ရန်ကုန်နှင့် မန္တလေး အနုပညာ အထက်တန်း ကျောင်းများသို့ ကျောင်းတက်ခွင့် လျှောက်ထားနိုင်ပြီ

ရန်ကုန်နှင့် မန္တလေး အနုပညာ အထက်တန်း ကျောင်းများသို့ ကျောင်းတက်ခွင့် လျှောက်ထားနိုင်ပြီ
April 28, 2017 Asian Fame

10:27 am
ရန်ကုန်နှင့် မန္တလေး အနုပညာ အထက်တန်း ကျောင်းများသို့ ကျောင်းတက်ခွင့် လျှောက်ထားနိုင်ပြီ

aRT(ရန်ကုန်၊ ဧပြီ ၂၁ )

ရန်ကုန်နှင့် မန္တလေးအနုပညာ အထက်တန်းကျောင်း များတွင် (ပထမနှစ်) ပန်တျာ သင်တန်းနှင့် ပန်းချီပန်းပု သင်တန်းသို့ တက် ရောက် သင်ကြားလို သူများအတွက် ကျောင်းတက်ခွင့် လျှောက်ထား နိုင်ပြီဖြစ်သည်။

အဆိုပါ ကျောင်းတက်ရောက် လိုသူများ အနေဖြင့် အခြေခံပညာ အလယ်တန်း (သတ္တမတန်း) အောင်မြင်ပြီး သူများ လျှောက်ထား နိုင်ပြီး ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု ဘာသာရပ်များ အပြင် အဋ္ဌမတန်း၊ နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်း တို့အား ပူးတွဲသင်ကြားခွင့် ရရှိမည် ဖြစ်ကြောင်း ရန်ကုန် အနုပညာအ ထက်တန်းကျောင်းမှ လက် ထောက် ညွှန်ကြားရေးမှူး ဦးကျော် မင်းထွန်းက ပြောသည်။

”ဒီကျောင်းကနေ အောင် သွားတဲ့ ကျောင်းသားတွေ ဆိုရင် အနုပညာ တက္ကသိုလ် တက်မယ် ဆိုရင်လည်း ဝင်ခွင့်ဖြေရတာတွေ ဘာတွေ မရှိတော့ပါဘူး။ ကျွန် တော်တို့ ကျောင်းကို တက်လိုတဲ့ ကျောင်းသားတွေ အတွက် ကျောင်း သားဦးရေ ကိုတော့ ကန့်သတ် ထားတာ မရှိပါ ဘူး။ ကျောင်း တက်ခွင့်အတွက် လျှောက်လွှာ တွေလည်း ခေါ်နေပါပြီ” ဟု ၄င်းက ပြောသည်။

လျှောက်ထားလိုသူများ အ နေဖြင့် ဧပြီလ ၂၈ ရက် နောက် ဆုံးထားကာ အနုပညာ ဦးစီးဌာန နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့ရုံးများ၊ မြို့ နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံးများတွင် မေးမြန်း စုံစမ်း၍ လျှောက်ထားနိုင်မည် ဖြစ်သည်။
ကျောင်း တက်ရောက်ခွင့် နှင့် ပတ်သက်၍ အသေးစိတ် အချက် အလက်များ သိရှိလိုပါက အနု ပညာဦးစီး ဌာန စီမံရေးရာ ဌာနခွဲ ဖုန်း ဝ၆၇- ၄ဝ၈ဝ၃၇၊ အနုပညာ ဦးစီးဌာန လေ့ကျင့်ရေးနှင့် သုတေ သနဌာနခွဲ ဖုန်း ဝ၆၇ -၄ဝ၈၄၄၃၊ အနုပညာ အထက်တန်းကျောင်း (ရန်ကုန်) ဝ၁- ၅၅၅၆၄၂ နှင့် အနု ပညာ အထက်တန်းကျောင်း (မန္တလေး) ဖုန်း ဝ၂ -၆၁၁၆၉ သို့ ဆက်သွယ် မေးမြန်းနိုင် မည် ဖြစ်သည်။

အိမ်စည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*