မန္တလေးတွင် အမေရိကန် နိုင်ငံသားတစ်ဦး ကွန်ပျူတာအသုံးပြုရင်း သေဆုံး

မန္တလေးတွင် အမေရိကန် နိုင်ငံသားတစ်ဦး ကွန်ပျူတာအသုံးပြုရင်း သေဆုံး
May 3, 2017 Asian Fame

12:12 pm
မန္တလေးတွင် အမေရိကန် နိုင်ငံသားတစ်ဦး ကွန်ပျူတာအသုံးပြုရင်း သေဆုံး

(မန္တလေး၊ မေ ၂)

မန္တလေး မဟာအောင်မြေ မြို့ နယ်၌ မေ ၁ ရက်တွင်  နိုင်ငံခြား သားတစ်ဦး ကွန်ပျူတာ အသုံးပြု ရင်း သေဆုံး သွားသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြို့နယ် အပိုင် ရဲစခန်းမှ သတင်းရရှိသည်။

မန္တလေး မဟာ အောင်မြေမြို့ နယ်  မန္တလေးမြို့သာစက်မှု ဖွံ့ဖြိုးတိုး တက်ရေး အများပိုင် ကုမ္ပဏီရုံးခွဲ တွင် အကြံပေး အဖြစ် တာဝန် ထမ်းဆောင်နေသူ အသက် ၆၅ နှစ်အရွယ် အမေရိကန် နိုင်ငံသား Mr Breynobs Bruce သည် ရုံးခန်း အတွင်းရှိ ကုလားထိုင်ပေါ် တွင် ကွန်ပျူတာ(Laptop) အသုံး ပြုပြီး အိပ်ပျော်နေရာမှ သေဆုံးနေ ကြောင်း သတင်းအရ မြို့နယ်ရဲ တပ်ဖွဲ့မှူးရဲမှူး တင်ထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လဝက ဦးစီး မှူး ဦးသောင်းဒန်နှင့် အဖွဲ့ဝင်များ က သက်သေ နှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ တစ်စုံ တစ်ရာမရှိဘဲ ခုံပေါ်၌သေဆုံးနေ သည်ကို တွေ့ရခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

”ပြင်ပဒဏ်ရာ မရှိဘူး။ အ သက်ရှူကျပ်ရောဂါနဲ့ ရင်ကျပ် ရောဂါ ရှိတယ်ဆိုတာတော့ သိရ တယ်။ အလောင်းက အခုလော လောဆယ် မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာပါ။ သူ့နိုင်ငံပြန်သယ် မလား ဆိုတာတော့ ကျွန်တော်တို့ လည်း မသိသေးဘူး” ဟု မဟာ အောင်မြေမြို့နယ် သတင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သေဆုံးသူသည် မြန်မာနိုင်ငံ သို့ ယခုနှစ်ဧပြီ ၂၈ ရက်တွင်ရောက် ရှိလာခြင်းဖြစ်ပြီး အသက်ရှူမဝ သည့် ရောဂါရှိသဖြင့် ¤င်း၏ အိပ် ခန်းတွင် အသက်ရှူစက် တပ်ထား ရကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မဟာ အောင်မြေမြို့နယ် အမှတ် ၉ မြို့မ ရဲစခန်းက သေမှုသေခင်း အမှတ် စဉ် ၉/၂ဝ၁၇ ဖြင့်ဆောင်ရွက် ထားကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*