ဖားကန့်တွင် ရေမဆေးသမားများ တွေ့ရှိခဲ့သည့် ကျောက်စိမ်းတုံးကြီးအတွက် နစ်နာကြေးအဖြစ် ကျပ်သိန်း ၁၃ဝဝ ဖြင့် ညှိနှိုင်းပေးခဲ့

ဖားကန့်တွင် ရေမဆေးသမားများ တွေ့ရှိခဲ့သည့် ကျောက်စိမ်းတုံးကြီးအတွက် နစ်နာကြေးအဖြစ် ကျပ်သိန်း ၁၃ဝဝ ဖြင့် ညှိနှိုင်းပေးခဲ့
May 4, 2017 Asian Fame

12:18 pm
ဖားကန့်တွင် ရေမဆေးသမားများ တွေ့ရှိခဲ့သည့် ကျောက်စိမ်းတုံးကြီးအတွက် နစ်နာကြေးအဖြစ် ကျပ်သိန်း ၁၃ဝဝ ဖြင့် ညှိနှိုင်းပေးခဲ့

jade

အောင်ပြည့်စုံ

ရန်ကုန်၊ မေ ၂

ဧပြီလ ၂၆ ရက်နေ့က ဖားကန့်မြို့တွင် ရေမဆေးသမားများ ရှာဖွေတွေ့ရှိခဲ့သော အလေးချိန် ၈ ဒသမ ၇ တန်ရှိ ကျောက်စိမ်းတုံးကြီးအတွက် ကျပ်သိန်း ၁၃ဝဝဖြင့် နစ်နာကြေးအဖြစ် ရေမဆေးသမား တစ်သောင်းကျော်ကို ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

၎င်းကျောက်စိမ်းတုံးကြီးကို ကာလတန်ဖိုးအတိုင်း တန်ဖိုးဖြတ်ခြင်းမဟုတ်ဘဲ ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများမှ ကြားဝင်ညှိနှိုင်းပေးခြင်း ဖြစ်သည်။ အဆိုပါ ကျောက်စိမ်းတုံးကို နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသော တောက်ပကြယ် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှ ရရှိခဲ့ခြင်းဖြစ် သည်။ ”ဈေးဖြတ်တာလည်း မဟုတ်ဘူး။ ကျောက်ကို ပြန် ဝယ်တာလည်း လုံးဝ မဟုတ်ဘူးနော်။ ပင်ပန်း ထားလို့ ကရုဏာကြေးပေးတဲ့ သဘောပါ” ဟု ဦးတင့်စိုးက ဆိုသည်။

ယင်းကျောက်စိမ်းတုံးကြီးကို ကုမ္ပဏီမှ သယ်ဆောင်မသွားရန် တားမြစ်ခဲ့သော်လည်း အတင်းအကျပ် သယ်ဆောင်သွားခဲ့သည့် ရေမဆေးသမား ၅ ဦးကို ခြိမ်းခြောက် တောင်းယူမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၃၈၂) ဖြင့် ဧပြီလ ၃ဝ ရက်နေ့က ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားခဲ့သည်။ ယခုအခါ ရေမဆေးသမားများနှင့် ညှိနှိုင်းမှု အဆင်ပြေခဲ့သောကြောင့် မြစ်ကြီးနားမြို့ ကျောက် စိမ်းရုံးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*