ယခုဘဏ္ဍာနှစ် အတွက် စိုက်ပျိုးစရိတ် ချေးငွေကို ကျပ်ဘီလျံ နှစ်ထောင် ဝန်းကျင် အသုံးပြုသွားမည်

ယခုဘဏ္ဍာနှစ် အတွက် စိုက်ပျိုးစရိတ် ချေးငွေကို ကျပ်ဘီလျံ နှစ်ထောင် ဝန်းကျင် အသုံးပြုသွားမည်
May 3, 2017 Asian Fame

5:40 pm
ယခုဘဏ္ဍာနှစ် အတွက် စိုက်ပျိုးစရိတ် ချေးငွေကို ကျပ်ဘီလျံ နှစ်ထောင် ဝန်းကျင် အသုံးပြုသွားမည်

(ရန်ကုန်၊ မေ ၂)

၂ဝ၁၇-၂ဝ၁၇ ဘဏ္ဍာနှစ် အတွက် လယ်နှင့်ယာ စိုက်ပျိုး စရိတ်ချေးငွေ စုစုပေါင်း ကျပ် ၁၉၈၃ ဘီလျံကျော် အသုံးပြု သွားမည် ဖြစ်ကြောင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီးဌာနမှ သိရ သည်။

ယခုချေးငွေများကို လယ် တစ်ဧကလျှင် တစ်သိန်းခွဲနှင့် ယာ တစ်ဧကလျှင် ငါးသောင်း ကျပ်နှုန်းဖြင့် ထုတ်ချေးပေးရန် စီစဉ်ထားသည်။ ယခုနှစ်အ တွက် မိုးစပါး စိုက်ပျိုးစရိတ် ချေး ငွေများကို ယခုလ အတွင်း ထုတ်ချေး ပေးသွားမည် ဖြစ် သည်။

”ပြီးခဲ့တဲ့နှစ်က ရေကြီးပြီး စပါးတွေပျက်တော့ ချေးငွေ တွေ အခုထိ ပြန်မဆပ်နိုင်သေး သူ တွေရှိနေတယ်။ အဲဒီလို အခြေအနေမျိုးတွေမှာ ဆို ဝန် ကြီးဌာနကိုတင်ပြရင် ပြန်ဆပ်ဖို့ ရွှေ့ ပေးတာမျိုးတွေ လုပ်ပေးပါ တယ်” ဟု လက်ထောက် အ တွင်းဝန် ဦးမျိုးတင့်ထွန်း က ဆို သည်။

ရာသီဥတုနှင့် သီးနှံဖျက်ပိုး များကြောင့် လယ်သမား အများ စုမှာ စိုက်ပျိုးစရိတ် ချေးငွေ များကို အချိန်မီ ပြန်လည်ပေး ဆပ်နိုင်ခြင်း မရှိကြဘဲ ပြင်ပမှ အတိုးနှုန်းကြီးစွာဖြင့်ရယူကာ နိုင်ငံတော် သို့ပြန်လည် ပေးဆပ် နေရကြောင်း သိရသည်။

စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးရာတွင် အတိုးနှုန်း ၈ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေး ခြင်းဖြစ်ပြီး တစ်ဦးလျှင် လယ် ၁ဝ ဧကအထိ ချေးငွေရယူနိုင် သည်။

စိုက်ပျိုးစရိတ် ချေးငွေများ ကို အချိန်မီ ပြန်မဆပ်နိုင်သည့် လယ်သမားများ အတွက် နိုင်ငံ တော်မှ အကြွေး အားလုံး လျှော် ပစ်ရန်လည်း မဖြစ်နိုင်သော ကြောင့် ကြားခံ အဖွဲ့အစည်း တစ်ခုခုမှ တာဝန်ယူကာ နှစ် ရှည် ပြန်လည် ခွဲဆပ်သွားနိုင် မည့်အခြေအနေ တစ်ခု ဖြစ်လာ စေရန် ကြိုးစားနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် က ကျေးလက် လူငယ်စကား ဝိုင်းတွင် ထည့်သွင်း ပြောကြား ခဲ့ဖူးသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*