်ကြီး၊ မူး ယစ်ဆေးဝါး၊ လူမှုကာကွယ်စောင့် ရှောက်ရေးစသည့် လုပ်ငန်း ၁ဝ ရပ်ကို အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*