ဟားစတိုင်အငြိမ့်အဖွဲ့ အစိုးရကို အကြည်ညိုပျက်စေမည့် ပြက်လုံးမထုတ်ရန် တားမြစ်ခံရ

ဟားစတိုင်အငြိမ့်အဖွဲ့ အစိုးရကို အကြည်ညိုပျက်စေမည့် ပြက်လုံးမထုတ်ရန် တားမြစ်ခံရ
May 3, 2017 Asian Fame

3:24 pm
ဟားစတိုင်အငြိမ့်အဖွဲ့ အစိုးရကို အကြည်ညိုပျက်စေမည့် ပြက်လုံးမထုတ်ရန် တားမြစ်ခံရ

PNews
ပဲခူး၊ မေ ၂

လက်ရှိ အစိုးရသစ်၏ ဆောင်ရွက်ချက်တို့အပေါ် ပြက်လုံးထုတ်ဟာသလုပ်နေသည့် ဟားစတိုင်အငြိမ့်အဖွဲ့ကိုကပြဖျော်ဖြေရာ၌ အစိုးရအား အကြည်ညိုပျက်စေ သည့် ပြက်လုံးများမထုတ်ရန် ကြို့ပင်ကောက် ရပ်ကွက်အာဏာပိုင်တို့က တားမြစ်ခဲ့သည်ဟု သတင်း ရရှိသည်။

ပဲခူး ကြို့ပင်ကောက် ဈေးချိုတောင်ရပ်ကွက်ရှိ ရွှေကျောင်း ရိပ်သာကျောင်းတိုက်အတွင်း ဧပြီ ၂၈ ရက်နေ့မှ ဧပြီ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ဂုဏ်ပြုပူဇော်ပွဲ၌ ဖြစ်သည်ဟု ဟားစတိုင်အငြိမ့် အဖွဲ့က လူရွှင်တော် စတား ကောင်းထက်က ပြောသည်။ အုပ်ချုပ်ရေးမှူး ၂ ဦးက ၎င်းတို့အငြိမ့်အဖွဲ့ကို နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေမည့် ပြက်လုံးများ မထုတ်ရ၊ ရိုးရာယဉ်ကျေးမှုကို ဖီလာ ဆန့်ကျင်သည့် ပြက်လုံး မထုတ်ရ၊ ဘာသာရေးသက်သက်သာ ဖြစ်ရမည်စသည့် စာသား များပါသည့် ဝန်ခံချက်ကို လက်မှတ် ထိုးခိုင်းခဲ့သည်။ လူရွှင်တော် စတား ကောင်းထက်က ”တစ်ခါမှ ဒီလိုလက်မှတ် မထိုးခဲ့ရဖူးဘူး” ဟု ဆိုသည်။

၎င်းအငြိမ့်အဖွဲ့သည် ၂ဝဝ၈ ခုနှစ်က တည်ထောင်ခဲ့သည့်အဖွဲ့ ဖြစ်သည်။ ယခင်နှစ်က ဒေါ် အောင်ဆန်းစုကြည် ပုံစံလုပ်ကာ ပြက်လုံးထုတ်သဖြင့် ဝေဖန်မှုပြင်းထန်စွာ ခံခဲ့ရသည့် အဖွဲ့ဖြစ်သည်။ ခံဝန်ချက်လက်မှတ် ရေးထိုးခိုင်းခဲ့သူ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးချစ်တင်က ၎င်းတားမြစ်ရခြင်းမှာ ဘာသာရေးသက်သက်ဖြစ်သဖြင့် နိုင်ငံရေးမပါဝင်စေလိုသည့် အတွက်ကြောင့်ဖြစ်သည်ဟု ပြောသည်။ ထိုသို့ ခံဝန်ချက်ထိုးခိုင်းမှုကို မည်သည့် တာဝန်ရှိသူကမှ မညွှန် ကြားခဲ့ကြောင်း ရှင်းပြသည်။

”ကျွန်တော် တစ်ဦးတည်း သဘောလုပ်တာပါ။ အားလုံးကလည်း လိုက်နာကြပါတယ်။ အဆင်လည်း ပြေပါတယ်။ ဆရာတော်ကလည်း နိုင်ငံရေးတွေ မပါစေချင်ဘူးလို့လည်း မိန့်ထားလို့ပါ” ဟု ၎င်းက ဆက်ပြောသည်။ သို့သော်လည်း ခံဝန်ချက်စာသည် မြန်မာပြည်သူ သန်းပေါင်းများစွာ အသုံးပြုနေသည့် လူမှုကွန် ရက်ပေါ်တွင် ပျံ့နှံ့သွားသည်။ စစ်အစိုးရ လက်ထက်ရောက် သလိုဖြစ်နေပြီဟု ဝေဖန်သူလည်း ရှိနေသည်။ လူရွှင်တော် စတားကောင်းထက်က ”နိုင်ငံတော်ကို မစော် ကားပါဘူး။ ဒီမိုကရေစီဆိုတဲ့ အတိုင်း ဝေဖန်ထောက်ပြတာပါ။ ပြီးတော့ ကျွန်တော်တို့မသိတဲ့ စီမံကိန်းကိုလည်း မဝေဖန်ပါဘူး။ လတ်တလောဖြစ်နေတဲ့ အလွဲလေး တွေကို ရယ်စရာလုပ်တာပါ။ ဝေဖန်ချက်ထဲမှာ ဘာသာရေးသက်သက်ဖြစ်ရမယ်လို့ ပါနေတော့ ဘာသာရေးပဲ ပြက်လုံးထုတ်ရမလို ဖြစ်နေပြီ” ဟု ပြောသည်။သက်ဆိုင်ရာ တိုင်းအစိုးရတို့ သည် ပြီးခဲ့သည့် သင်္ကြန်က သင်္ကြန်သံချပ်ကိုပင် စိစစ်ခဲ့ဖူးသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*