အမုန်းစကား တားဆီး ကာကွယ်ရေး ဥပဒေကြမ်း ပြဋ္ဌာန်းနိုင်ရန် သက်ဆိုင်ရာ ဌာနများသို့ ပေးပို့ထား

အမုန်းစကား တားဆီး ကာကွယ်ရေး ဥပဒေကြမ်း ပြဋ္ဌာန်းနိုင်ရန် သက်ဆိုင်ရာ ဌာနများသို့ ပေးပို့ထား
May 3, 2017 Asian Fame

5:15 pm
အမုန်းစကား တားဆီး ကာကွယ်ရေး ဥပဒေကြမ်း ပြဋ္ဌာန်းနိုင်ရန် သက်ဆိုင်ရာ ဌာနများသို့ ပေးပို့ထား

(ရန်ကုန်၊ မေ ၂)

ဘာသာရေးကို အခြေခံကာ အမုန်း စကားပြောနေ သူများကို အရေးယူနိုင်ရန် အမုန်းစကား တားဆီး ကာကွယ်ရေး ဥပဒေကြမ်းကို  သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီး ဌာနက ရေးဆွဲ ပြီးစီးပြီ ဖြစ်ကြောင်း  အဆိုပါ ဝန်ကြီး ဌာနမှ ညွှန် ကြားရေးမှူး ဦးမြင့်ဇော်ဝင်း က ပြော သည်။

ထို့ကြောင့် ဥပဒေကိုအတည်ပြုနိုင် ရေးအတွက် လွှတ်တော်သို့ လည်း ကောင်း၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုး ရေးနှင့် တည်ငြိမ် အေး ချမ်းရေး ကော်မတီ သို့လည်းကောင်း ပေးပို့ထားပြီး ဖြစ် ကြောင်း ၄င်းက ပြောသည်။

”အတည်ပြုဖို့ကတော့ သက်ဆိုင်ရာ ဌာနတွေရဲ့ တာဝန်ပါ” ဟု ၄င်းက ပြော သည်။

ထိုဥပဒေကို ရေးဆွဲရာတွင် ဝန်ကြီး ဌာနတွင် ရှိသော ဥပဒေ ပညာရှင်များ၊  ပြင်ပမှ ဥပဒေ ပညာရှင်များ အပါအဝင် တတ်သိ နားလည်သူများက ရေးဆွဲခဲ့ပြီး ဘာသာ အားလုံး တစ်ပြေးညီဖြစ်ရန် အ တွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အ ကြံပြုချက် များကိုလည်း ရယူထားကြောင်း ၄င်းက ပြောသည်။

ထိုဥပဒေပေါ်ပေါက် လာပါက မြန် မာနိုင်ငံ အတွက် အလွန်ကောင်းကြောင်း တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် ဆန်းအောင် က ပြောသည်။

”လက်ရှိ အစိုးရ အနေနဲ့ ဒီဥပဒေ ပြဋ္ဌာန်းနိုင်ရင် ကမ္ဘာ့ စံချိန်မီသွားမှာ ဖြစ် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယခင် ကထက် ဖွံ့ဖြိုးတိုးတက်မှု မရှိတာ အမုန်း တရားတွေကြောင့် ဖြစ်ပါတယ်” ဟု ၄င်း က ပြောသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန် ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို ကလည်း အဆိုပါ ဥပဒေကို ယခုနှစ်အတွင်းတွင် အပြီးသတ် ထုတ် ပြန်နိုင်ရေး အတွက် ကြိုးပမ်းမည်ဟု ဒုတိ ယအကြိမ် လွှတ်တော် တတိယပုံမှန်အ စည်းအဝေး ကာလ အတွင်းတွင် သတင်း မီဒီယာ များကို ဖြေကြားခဲ့ဖူးသည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*