3:27 pm

(ရန်ကုန်၊ မေ ၂ )
မြန်မာနှင့် ကမ္ဘောဒီးယား နှစ် နိုင်ငံခရီးစဉ် တစ်ခု အစီအစဉ်ကို လာမည့် ဇွန်လတွင် စတင်လုပ် ဆောင်တော့မည် ဖြစ်ကြောင်း မြန် မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (MTF) ဒုဥက္ကဋ္ဌ ဦးခင်အောင် ထွန်းက ပြောသည်။
အန်ကောဝပ်နှင့် ပုဂံတို့ကို ခရီးစဉ်ဒေသ တစ်ခုအဖြစ် သတ် မှတ်ပြီး Package Tour ဖော် ဆောင်ရန် Working Group ဖွဲ့စည်းရေး၊ နှစ်နိုင်ငံဗီဇာ ကိစ္စ များ၊ ပို့ဆောင်ရေး ကိစ္စများနှင့်၊ ခရီးသွား မြှင့်တင်ရေး ဆိုင်ရာ ကိစ္စများအတွက် မေလ ၂ ရက်တွင် ဟိုတယ်ခရီး ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်နှင့် ခရီးသွား လုပ်ငန်း ရှင်များ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ဆက်စပ်ဌာနများ ဆွေးနွေခဲ့ကြပြီး အဆိုပါ အစီအစဉ်ကို ဇွန်လတွင် စတင်တော့မည် ဖြစ်ကြောင်း သိရ သည်။
”ရန်ကုန် -ဖနွမ်ပင် တိုက်ရိုက် ခရီးစဉ်ကို Emirates လေကြောင်း လိုင်းက ဇွန်လ ၁ ရက်မှာ စဆွဲတော့ မယ်။ အဲဒီတော့ ကမ္ဘောဒီးယား ဧည့်သည်တွေ လည်း မြန်မာပြည် လာလို့ရအောင် စပြီးပြင်ဆင် တာပါ။ မိုးရာသီ ဖြစ်နေတော့ ဧည့်သည်တွေ စိတ်ဝင်စားအောင် ဟိုတယ်ဈေးတွေ ချတာအပြင် Package Tour တွေ ပူးပေါင်းလုပ် ဆောင်ဖို့ ဆွေးနွေးကြတာပါ” ဟု ဦးခင်အောင်ထွန်းက ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလ တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် ဟွန်ဆင်တို့ တွေ့ဆုံစဉ် မြန်မာ – ကမ္ဘောဒီးယား နှစ်နိုင်ငံ အကြား ခရီးသွား လုပ် ငန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု
တိုးမြှင့် ဖော်ဆောင်နိုင်ရေး ဆွေး နွေးခဲ့ကြသည်။
မြန်မာနိုင်ငံရှိ ပုဂံနှင့် ကမ္ဘော ဒီးယားနိုင်ငံ ရှိ ဆီရမ်ရိ (ပ်) တို့တွင် နှစ်နိုင်ငံအကြား ခရီးသွား လုပ် ငန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဖော်ဆောင်နိုင်ရေး၊ မြန်မာ နိုင်ငံ ပုဂံမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)မြို့သို့ မြန်မာနိုင်ငံမှ ယခင်က ပျံသန်း ပြေးဆွဲခဲ့သည့်
လေကြောင်း လိုင်းအား ပြန်လည် ပျံသန်း ပြေးဆွဲရေး အတွက်လည်း ဆွေးနွေးခဲ့ကြသည်။
ယခုအခါ ထိုဆွေးနွေးမှု၏ နောက်ဆက်တွဲ အဖြစ် နှစ်နိုင်ငံ ခရီးစဉ် အစီအစဉ်ကို စတင်ဖော် ဆောင်လာခြင်း ဖြစ်ကြောင်း သိရ သည်။
မေဇင်ဝင်း