အစိုးရသစ်လက်ထက် အသက်မပြည့်သေးသူများအား တပ်မတော်ထဲခေါ်သွင်းခဲ့သည့် တပ်မတော်သား ၂ဝ ကို အရေးယူထား

အစိုးရသစ်လက်ထက် အသက်မပြည့်သေးသူများအား တပ်မတော်ထဲခေါ်သွင်းခဲ့သည့် တပ်မတော်သား ၂ဝ ကို အရေးယူထား
May 3, 2017 Asian Fame

2:14 pm
အစိုးရသစ်လက်ထက် အသက်မပြည့်သေးသူများအား တပ်မတော်ထဲခေါ်သွင်းခဲ့သည့် တပ်မတော်သား ၂ဝ ကို အရေးယူထား

PNews
နေပြည်တော်၊ မေ၂

အစိုးရသစ် လက်ထက်မှာပင် အသက် ၁၈နှစ် မပြည့်သေးသူများကို နည်းလမ်း မမှန်စွာဖြင့် တပ်မတော်ထဲသို့ ခေါ်သွင်းနေသည့် တပ်မတော် အရာရှိအချို့ ရှိနေ သေးကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့် နွယ်၏ ပြောကြားချက်များအရ သိရသည်။ ဒုတိယဝန်ကြီးက နိုင်ငံတော် အစိုးရ၏ ပထမတစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုလုပ်ငန်းစဉ် များကို ရှင်းလင်း ပြောကြားရာ၌ ယင်းအရာရှိအချို့ကို စစ်ဆေးတွေ့ ရှိခဲ့ရပါကြောင်း ထည့်သွင်း ပြော ကြားခဲ့သည်။

တပ်မတော်သည် ကလေးစစ် သားစုဆောင်းအသုံးပြုမှု ကာကွယ် ရပ်တန့်ရန်အတွက် ၂ဝ၁၂ ခုနှစ် က ကမ္ဘာ့ကုလသမဂ္ဂနှင့် ကလေး သူငယ်များ စစ်မှုထမ်းခြင်းမှ ကာ ကွယ်တားဆီးထိန်းသိမ်းရေးဆိုင် ရာ လုပ်ငန်းပူးပေါင်းဆောင်ရွက် မှုစီမံချက်တစ်ရပ်ကို လက်မှတ်ရေး ထိုးခဲ့ပြီး တင်းကျပ်စွာ စစ်ဆေးမှု တို့ဖြင့် တပ်မတော်အနေဖြင့် လူငယ်နှင့် ကလေးများကို ဆက်တိုက် ပြန်လွှတ်ပေးနေသည်။ ထို့အတူ နည်းလမ်းမမှန်စွာဖြင့် တပ်မတော်ထဲသို့ ခေါ်သွင်း နေသည့် တပ်မတော်အရာရှိအချို့ကိုလည်း အရေးယူခဲ့သည်။

ဒုတိယဝန်ကြီးက အစိုးရသစ် လက်ထက် နိုင်ငံတော်သမ္မတအမိန့်ဖြင့် အဖွဲ့ဝင် ၁၂ ဦးဖြင့် ပြန် လည် ပြင်ဆင်လိုက်သော ကလေး သူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးဆိုင် ရာကော်မတီက အသက် ၁၈ နှစ် မပြည့်သေးဘဲ တပ်မတော်ထဲသို့ မှားယွင်းရောက်ရှိလာသူ ၆၆ ဦးကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၉ ရက် နေ့တွင် မိဘများထံ အခမ်းအနား ဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း၊ အ ရေးယူဆောင်ရွက်မှုများ အနေဖြင့် တပ်မတော်သို့ ဝင်ရောက်စဉ်အ သက် ၁၈ နှစ်မပြည့်သေးသူများကို နည်းလမ်း မမှန်စွာဖြင့် မှားယွင်း ခေါ်ဆောင်ခဲ့သူ အရာရှိ ၈ ဦး၊ အ ခြားအဆင့် ၁၂ ဦးတို့ကို စစ်ဆေး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ပြောသည်။

ကော်မတီအသစ်တွင် ဥက္ကဋ္ဌ အဖြစ် ကာကွယ်ရေးဝန်ကြီး၊ အတွင်းရေးမှူးအဖြစ် စစ်ဥပဒေချုပ်ရုံး ဒုတိယစစ်ဥပဒေချုပ်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် တပ်အင် အား ဖြည့်တင်းရေး ညွှန်ကြားရေး မှူးရုံး ညွှန်ကြားရေးမှူးတို့က တာ ဝန်ယူပြီး၊ အဖွဲ့ဝင်များအဖြစ် စစ် ဥပဒေချုပ်၊ နိုင်ငံခြားရေးနှင့် ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး များ၊ ဒုတိယရှေ့နေချုပ်၊ တွဲဖက် စစ်ရေးချုပ်၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များလည်း ပါဝင်နေသည်။ ဒုတိယဝန်ကြီးက တပ်မတော် သည် တပ်မတော်ထဲသို့ဝင်ရောက် လာသူများထဲတွင် အသက်မပြည့်သူများ ပါဝင်လာမှု မရှိစေရန် အဆင့်ငါးဆင့်ဖြင့် စစ်ဆေးဆောင် ရွက်လျက်ရှိသည်ဟု ဆက်ပြော သည်။ထိုသို့ တင်းကျပ်နေရင်းကြားထဲမှ တစ်နှစ်အတွင်း အရာရှိအပါအဝင် တပ်မတော်သား ၂ဝ ဦးကို အရေးယူခဲ့ရသည်။ သို့သော် ပြီးခဲ့သည့်နှစ်များက တပ်မတော်က တားမြစ်ထားသည့် ကလေးစစ်သား စုဆောင်းခြင်းနှင့် ပတ်သက်၍ အရေးယူခဲ့သည့် အ ရေအတွက်များနှင့်စာလျှင် ပမာဏက နည်းသွားသည်ကို တွေ့ရ သည်။

တရားဝင် ထုတ်ပြန်ခဲ့သော စာရင်းများအရ ၂ဝ၁၄ ခုနှစ် တစ် နှစ်တာအတွင်း ကလေးစစ်သား စု ဆောင်းခဲ့သူ အရာရှိနှင့် စစ်သည် ၃၂၇ ဦး ကို တပ်မတော်က စစ် စည်းကမ်းဖြင့် အရေးယူခဲ့ရသည်။ ထိုသူတို့သည် အကြောင်းအ မျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့သူ အရာရှိ ၅ဝ ဦးနှင့် စစ်သည် ၂၇၇ ဦး တို့ဖြစ်သည်။ အားလုံးကို စာရင်းချုပ်လိုက် လျှင် ၂ဝ၁၂ခုနှစ်မှ ၂ဝ၁၆ ခုနှစ် အထိ စီမံချက်အရ ကလေးစစ်သား ၈ဝဝ ခန့်ကို တပ်မတော်က မိဘ ထံပြန်လည် အပ်နှံခဲ့ပြီး ဖြစ်သည်။ အရေးယူခံလိုက်ရသည့် အရေ အတွက်မှာလည်း ပြန်လွှတ်လိုက် သည့် ကလေးအရေအတွက် ၏ ၃ ပုံ ပုံ ၂ပုံခန့် ရှိနေသည်။

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က နေပြည်တော် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတွင် ကျင်းပခဲ့သည့် ကလေးသူငယ်အ ခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တပ်မတော်က ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ကလေးစစ်သား ဦးရေ ၁၄ဝ၅ ဦးကို နုတ်ထွက်ခွင့် ပြုပြီး မိသားစုနှင့်ပြန်လည် ပေါင်းစည်းပေးခဲ့ကြောင်း ပြောခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*